တိုင်းအစိုးရရောင်းချသည့်မြေကွက် အချက်အလက်မှန်သည့် ဝယ်ယူခွင့်ရသူ ၆၄၀ ကျော်သာရှိ - Property News in Myanmar from iMyanmarHouse.com
2438 Views
တိုင်းအစိုးရရောင်းချသည့်မြေကွက် အချက်အလက်မှန်သည့် ဝယ်ယူခွင့်ရသူ ၆၄၀ ကျော်သာရှိ
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး  အစိုးရက ပထမအကြိမ်ရောင်းချသည့် မြေကွက်များတွင် လျှောက်ထားသူ ၁၂၀၀၀ ကျော်ရှိသော်လည်း အချက်အလက်ပြည့်စုံသူ ၆၄၀ ကျော်သာရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှုးဦးသန်းကပြောသည်။
" သတ်မှတ်အထောက်အထားတွေကို စီစစ်ပြီးရွေးချယ်တဲ့ အခါမှာ အချက်အလက်ပြည့်စုံသူ ၆၄၀ ပဲရှိတယ်။ အဲ့ဒီထဲက ဈေးအဆိုပြုမှုအနည်းဆုံးပေးတဲ့သူကို ဈေးပြန်လည်ညှိနှိုင်းတာတွေလုပ်ပြီး ဈေးအမြင့်ဆုံးပေးတဲ့သူနဲ့ အဆိုပြုမြေကွက်တွေကို ဝယ်ယူခွင့်ပေးခဲ့တာ" ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပထမအကြိမ်ရောင်းချသည့် မြေကွက်များ စီစစ်ရာတွင် ဝယ်ယူသူ အမည်နှင့် ပြန်တင်ပြသူအမည် တူခြင်းရှိမရှိ၊ လျှောက်လွှာတွင်ဖော်ပြချက် ပြည်စုံမှုရှိမရှိ၊ ဝယ်ယူသည့် တည်နေရာမပြည်စုံခြင်း၊ ကိုယ်ရေးအချက်အလက်မပြည့်စုံခြင်း ၊ အဆိုပြုဈေးနှုန်း ထည့်သွင်းရသည့် တည်နေရာတွင် မပါဝင်ခြင်း၊ ငွေကြေးအထောက်အထား တင်ပြမှုမရှိခြင်း၊ ချက်လက်မှတ် ကော်ပီကူးပေးပို့ခြင်း၊ စီပွားရေးလုပ်ငန်းတည်ဆောက်ရာတွင် အဆိုပြုချက်တွင် အချိန်ကာလနှင့် လုပ်ငန်းလုပ်မည့်အချိန်ကာလများမပါဝင်သည့် လျှောက်လွှာများကို ဖယ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါမြေကွက်များကို အောက်တိုဘာလ ၇ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်အထိ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပြီး လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service