ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုကိုခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
737 Views

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုကိုခွင့်ပြု

### Unicode Version ###

ယခုတစ်ပတ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။

ဒီလုပ်ငန်းတွေထဲမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနဲ့ ဟိုတယ်ကဏ္ဍလုပ်ငန်းတွေပါဝင်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်နဲ့ ကျပ်သန်းပေါင်း ၇၀၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်တဲ့ လုပ်ငန်း ၁၉ ခုက မတည်ငွေရင်း ကန်ဒေါ်လာသန်း ၃၀၀ ကျော်တိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း နိုင်ငံပေါင်း ၅၀ က စီးပွားရေးကဏ္ဍ ၁၂ ခုမှာ အများဆုံး ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေပြီး ဒီထဲမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ ကဏ္ဍက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၇ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍမှာ ၂၆ ရာခိုင်နှုန်းကျော်နဲ့ကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့ ၁၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စာရင်းတွေအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားတဲ့ နိုင်ငံတွေမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံက လုပ်ငန်းပေါင်း ၃၀၀ ကျော်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၂၂၀၀၀ ကျော်နဲ့ ပထမအဆင့်က ရပ်တည်နေပြီး တရုတ်နိုင်ငံကလုပ်ငန်းပေါင်း လေးရာကျော်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း နှစ်သောင်းကျော်နဲ့ ဒုတိယအဆင့်မှာရပ်တည်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ ကော်မရှင်အနေနဲ့ လျှပ်စစ်ကဏ္ဍနဲ့ ကုန်ထုတ်မှုကဏ္ဍလုပ်ငန်းတွေကို အများဆုံးခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းသစ္ ၁၂ ခုကိုခြင့္ျပဳ

ယခုတစ္ပတ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ ၁၂ ခုကို ခြင့္ျပဳေပးခဲ့တယ္လို႔ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကေန သိရပါတယ္။

ဒီလုပ္ငန္းေတြထဲမွာ ကုန္ထုတ္လုပ္မႈက႑၊ အျခားဝန္ေဆာင္မႈက႑နဲ႔ ဟိုတယ္က႑လုပ္ငန္းေတြပါဝင္ၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးကေတာ့ အေမရိကန္ေဒၚလာသန္း ၅၀၀ ေက်ာ္နဲ႔ က်ပ္သန္းေပါင္း ၇၀၀၀၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ လုပ္ငန္းေဆာင္႐ြက္ေနဆဲျဖစ္တဲ့ လုပ္ငန္း ၁၉ ခုက မတည္ေငြရင္း ကန္ေဒၚလာသန္း ၃၀၀ ေက်ာ္တိုးျမႇင့္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာလည္း ႏိုင္ငံေပါင္း ၅၀ က စီးပြားေရးက႑ ၁၂ ခုမွာ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္ေနၿပီး ဒီထဲမွာ ေရနံနဲ႔သဘာဝဓါတ္ေငြ႕ က႑က စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈရဲ႕ ၂၇ ရာခိုင္ႏႈန္း၊ လွ်ပ္စစ္က႑မွာ ၂၆ ရာခိုင္ႏႈန္းေက်ာ္နဲ႔ကုန္ထုတ္လုပ္မႈက႑မွာေတာ့ ၁၄ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

စာရင္းေတြအရ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ထားတဲ့ ႏိုင္ငံေတြမွာ စင္ကာပူ၊ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံတို႔ ျဖစ္တယ္လို႔ သိရပါတယ္။

စကၤာပူႏိုင္ငံက လုပ္ငန္းေပါင္း ၃၀၀ ေက်ာ္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ကန္ေဒၚလာသန္းေပါင္း ၂၂၀၀၀ ေက်ာ္နဲ႔ ပထမအဆင့္က ရပ္တည္ေနၿပီး တ႐ုတ္ႏိုင္ငံကလုပ္ငန္းေပါင္း ေလးရာေက်ာ္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ကန္ေဒၚလာသန္းေပါင္း ႏွစ္ေသာင္းေက်ာ္နဲ႔ ဒုတိယအဆင့္မွာရပ္တည္ေနတာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းကေတာ့ ေကာ္မရွင္အေနနဲ႔ လွ်ပ္စစ္က႑နဲ႔ ကုန္ထုတ္မႈက႑လုပ္ငန္းေတြကို အမ်ားဆုံးခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service