အိမ်ရာချေးငွေတစ်ဆင့်အာမခံ (Housing Insurance Package )ကို မြန်မာ့အာမခံလုပ်ငန်းမှရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1325 Views

အိမ်ရာချေးငွေတစ်ဆင့်အာမခံ (Housing Insurance Package )ကို မြန်မာ့အာမခံလုပ်ငန်းမှရောင်းချမည်

### Unicode Version ###

အိမ်ရာချေးငွေတစ်ဆင့်အာမခံ (Housing Insurance Package )ကို မြန်မာ့အာမခံလုပ်ငန်းမှရောင်းချမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနမှသိရသည်။

အိမ်ရာချေးငွေတစ်ဆင့်အာမခံ မိတ်ဆက်ခြင်းအခမ်းအနားကို ဖေဖေါ်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှသိရသည်။

မြန်မာ့အာမခံလုပ်ငန်းမှ ရောင်းချမည့် အိမ်ရာချေးငွေတစ်ဆင့်အာမခံ (Housing Insurance Package ) အမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက်အအုံ ပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူမိသားစုအပြင် ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိစေမည့် အာမခံအမျိုးအစားတစ်ခု ဖြစ်ကြောင်း သိရသည်။

အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အအုံဝယ်ယူပြီး အာမခံသက်တမ်းအတွင်း သေဆုံးခဲ့လျှင် သို့မဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ပေးရန်ကျန်ရှိသောအဆောက်အအုံတန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းမှ ပေးချေပေးမှာဖြစ်သည့်အတွက် ကျန်ရစ်သူမိသားစုအနေနှင့် ပေးရန်ကျန်ရှိသော ချေးငွေအတွက် စိတ်ပူစရာမလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသော အဆောက်အအုံကို ပိုင်ဆိုင်နိုင်မှာဖြစ် ကြောင်း၊အဆောက်အအုံတန်ဖိုးပေး ချေပြီးသည့် အချိန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေဖြင့်ဝယ်ယူထားသည့် အဆောက်အအုံသည် (မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင် လှုပ်ခြင်း၊ မုန်တိုင်းဒဏ်၊ ရေးကြီးခြင်း၊ ထိခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှု၊ ရေလှောင်ကန်၊ ရေပိုက်များ ရေလျှံပျက်စီးခြင်း၊ မီးကူးစက် လောင် ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း၊ မီးခိုးကြောင့်ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားသည့်မှန်များပြုတ်ကျပျက်စီးခြင်းစသည့် အကာအကွယ် (၁၄) မျိုးအား Housing Insurance Package အာမခံဝယ်ယူထားရုံဖြင့် ပရီမီယံကြေး ထပ်မံပေးသွင်းရန် မလိုဘဲ အကာအကွယ်ရရှိမည်ဖြစ်ကြောင်းသိရသည်။

ပရီမီယံပေးသွင်းရာတွင်လည်း အာမခံထားသူ စိတ်ကြိုက် Budget Premium (ပရီမီယံကို လစဉ်အရစ်ကျ ပေးသွင်းသည့်ပုံစံ) နှင့် Non-Budget Premium (ပရီမီယံကို တစ်နှစ်လျှင်တစ်ကြိမ်တည်း ပေးသွင်းခြင်းပုံစံ) တို့ကို ရွေးချယ်၍ ဝယ်ယူနိုင်သည့် အာမခံအမျိုးအစား ဖြစ်ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service