ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း (၁) မြေအသုံးပြုမှုကန့်ကွက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် စီမံကိန်း အကြုံးဝင်သည့် နောက်ဆုံးနေ့ (Cut Off Date) ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1436 Views

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း (၁) မြေအသုံးပြုမှုကန့်ကွက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် စီမံကိန်း အကြုံးဝင်သည့် နောက်ဆုံးနေ့ (Cut Off Date) ထုတ်ပြန်

### Unicode Version ###

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း (၁) မြေအသုံးပြုမှုကန့်ကွက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် စီမံကိန်း အကြုံးဝင်သည့် နောက်ဆုံးနေ့(Cut Off Date) ထုတ်ပြန်ထားကြောင်း ဇန်နဝါရီ ၃၁ ရက်က နိုင်ငံပိုင်သတင်းစာမှသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၇ နှင့် ၃၃၆ ပါ ပြဋ္ဌာန်းချက်များအရ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း (၁) Yangon Elevated Expressway (YEX) Phase 1 အတွက် စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း မြေအသုံးပြုမှုကန့် ကွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်လည်နေရာချထားရေး ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၁၀ ရက်အား အကြုံးဝင်သည့် နောက်ဆုံးရက်စွဲ Cut Off Date (COD) အဖြစ် ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန (MOC) နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရ (YRG) တို့သည် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁) Yangon Elevated Expressway (YEX) Phase 1 ကိုပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ တွင် စီမံကိန်းအတွက် ဘဏ္ဍာရေးအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC)က ဆောင် ရွက်လျက်ရှိပါသည်။

စီမံကိန်းအပိုင်း(၁)၏ အရှေ့ဘက်ခြမ်းဖြစ်သော မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါပုံတံတားအဆင်းမှစတင်ကာ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ဝေဇယန္တာလမ်း၊သုဓမ္မာလမ်းတစ်လျှောက် အမှတ်(၃) လမ်းမကြီး (ခရေပင်လမ်းဆုံ)အထိ အရှည်(၁၉) ကီလိုမီတာခန့်၊ အရှေ့အနောက်ခြမ်းအဖြစ် အမှတ်(၃) လမ်းမကြီး (ခရေပင်လမ်းဆုံ)မှ ခရေပင်လမ်းတစ်လျှောက် ဒညင်းကုန်းလမ်းဆုံအထိ အရှည်(၅.၅) ကီလိုမီတာနှင့် ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းအဖြစ် အသံလွှင့်ရုံလမ်းတစ်လျှောက် အရှည်(၂.၅) ကီလိုမီတာ စုစုပေါင်း လမ်းအရှည် (၂၇) ကီလိုမီတာခန့်နှင့်လမ်းနယ်မှာ (၃၀)မီတာခန့်ဖြစ်ပြီး လမ်း၏အလယ်မျဉ်းမှ တစ်ဖက်လျှင်(၁၅) မီတာခန့်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၊IFC နှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများမှချမှတ်ထားသော မူဝါဒစံနှုန်းများနှင့်အညီ ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၁၀ ရက်မှ မတ်လ ၁၀ ရက်အထိ ကာလသည် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို စစ်တမ်းကောက်ယူရန်လျာထားကာလဖြစ်၍ အကြုံးဝင်သည့်နောက်ဆုံးရက်စွဲနေ့ရက်သည် အထက်ဖော်ပြပါ မူဝါဒစံနှုန်းများနှင့်အညီ စစ်တမ်းကောက်ယူမည့် ပထမနေ့ရက်ကို သက်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရက် နောက်ပိုင်း စီမံကိန်းနယ်မြေအတွင်းတည်ရှိနေသော မြေနှင့်အဆောက်အအုံများကို ပြုပြင်တည် ဆောက်ခြင်း၊တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အအုံအသစ်တည်ဆောက်ခြင်း၊တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ရောင်းချခြင်းများအတွက် မြေယာလျော်ကြေး နှင့်ပြန်လည်နေရာချထားရေး ကရုဏာကြေး ပံ့ပိုးမည့်အစီအစဉ်များ ရရှိခံစားနိုင်မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္းအပိုင္း (၁) ေျမအသုံးျပဳမႈကန္႔ကြက္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ စီမံကိန္း အႀကဳံးဝင္သည့္ ေနာက္ဆုံးေန႔ (Cut Off Date) ထုတ္ျပန္

 

ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္းအပိုင္း (၁) ေျမအသုံးျပဳမႈကန္႔ကြက္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ စီမံကိန္းအႀကဳံးဝင္သည့္ ေနာက္ဆုံးေန႔ (Cut Off Date) ထုတ္ျပန္ထားေၾကာင္း ဇန္နဝါရီ ၃၁ ရက္က ႏိုင္ငံပိုင္သတင္းစာမွသိရသည္။

ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ၆၇ ႏွင့္ ၃၃၆ ပါ ျပ႒ာန္းခ်က္မ်ားအရ ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္းအပိုင္း (၁) Yangon Elevated Expressway (YEX) Phase 1 အတြက္ စီမံကိန္းေဆာင္ရြက္ရာတြင္ စီမံကိန္းဧရိယာအတြင္း ေျမအသုံးျပဳမႈကန္႔ ကြက္ျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနျဖင့္ ျပန္လည္ေနရာခ်ထားေရးပံ႔ပိုးမႈမ်ား ေဆာင္ရြက္ႏိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖၚဝါရီ ၁၀ ရက္အား အႀကံဳးဝင္သည့္ ေနာက္ဆုံးရက္စြဲ Cut Off Date (COD) အျဖစ္ ထုတ္ျပန္ေၾကညာျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန (MOC) ႏွင့္ရန္ကုန္တိုင္းေဒသႀကီးအစိုးရ (YRG) တို႔သည္ ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္းအပိုင္း(၁) Yangon Elevated Expressway (YEX) Phase 1 ကိုပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိသည္။ ထိုသို႔ေဆာင္ရြက္ရာ တြင္ စီမံကိန္းအတြက္ ဘ႑ာေရးအႀကံေပးအျဖစ္ ကမၻာ့ဘဏ္၏အဖြဲ႔ဝင္ျဖစ္ေသာ International Finance Corporation (IFC)က ေဆာင္ ရြက္လ်က္ရွိပါသည္။

စီမံကိန္းအပိုင္း(၁)၏ အေရွ႔ဘက္ျခမ္းျဖစ္ေသာ မဂၤလာေတာင္ညႊန္႔ၿမိဳ့နယ္ ေဒါပုံတံတားအဆင္းမွစတင္ကာ အထက္ပုဇြန္ေတာင္လမ္း၊ သံသုမာလမ္း၊ေဝဇယႏၱာလမ္း၊သုဓမၼာလမ္းတစ္ေလွ်ာက္ အမွတ္(၃) လမ္းမႀကီး (ခေရပင္လမ္းဆုံ)အထိ အရွည္(၁၉) ကီလိုမီတာခန္႔၊ အေရွ႔အေနာက္ျခမ္းအျဖစ္ အမွတ္(၃) လမ္းမႀကီး (ခေရပင္လမ္းဆုံ)မွ ခေရပင္လမ္းတစ္ေလွ်ာက္ ဒညင္းကုန္းလမ္းဆုံအထိ အရွည္(၅.၅) ကီလိုမီတာႏွင့္ ရန္ကုန္ျပည္္ျပည္ဆိုင္ရာ ေလဆိပ္အဝင္လမ္းအျဖစ္ အသံလႊင့္ရုံလမ္းတစ္ေလွ်ာက္ အရွည္(၂.၅) ကီလိုမီတာ စုစုေပါင္း လမ္းအရွည္ (၂၇) ကီလိုမီတာခန္႔ႏွင့္လမ္းနယ္မွာ (၃၀)မီတာခန္႔ျဖစ္ၿပီး လမ္း၏အလယ္မ်ဥ္းမွ တစ္ဖက္လွ်င္(၁၅) မီတာခန္႔ျဖစ္ေၾကာင္း သိရသည္။

ကမၻာ့ဘဏ္၊IFC ႏွင့္ ႏိုင္ငံတကာေငြေၾကး အဖြဲ႔အစည္းမ်ားမွခ်မွတ္ထားေသာ မူဝါဒစံႏႈန္းမ်ားႏွင့္အညီ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖၚဝါရီ ၁၀ ရက္မွ မတ္လ ၁၀ ရက္အထိ ကာလသည္ စီမံကိန္းသက္ေရာက္မည့္ ဧရိယာတစ္ခုလုံးကို စစ္တမ္းေကာက္ယူရန္လ်ာထားကာလျဖစ္၍ အႀကဳံးဝင္သည့္ေနာက္ဆုံးရက္စြဲေန႔ရက္သည္ အထက္ေဖာ္ျပပါ မူဝါဒစံႏႈန္းမ်ားႏွင့္အညီ စစ္တမ္းေကာက္ယူမည့္ ပထမေန႔ရက္ကို သက္မွတ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါရက္ ေနာက္ပိုင္း စီမံကိန္းနယ္ေျမအတြင္းတည္ရွိေနေသာ ေျမႏွင့္အေဆာက္အအုံမ်ားကို ျပဳျပင္တည္ ေဆာက္ျခင္း၊တိုးခ်ဲ့တည္ေဆာက္ျခင္း၊ အေဆာက္အအုံအသစ္တည္ေဆာက္ျခင္း၊တစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္း၊ေရာင္းခ်ျခင္းမ်ားအတြက္ ေျမယာေလ်ာ္ေၾကး ႏွင့္ျပန္လည္ေနရာခ်ထားေရး ကရုဏာေၾကး ပံ႔ပိုးမည့္အစီအစဥ္မ်ား ရရွိခံစားႏိုင္မည္မဟုတ္ေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီက အသိေပးေၾကညာထားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service