ဒဂံုျမိဳ႕သစ္အေရွ႕ပိုင္းနွင့္ ေတာင္ပိုင္းျမိဳ႕နယ္မ်ားတြင္ ေဒၚလာ ၁ ဘီလီယံေက်ာ္ရင္းနွီးျမွဳပ္နွံမည့္ Smart and Eco City စီမံကိန္းတည္ေထာင္မည္ - Property News in Myanmar from iMyanmarHouse.com
7204 Views

ဒဂံုျမိဳ႕သစ္အေရွ႕ပိုင္းနွင့္ ေတာင္ပိုင္းျမိဳ႕နယ္မ်ားတြင္ ေဒၚလာ ၁ ဘီလီယံေက်ာ္ရင္းနွီးျမွဳပ္နွံမည့္ Smart and Eco City စီမံကိန္းတည္ေထာင္မည္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး ဒဂံုျမိဳ႕သစ္အေရွ႕ပိုင္းျမိဳ႕နယ္နွင့္ ေတာင္ပိုင္းျမိဳ႕နယ္မ်ားတြင္ အေမရိကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ ရင္းနွီးျမွဳပ္နွံမည့္ Smart and Eco City စီမံကိန္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ဦးဟန္ေဇာ္ကေျပာၾကားသည္။

" ဒီစီမံကိန္းစတင္နိုင္ရင္ နိုင္ငံေတာ္အတြက္ အခြန္ေတြရမယ္၊ စက္မွဳဇုန္အတြင္းမွာ နိုင္ငံျခားရင္းနွီးျမွဳပ္နွံမွဳေတြ၀င္လာတဲ့အတြက္ စက္မွဳက႑၊ ပုိ႔ကုန္က႑၊ လူ့စြမ္းအားအရင္းအျမစ္ေတြမွာ ပုိျပီးတိုးတက္လာမယ္" ဟု ၀န္ႀကီးကဆက္လက္ေျပာၾကားသည္။

အဆိုပါစီမံကိန္းကို ဒဂံုအေရွ႕ပိုင္းျမိဳ႕နယ္နွင့္ ဒဂံုေတာင္ပုိင္းျမိဳ႕နယ္ရွိ ေလးေထာင့္ကန္ေက်းရြာအနီး ေျမ ဧက ၂၀၀၀ ေက်ာ္ေပၚတြင္ လုပ္ငန္းတည္ေဆာက္မည္ျဖစ္သည့္အတြက္ အလုပ္အကိုင္ေပါင္း ၃၃၀၀၀ ေက်ာ္ရရွိနိုင္မည္ျဖစ္သည္။

စီမံကိန္းကို ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ့ၿဖိဳးေရးဦးစီးဌာန မွ ၂၀ ရာခိုင္ႏႈန္းႏွင့္ Amata Asia (Myanmar) Limited မွ ၈၀ ရာခိုင္ႏႈန္း အစုရွယ္ျဖင့္ ႏွစ္ဦးသေဘာတူဖက္စပ္လုပ္ငန္းသေဘာတူစာခ်ဳပ္ ေရးထိုးခဲ့ျခင္းျဖစ္သည္။

Yangon AMATA Smart and Eco City Limited တို႔ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒအရ ႏွစ္ ၅၀ ႏွင့္ ေနာက္ထပ္ ၁၀ ႏွစ္ ႏွစ္ႀကိမ္သက္တမ္းတိုးနိုင္သည့္ ေျမငွားစာခ်ဳပ္ကိုလည္း ဆက္လက္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။

ယင္းစီမံကိန္းသည္ သဘာဝႏွင့္ သဟဇာတျဖစ္ေသာပတ္ဝန္းက်င္ ၊ အလုပ္ကိုင္အခြင့္အလမ္းမ်ား၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ကုန္သြယ္ေရးႏွင့္ အပန္းေၿဖ ေနရာအားလုံးကို တစ္ေနရာထဲတြင္ ရေအာင္ဖန္တီးေပးထားေသာ Yangon AMATA Smart and Eco City အျဖစ္ တည္ေထာင္သြားမည္ျဖစ္သည္။

ျမန္မာနိုင္ငံသည္ Yangon Amata Smart and Eco City အတြင္းတည္ေဆာက္မည့္ ကုန္ထုတ္လုပ္မည့္ စက္႐ုံမ်ားမွရရွိေသာ နိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၃ ဒသမ ၇၅ ဘီလီယံ ဝင္ေငြကိုရရွိရန္ ေမၽွာ္မွန္းထားနိုင္ေၾကာင္း ယင္း၀န္ႀကီးဌာနမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် တောင်ပိုင်းမြို့နယ်များတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် Smart and Eco City စီမံကိန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောကြားသည်။

" ဒီစီမံကိန်းစတင်နိုင်ရင် နိုင်ငံတော်အတွက် အခွန်တွေရမယ်၊ စက်မှုဇုန်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အတွက် စက်မှုကဏ္ဍ၊ ပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ပိုပြီးတိုးတက်လာမယ်" ဟု ဝန်ကြီးကဆက်လက်ပြောကြားသည်။

အဆိုပါစီမံကိန်းကို ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်ကျေးရွာအနီး မြေ ဧက ၂၀၀၀ ကျော်ပေါ်တွင် လုပ်ငန်းတည်ဆောက်မည်ဖြစ်သည့်အတွက် အလုပ်အကိုင်ပေါင်း ၃၃၀၀၀ ကျော်ရရှိနိုင်မည်ဖြစ်သည်။

စီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ၂၀ရာခိုင်နှုန်းနှင့် Amata Asia (Myanmar) Limited မှ ၈၀ ရာခိုင်နှုန်း အစုရှယ်ဖြင့် နှစ်ဦးသဘောတူဖက်စပ်လုပ်ငန်းသဘောတူစာချုပ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

Yangon AMATA Smart and Eco City Limited တို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ၅၀ နှင့် နောက်ထပ် ၁၀ နှစ် နှစ်ကြိမ်သက်တမ်းတိုးနိုင်သည့် မြေငှားစာချုပ်ကိုလည်း ဆက်လက်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းသည် သဘာဝနှင့် သဟဇာတဖြစ်သောပတ်ဝန်းကျင် ၊ အလုပ်ကိုင်အခွင့်အလမ်းများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်သွယ်ရေးနှင့် အပန်းဖြေ နေရာအားလုံးကို တစ်နေရာထဲတွင် ရအောင်ဖန်တီးပေးထားသော Yangon AMATA Smart and Eco City အဖြစ် တည်ထောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် Yangon Amata Smart and Eco City အတွင်းတည်ဆောက်မည့် ကုန်ထုတ်လုပ်မည့် စက်ရုံများမှရရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံ ဝင်ငွေကိုရရှိရန် မျှော်မှန်းထားနိုင်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service