ေဒၚလာ သန္း ၄၈၀ တန္ ကုန္က်ခံေဆာင္႐ြက္ေနသည့္ ဆိပ္ကမ္းႏွစ္ခု မၾကာခင္စတင္ေတာ့မည့္ဟု အိႏၵိယသံ႐ုံးထုတ္ျပန္ - Property News in Myanmar from iMyanmarHouse.com
751 Views

ေဒၚလာ သန္း ၄၈၀ တန္ ကုန္က်ခံေဆာင္႐ြက္ေနသည့္ ဆိပ္ကမ္းႏွစ္ခု မၾကာခင္စတင္ေတာ့မည့္ဟု အိႏၵိယသံ႐ုံးထုတ္ျပန္

### Zawgyi Version ###

အိႏၵိယႏိုင္ငံက ေဒၚလာသန္း ၄၈၀ေက်ာ္ ကုန္က်ခံေဆာင္႐ြက္ေနသည့္ စစ္ေတြ ဆိပ္ကမ္းႏွင့္ပလက္ဝဆိပ္ကမ္းတို႔ မၾကာခင္စတင္လည္ပတ္မည္ ဟု ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက သတင္းထုတ္ျပန္သည္။

အဆိုပါဆိပ္ကမ္းမ်ားသည္ ရခိုင္ျပည္နယ္   စစ္ေတြၿမိဳ႕ ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ တို႔တြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ဆိပ္ကမ္းမ်ား လုပ္ငန္းလည္ပတ္ျခင္း ႏွင့္ စီမံထိန္းသိမ္းျခင္းအတြက္ ကုမၸဏီမ်ားကို ေ႐ြးခ်ယ္ထားၿပီး ျဖစ္သည္ဟု သံ႐ုံးက ထုတ္ျပန္ထားသည္။

အိႏၵိယႏိုင္ငံ အစိုးရသည္ ကုလားတန္ဘက္စုံသုံးျဖတ္သန္း သယ္ယူပို႔ေဆာင္ေရးစီမံကိန္း၏ အစိတ္အပိုင္းမ်ားျဖစ္ေသာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ႏွင့္ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕တို႔တြင္ စစ္ေတြဆိပ္ကမ္းႏွင့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဆိပ္ကမ္း တို႔ကို တည္ေဆာက္ၿပီးစီးၿပီျဖစ္သည္။

ထိုစစ္ေတြဆိပ္ကမ္းႏွင့္ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရးဆိပ္ကမ္းတို႔အတြက္ ေအာ္ ပေရတာႏွင့္ စီမံထိန္းသိမ္းေရး ေဆာင္႐ြက္မည့္သူမ်ားကို ေ႐ြးခ်ယ္ထားၿပီးျဖစ္ကာဆိပ္ကမ္းသည္ မၾကာမီစတင္လည္ပတ္ေဆာင္႐ြက္မည္ျဖစ္သည္။

ထို႔အျပင္ ကုလားတန္ ဘက္စုံသုံးစီမံကိန္း၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္သည့္ ပလက္ ဝမွ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ဇိုရင္ပူသို႔ ဆက္သြယ္မည့္လမ္းကိုလည္း ေဖာက္လုပ္ေနသည္ဟု ဆိုသည္။

ထိုလမ္းၿပီးဆုံးပါက ျမန္မာႏိုင္ငံ စစ္ေတြဆိပ္ကမ္းမွ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႔ တိုက္႐ိုက္ဆက္သြယ္သြားလာႏိုင္မည္ဟု သံ႐ုံးကထုတ္ျပန္သည္။

ထိုလမ္းေဖာက္လုပ္မႈ ေဆာလ်င္ စြာၿပီးစီးရန္ ေမွ်ာ္လင့္ၿပီး ျမန္မာအစိုးရဌာနဆိုင္ရာမ်ားက ပူးေပါင္းေဆာင္႐ြက္ရန္ ယုံၾကည္သည္ဟု ဆိုထားသည္။

ထိုစီမံကိန္းသည္ ေဒၚလာ သန္း ၄၈၀ ေက်ာ္ျဖစ္ၿပီး အိႏၵိယႏိုင္ငံ၏ ျပင္ပႏိုင္ငံမ်ားအေပၚ ပမာဏအမ်ားဆုံးထုတ္သုံးသည့္ စီမံကိန္းတစ္ခုျဖစ္သည္ဟု အိႏၵိယသံ႐ုံးက ဆိုသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အိန္ဒိယနိုင်ငံက ဒေါ်လာသန်း ၄၈၀ကျော် ကုန်ကျခံဆောင်ရွက်နေသည့် စစ်တွေ ဆိပ်ကမ်းနှင့်ပလက်ဝဆိပ်ကမ်းတို့ မကြာခင်စတင်လည်ပတ်မည် ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါဆိပ်ကမ်းများသည် ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဆိပ်ကမ်းများ လုပ်ငန်းလည်ပတ်ခြင်း နှင့် စီမံထိန်းသိမ်းခြင်းအတွက် ကုမ္ပဏီများကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု သံရုံးက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ အစိုးရသည် ကုလားတန်ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းများဖြစ်သော ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် စစ်တွေဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်း တို့ကို တည်ဆောက်ပြီးစီးပြီဖြစ်သည်။

ထိုစစ်တွေဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဆိပ်ကမ်းတို့အတွက် အော် ပရေတာနှင့် စီမံထိန်းသိမ်းရေး ဆောင်ရွက်မည့်သူများကို ရွေးချယ်ထားပြီးဖြစ်ကာဆိပ်ကမ်းသည် မကြာမီစတင်လည်ပတ်ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် ကုလားတန် ဘက်စုံသုံးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ပလက် ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုရင်ပူသို့ ဆက်သွယ်မည့်လမ်းကိုလည်း ဖောက်လုပ်နေသည်ဟု ဆိုသည်။

ထိုလမ်းပြီးဆုံးပါက မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိုက်ရိုက်ဆက်သွယ်သွားလာနိုင်မည်ဟု သံရုံးကထုတ်ပြန်သည်။

ထိုလမ်းဖောက်လုပ်မှု ဆောလျင် စွာပြီးစီးရန် မျှော်လင့်ပြီး မြန်မာအစိုးရဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်သည်ဟု ဆိုထားသည်။

ထိုစီမံကိန်းသည် ဒေါ်လာ သန်း ၄၈၀ ကျော်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပြင်ပနိုင်ငံများအပေါ် ပမာဏအများဆုံးထုတ်သုံးသည့် စီမံကိန်းတစ်ခုဖြစ်သည်ဟု အိန္ဒိယသံရုံးက ဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service