အိမ္ေၿခ ၅၀ ေက်ာ္ခန႔္ ေနရာမဲ့ျဖစ္ေနေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ - Property News in Myanmar from iMyanmarHouse.com
657 Views

အိမ္ေၿခ ၅၀ ေက်ာ္ခန႔္ ေနရာမဲ့ျဖစ္ေနေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပဥၥမေန႔၌ ထန္းတပင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးေမာ္က ထန္းတပင္ၿမိဳ႕နယ္ သေဘာ့ေခ်ာင္း ေက်းရြာအုပ္စု ေရေသာင္ေတာေက်းရြာသည္ ေဘာလည္ကၽြန္းလိႈင္ျမစ္ကမ္းေဘးမွ ရြာျဖစ္ၿပီး ေရတိုက္စားကမ္းၿပိဳမႈေၾကာင့္ အိမ္ေၿခ ၅၀ ေက်ာ္ခန႔္ ေနရာမဲ့ျဖစ္ေနေသာေၾကာင့္ ဆက္စပ္လ်က္ရွိေသာ ေျမလြတ္ေျမရိုင္း ၈၃ ဧကသို႔ ဥပေဒႏွင့္အညီ ေျပာင္းေရႊ႕ေပးရန္ အစီအစဥ္ ရွိ၊ မရွိ သိရွိ ေမးထားသည္။

အဆိုပါေမးခြန္းအား ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက ေရေသာင္ေတာေက်း ရြာႏွင့္ ဆက္စပ္လ်က္ရွိေသာ ေၿမ ၈၃ ဧကသည္ ထန္းတပင္ၿမိဳ႕နယ္ သေဘာ့ ေခ်ာင္းေက်းရြာအုပ္စု ကြင္းအမွတ္ (၂၁၆)၊ ေရေသာင္ ေတာ ကြင္းအတြင္းရွိ ရန္ကုန္တိုင္းေအးခ်မ္းသာယာေရးႏွင့္ ဖြံ့ၿဖိဳးေရးေကာင္စီ၏ ၂၀၀၃ ခုႏွစ္ ဩဂုတ္ ၂၈ ရက္ ရက္စြဲပါ စာအမွတ္ျဖင့္ ငါးကန္ေျမအျဖစ္ အသုံးျပဳရန္ လုပ္ငန္းရွင္ တစ္ဦးအမည္ျဖင့္ လယ္ယာေျမအျခားနည္းအသုံးျပဳခြင့္ လန-၃၉ ခြင့္ျပဳမိန႔္ရရွိထားေသာ ေျမျဖစ္၍ ေျမလြတ္ေျမရိုင္းမဟုတ္ေၾကာင္း၊ အဆိုပါေျမသည္ ယခင္က စားက်က္ေၿမအမ်ိဳးအစားျဖစ္ၿပီး တိုင္းေဒသႀကီးအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ၂၀၀၂ ခုႏွစ္ ဩဂုတ္ ၁၉ ရက္ ရက္စြဲပါ စာအမွတ္ ျဖင့္ စားက်က္ေျမအျဖစ္မွ ပယ္ဖ်က္ထားေသာ ေျမျဖစ္ေၾကာင္း၊ သို႔ျဖစ္ပါ၍ ေရတိုက္စားကမ္းပါးၿပိဳမႈေၾကာင့္ေနရာမဲ့ျဖစ္ေနေသာ အိမ္ေၿခ ၅၀ ေက်ာ္ကို ယင္းေျမေနရာအတြင္း ဥပေဒႏွင့္အညီ ေျပာင္းေရႊ႕ေပးရန္ မျဖစ္နိုင္ေၾကာင္းျပန္လည္ ေျဖၾကားထားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့၌ ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က ထန်းတပင်မြို့နယ် သဘော့ချောင်း ကျေးရွာအုပ်စု ရေသောင်တောကျေးရွာသည် ဘောလည်ကျွန်းလှိုင်မြစ်ကမ်းဘေးမှ ရွာဖြစ်ပြီး ရေတိုက်စားကမ်းပြိုမှုကြောင့် အိမ်ခြေ ၅၀ ကျော်ခန့် နေရာမဲ့ဖြစ်နေသောကြောင့် ဆက်စပ်လျက်ရှိသော မြေလွတ်မြေရိုင်း ၈၃ ဧကသို့ ဥပဒေနှင့်အညီ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိ မေးထားသည်။

အဆိုပါမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရေသောင်တောကျေး ရွာနှင့် ဆက်စပ်လျက်ရှိသော မြေ ၈၃ ဧကသည် ထန်းတပင်မြို့နယ် သဘော့ ချောင်းကျေးရွာအုပ်စု ကွင်းအမှတ် (၂၁၆)၊ ရေသောင် တော ကွင်းအတွင်းရှိ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၃ ခုနှစ် ဩဂုတ် ၂၈ ရက် ရက်စွဲပါ စာအမှတ်ဖြင့် ငါးကန်မြေအဖြစ် အသုံးပြုရန် လုပ်ငန်းရှင် တစ်ဦးအမည်ဖြင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လန-၃၉ ခွင့်ပြုမိန့်ရရှိထားသော မြေဖြစ်၍ မြေလွတ်မြေရိုင်းမဟုတ်ကြောင်း၊ အဆိုပါမြေသည် ယခင်က စားကျက်မြေအမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၀၂ ခုနှစ် ဩဂုတ် ၁၉ ရက် ရက်စွဲပါ စာအမှတ် ဖြင့် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ထားသော မြေဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရေတိုက်စားကမ်းပါးပြိုမှုကြောင့်နေရာမဲ့ ဖြစ်နေသော အိမ်ခြေ ၅၀ ကျော်ကို ယင်းမြေနေရာအတွင်း ဥပဒေနှင့်အညီ ပြောင်းရွှေ့ပေးရန် မဖြစ်နိုင်ကြောင်းပြန်လည် ဖြေကြားထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service