စပါးခြံႏွင့္ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္႐ုံမ်ားအပါအဝင္ ဓာတ္အားစက္႐ုံမ်ားတည္ေဆာက္ရန္ ကုမၸဏီမ်ားအဆိုျပဳ - Property News in Myanmar from iMyanmarHouse.com
1013 Views

စပါးခြံႏွင့္ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္႐ုံမ်ားအပါအဝင္ ဓာတ္အားစက္႐ုံမ်ားတည္ေဆာက္ရန္ ကုမၸဏီမ်ားအဆိုျပဳ

### Zawgyi Version ###

ဧဒင္ကုမၸဏီအုပ္စုအပါအဝင္ ကုမၸဏီ ၅ ခုက ခ်င္းျပည္နယ္၊ ရန္ကုန္၊ ဧရာဝတီႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ဓာတ္အားထုတ္လုပ္ေရးစက္႐ုံမ်ားတည္ေဆာက္ရန္ လာေရာက္ေဆြးေႏြးသည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

လာေရာက္ေဆြးေႏြးသည့္ ကုမၸဏီမ်ားသည္ သဘာဝဓာတ္ေငြ႕၊ သဘာဝဓာတ္ေငြ႕ရည္(LNG)၊ ေရအား၊ေနေရာင္ျခည္သုံးလွ်ပ္စစ္ႏွင့္ စပါးခြံသုံး ဓာတ္အားေပးစက္႐ုံမ်ားတည္ေဆာက္ရန္ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ထိုစီမံကိန္းမ်ားသည္ ကုမၸဏီမ်ားဘက္မွလာေရာက္တင္ျပသည့္ အဆိုျပဳလႊာမ်ားသာျဖစ္ၿပီး ဝန္ႀကီးဌာနကတရားဝင္ခြင့္ျပဳျခင္းမရွိေသးဟု ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ဧဒင္ကုမၸဏီဘက္က တင္ျပသည့္ ဓာတ္အားထုတ္လုပ္ေရးစက္႐ုံမ်ားသည္ ရန္ကုန္တိုင္းရွိစက္မႈဇုန္ LNG (သဘာဝဓာတ္ေငြ႕သုံး) စီမံကိန္းဆိုင္ရာမ်ား၊ ဧရာဝတီတိုင္း ေျမာင္းျမတြင္ ၁ ဒသမ ၈ မဂၢါဝပ္ထုတ္လုပ္မည့္ စပါးခြံဓာတ္အားထုတ္လုပ္ေရး စီမံကိန္းႏွင့္ မႏၲေလးတိုင္းရွိ ေနေရာင္ျခည္သုံးဓာတ္အားထုတ္လုပ္မည့္ စီမံကိန္းတို႔ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ခ်င္းျပည္နယ္တြင္ ေရအားလွ်ပ္စစ္စီမံကိန္းအေကာင္အထည္ေဖာ္ရန္ KL Amazing Power ကို ေတြ႕ဆုံၿပီး စီမံကိန္းအႀကိဳျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာမႈ ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထပ္မံ၍ ကိုရီးယား Korea Western Power ကုမၸဏီက သာေကတတြင္ သဘာဝဓာတ္ ေငြ႕သုံးဓာတ္အားေပးစက္႐ုံစီမံကိန္းကို ဆက္လက္ေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးခဲ့သည္ဟု ဆိုသည္။ ထိုစီမံကိန္းႏွင့္ပတ္သက္ၿပီး ကိုရီးယားကုမၸဏီဘက္က ကုမၸဏီအစုအဖြဲ႕ ေဆာင္႐ြက္ထားမႈ ႏွင့္ အစိုးရမွ သဘာဝဓာတ္ေငြ႕ထုတ္ေပးႏိုင္မႈ အေျခအေနေဆြးေႏြးခဲ့သည္ဟု ဆိုသည္။

 

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဧဒင်ကုမ္ပဏီအုပ်စုအပါအဝင် ကုမ္ပဏီ ၅ ခုက ချင်းပြည်နယ်၊ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဓာတ်အားထုတ်လုပ်ရေးစက်ရုံများတည်ဆောက်ရန် လာရောက်ဆွေးနွေးသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လာရောက်ဆွေးနွေးသည့် ကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့၊ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေအား၊နေရောင်ခြည်သုံးလျှပ်စစ်နှင့် စပါးခွံသုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ထိုစီမံကိန်းများသည် ကုမ္ပဏီများဘက်မှလာရောက်တင်ပြသည့် အဆိုပြုလွှာများသာဖြစ်ပြီး ဝန်ကြီးဌာနကတရားဝင်ခွင့်ပြုခြင်းမရှိသေးဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဧဒင် ဧဒင်ကုမ္ပဏီဘက်က တင်ပြသည့် ဓာတ်အားထုတ်လုပ်ရေးစက်ရုံများသည် ရန်ကုန်တိုင်းရှိစက်မှုဇုန် LNG (သဘာဝဓာတ်ငွေ့သုံး) စီမံကိန်းဆိုင်ရာများ၊ ဧရာဝတီတိုင်း မြောင်းမြတွင် ၁ ဒသမ ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် စပါးခွံဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့် မန္တလေးတိုင်းရှိ နေရောင်ခြည်သုံးဓာတ်အားထုတ်လုပ်မည့် စီမံကိန်းတို့ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် KL Amazing Power ကို တွေ့ဆုံပြီး စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထပ်မံ၍ ကိုရီးယား Korea Western Power ကုမ္ပဏီက သာကေတတွင် သဘာဝဓာတ် ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ကိုရီးယားကုမ္ပဏီဘက်က ကုမ္ပဏီအစုအဖွဲ့ ဆောင်ရွက်ထားမှု နှင့် အစိုးရမှ သဘာဝဓာတ်ငွေ့ ထုတ်ပေးနိုင်မှု အခြေအနေဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service