အရႈံးေပၚ၍ ရပ္ဆိုင္းထားသည့္ ျမင္းၿခံသံမဏီစက္႐ုံကို ပူးေပါင္းေဆာင္႐ြက္ရန္ ပုဂၢလိကကုမၸဏီမ်ားကို အစိုးရဖိတ္ေခၚ - Property News in Myanmar from iMyanmarHouse.com
887 Views

အရႈံးေပၚ၍ ရပ္ဆိုင္းထားသည့္ ျမင္းၿခံသံမဏီစက္႐ုံကို ပူးေပါင္းေဆာင္႐ြက္ရန္ ပုဂၢလိကကုမၸဏီမ်ားကို အစိုးရဖိတ္ေခၚ

### Zawgyi Version ###

ေျမဧက ၆၀၀ ခန႔္ က်ယ္ဝန္းသည္ သံမဏီစက္႐ုံ(ျမင္းၿခံ)ကို ပုဂၢလိကကုမၼဏီမ်ား အက်ိဳးတူပူးေပါင္းႏိုင္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာနက ဇန္နဝါ ရီ ၁၆ ရက္တြင္ စတင္ဖိတ္ေခၚခဲ့သည္။

အဆိုပါ စက္႐ုံသည္ မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္ ဆားခါးေက်း႐ြာအနီး ေျမဧက ၆၀၀ ခန႔္တြင္ တည္ရွိၿပီး တစ္ႏွစ္လွ်င္တန္ခ်ိန္ ၁ ဒသမ ၈ သန္း ထုတ္လုပ္ႏိုင္သည့္ စြမ္းအားရွိသည္ဟု ဝန္ႀကီးဌာနကဆိုသည္။

အစိုးရအေနျဖင့္ အမွတ္(၁) သံမဏိစက္႐ုံ(ျမင္းၿခံ) ကို သတ္မွတ္ထားေသာထုတ္ကုန္လိုင္းအခ်ိဳ႕ကို ေရာင္းခ်ျခင္း၊ ငွားရမ္းျခင္း အပါအဝင္ပူးေပါင္းေဆာင္႐ြက္မည့္ အဆိုျပဳလႊာမ်ားကို လက္ခံစဥ္းစားရန္ဆႏၵရွိသည္ဟု ထုတ္ျပန္သည္။

ထိုစက္႐ုံအတြက္ စိတ္ဝင္စားသည့္ ကုမၸဏီမ်ားသည္ သံမဏိစက္႐ုံလုပ္ငန္းလည္ပတ္ျခင္းႏွင့္ ေကာ္မရွင္ေဆာင္႐ြက္ႏိုင္သည့္ အေတြ႕ အႀကဳံရွိရမည္ဟုဆိုသည္။ ထိုကုမၸဏီမ်ား၏ စိတ္ဝင္စားမႈေဖာ္ျပလႊာ (EOI) တင္ျပမႈကို စီမံကိန္းအဆိုျပဳလႊာ ေတာင္းခံမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။စီမံကိန္းအဆိုျပဳရန္ စက္႐ုံ ႏွင့္ပိုင္ဆိုင္မႈကို အေသးစိတ္အခ်က္အလက္မ်ား ေပးမည္ဟု ဝန္ႀကီးဌာနက ေၾကညာထားသည္။

ျမင္းၿခံသံမဏိစက္႐ုံသည္ ဒီခ်ဳပ္အစိုးရလက္ထက္တြင္ အရႈံးေပၚေန၍ ျပည္ေထာင္စုလႊတ္ေတာ္၏ ဆုံးျဖတ္ခ်က္ျဖင့္ရပ္ဆိုင္းခဲ့ေသာ စီမံကိန္း ၂၄ ခုအနက္ တစ္ခုျဖစ္သည္။

ထိုသံမဏိစက္႐ုံ စီမံကိန္းကို တပ္မေတာ္ပိုင္ ျမန္မာ့စီးပြား ေရးေကာ္ပိုေရးရွင္း (MEC) ႏွင့္ အီတလီကုမၸဏီ Danienli တို႔ ၂၀၀၄ ႏိုဝင္ဘာတြင္ စတင္ေဆာင္႐ြက္ခဲ့သည္။ ၂၀၁၂ ႏိုဝင္ဘာတြင္ စက္မႈဝန္ႀကီးဌာန အမွတ္(၁)အႀကီးစားစက္မႈလုပ္ငန္းက လႊဲေျပာင္းရယူခဲ့သည္။

ထိုစက္႐ုံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားမႈ က်ပ္ဘီလီယံ ၅၅၀ ေက်ာ္ရွိသည္ဟု ယခင္ စက္မႈဝန္ႀကီးေဟာင္း ဦးခင္ေမာင္ခ်ိဳက ၂၀၁၈ မတ္လတြင္ လႊတ္ေတာ္၌ ေျပာၾကားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြေဧက ၆၀၀ခန့် ကျယ်ဝန်းသည် သံမဏီစက်ရုံ(မြင်းခြံ)ကို ပုဂ္ဂလိက ကုမ္မဏီများ အကျိုးတူပူးပေါင်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါ ရီ ၁၆ ရက်တွင် စတင်ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ စက်ရုံသည် မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီး မြေဧက ၆၀၀ ခန့်တွင် တည်ရှပြီး တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်သည့် စွမ်းအားရှိသည်ဟု ဝန်ကြီးဌာနကဆိုသည်။

အစိုးရအနေဖြင့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) ကို သတ်မှတ်ထားသော ထုတ်ကုန်လိုင်းအချို့ကို ရောင်းချခြင်း၊ ငှားရမ်းခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မည့် အဆိုပြုလွှာများကို လက်ခံစဉ်းစားရန်ဆန္ဒရှိသည်ဟု ထုတ်ပြန်သည်။

ထိုစက်ရုံ အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများသည် သံမဏိစက်ရုံလုပ်ငန်းလည်ပတ်ခြင်းနှင့် ကော်မရှင်ဆောင်ရွက်နိုင်သည့် အတွေ့ အကြုံရှိရမည်ဟုဆိုသည်။ ထို ကုမ္ပဏီများ၏ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) တင်ပြမှုကို စီမံကိန်းအဆိုပြုလွှာ တောင်းခံမည်ဟု ဝန်ကြီးဌာနက ဆိုသည်။စီမံကိန်းအဆိုပြုရန် စက်ရုံ နှင့် ပိုင်ဆိုင်မှုကို အသေးစိတ်အချက်အလက်များ ပေးမည်ဟု ဝန်ကြီးဌာနက ကြေညာထားသည်။

မြင်းခြံသံမဏိစက်ရုံသည် ဒီချုပ်အစိုးရလက်ထက်တွင် အရှုံးပေါ်နေ၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့်ရပ်ဆိုင်းခဲ့သော စီမံကိန်း ၂၄ ခုအနက် တစ်ခုဖြစ်သည်။

ထိုသံမဏိစက်ရုံ စီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း (MEC) နှင့် အီတလီကုမ္ပဏီ Danienli တို့ ၂၀၀၄ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ နိုဝင်ဘာတွင် စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းက လွှဲပြောင်းရယူခဲ့သည်။

ထိုစက်ရုံတွင် ရင်းနှီးမြှုပ်နှံထားမှု ကျပ်ဘီလီယံ ၅၅၀ ကျော်ရှိသည်ဟု ယခင် စက်မှုဝန်ကြီးဟောင်း ဦးခင်မောင်ချိုက ၂၀၁၈ မတ်လတွင် လွှတ်တော်၌ ပြောကြားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service