ရန္ကုန္ ေျမငွားရမ္းခမ်ား ႏွစ္စဥ္ တိုးေတာင္းထားနိုင္ဟု ၿမိဳ႕ေတာ္ဝန္ေျပာ - Property News in Myanmar from iMyanmarHouse.com
1336 Views

ရန္ကုန္ ေျမငွားရမ္းခမ်ား ႏွစ္စဥ္ တိုးေတာင္းထားနိုင္ဟု ၿမိဳ႕ေတာ္ဝန္ေျပာ

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ေျမေနရာမ်ားကို ေျမငွားရမ္းခအျဖစ္ ယခင္ႏွစ္မ်ားထက္အဆေပါင္းမ်ားစြာ တိုးေတာင္းထားနိုင္​ေၾကာင္း ေျပာၾကားသည္။

“ ျမႇင့္ထားတဲ့ ေဈးႏႈန္းေတြလည္း ရွိပါတယ္။ တခ်ိဳ႕ဆိုရင္ အဆလိုက္ကို တက္သြားတယ္။ ရာခိုင္ႏႈန္းနဲ႕ေတာင္ မဟုတ္ဘူး။ စာရင္းစစ္က ၁၀ ရာခိုင္ႏႈန္းတက္ခိုင္းတယ္။ ကြၽန္ေတာ္တို႔က ရာခိုင္ႏႈန္းနဲ႕ေတာင္မဟုတ္ဘူး။ အဆလိုက္ကို တက္သြားတာ။ ေျမငွားရမ္းခေတြက နည္းေနေသးတာကိုး” လို႔ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

သို႔ေသာ္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေျမငွားရမ္းခမ်ားကို ကာလေပါက္ေဈးအရ တိုးျမႇင့္သတ္မွတ္လိုက္ေသာ္လည္း စီးပြားေရးအေျခအေနအရ ငွားရမ္းထားသည့္ ကုမၸဏီဘက္ကေပးေဆာင္နိုင္တာမ်ိဳး မရွိေၾကာင္း ၿမိဳ႕ေတာ္ဝန္ထံမွသိရသည္။

“ ငွားရမ္းခနည္းတဲ့အေၾကာင္းရင္းက တခ်ိန္က စာခ်ဳပ္ေတြေၾကာင့္ နည္းတယ္။ ကာလေပါက္ေဈးနဲ႕ဆိုရင္ နည္းမွန္းလည္းသိတယ္။ ဒါ့ေၾကာင့္ တခ်ိဳ႕စာခ်ဳပ္ေတြဆိုရင္ ျပန္ၿပီးေတာ့ သုံးသပ္ဖို႔လိုရင္လည္း ျပန္သုံးသပ္တယ္၊ ျပန္ၾကည့္တယ္။ တခ်ိဳ႕ဆိုရင္အခုအခ်ိန္ထိ မေပးနိုင္ေသးဘူး။ ဥပမာ- Water Boom နဲ႕ဆိုရင္ အခုအခ်ိန္ထိ ညွိေနတုန္း။ ကာလေပါက္ေဈးနဲ႕ ေတာင္းတယ္။ သူတို႔ဘက္ကမေပးနိုင္ေသးဘူး” လို႔ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

လက္ရွိ လိႈင္သာယာ၊  ေ႐ႊျပည္သာ ၊ ဒဂုံဆိပ္ကမ္း၊ ဒဂုံအေရွ႕၊ ဒဂုံ(ေတာင္/ေျမာက္)၊ မဂၤလာဒုံ၊ ဆိပ္ႀကီးခေနာင္ ရွိ စည္ပင္ပိုင္ေျမမ်ားအတြက္ ငွားရမ္းခအျဖစ္ 1 Sq. Ft ကို ၁၃၁၃ က်ပ္ သတ္မွတ္ထားၿပီး အင္းစိန္၊ ေျမာက္ဥကၠလာ၊ သာေကတ၊ ေဒါပုံ၊ ၾကည့္ျမင္တိုင္၊ သဃၤန္းကြၽန္း၊ အလုံ၊ ေတာင္ဥကၠလာ ၿမိဳ႕နယ္တို႔က ေျမမ်ားအတြက္ ငွားရမ္းခ 1 Sq. Ft ကို ၂၆၄၅ က်ပ္နဲ႕ ကမာ႐ြတ္၊ တာေမြ၊ မဂၤလာေတာင္ၫႊန႔္၊ လိႈင္၊ မရမ္းကုန္း၊ စမ္းေခ်ာင္း၊ ရန္ကင္း၊ ပုဇြန္ေတာင္၊ ဗိုလ္တစ္ေထာင္၊ လမ္းမေတာ္၊ ပန္းဘဲတန္း၊ ေက်ာက္တံတား၊ လသာ၊ ဒဂုံနဲ႕ ဗဟန္းၿမိဳ႕နယ္ေတြက ေျမမ်ားအတြက္ ေျမငွားရမ္းခအျဖစ္ 1 Sq. Ft ကို ၃၉၆၈ က်ပ္အျဖစ္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သက္မွတ္ထား​ေၾကာင္း သိရသည္​။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေနေရာများကို မြေငှားရမ်းခအဖြစ် ယခင်နှစ်များထက်အဆပေါင်းများစွာ တိုးတောင်းထားနိုင်ကြောင်း ပြောကြားသည်။

“ မြှင့်ထားတဲ့ ဈေးနှုန်းတွေလည်း ရှိပါတယ်။ တချို့ဆိုရင် အဆလိုက်ကို တက်သွားတယ်။ ရာခိုင်နှုန်းနဲ့တောင် မဟုတ်ဘူး။ စာရင်းစစ်က ၁၀ ရာခိုင်နှုန်းတက်ခိုင်းတယ်။ ကျွန်တော်တို့က ရာခိုင်နှုန်းနဲ့တောင်မဟုတ်ဘူး။ အဆလိုက်ကို တက်သွားတာ။ မြေငှားရမ်းခတွေက နည်းနေသေးတာကိုး” လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြေငှားရမ်းခများကို ကာလပေါက်ဈေးအရ တိုးမြှင့်သတ်မှတ်လိုက်သော်လည်း စီးပွားရေးအခြေအနေအရ ငှားရမ်းထားသည့် ကုမ္ပဏီဘက်က ပေးဆောင်နိုင်တာမျိုး မရှိကြောင်း မြို့တော်ဝန်ထံမှသိရသည်။

“ ငှားရမ်းခနည်းတဲ့အကြောင်းရင်းက တချိန်က စာချုပ်တွေကြောင့် နည်းတယ်။ ကာလပေါက်ဈေးနဲ့ဆိုရင် နည်းမှန်းလည်း သိတယ်။ ဒါ့ကြောင့် တချို့စာချုပ်တွေဆိုရင် ပြန်ပြီးတော့ သုံးသပ်ဖို့လိုရင်လည်း ပြန်သုံးသပ်တယ်၊ ပြန်ကြည့်တယ်။ တချို့ဆိုရင်အခု အချိန်ထိ မပေးနိုင်သေးဘူး။ ဥပမာ- Water Boom နဲ့ဆိုရင် အခုအချိန်ထိ ညှိနေတုန်း။ ကာလပေါက်ဈေးနဲ့ တောင်းတယ်။ သူတို့ဘက်ကမပေးနိုင်သေးဘူး” လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

လက်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒဂုံ(တောင်/မြောက်)၊ မင်္ဂလာဒုံ၊ ဆိပ်ကြီးခနောင် ရှိ စည်ပင်ပိုင်မြေများအတွက် ငှားရမ်းခအဖြစ် 1 Sq. Ft ကို ၁၃၁၃ ကျပ် သတ်မှတ်ထားပြီး အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ တောင်ဥက္ကလာ မြို့နယ်တို့က မြေများအတွက် ငှားရမ်းခ 1 Sq. Ft ကို ၂၆၄၅ ကျပ်နဲ့ ကမာရွတ်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ရန်ကင်း၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ဒဂုံနဲ့ ဗဟန်းမြို့နယ်တွေက မြေများအတွက် မြေငှားရမ်းခအဖြစ် 1 Sq. Ft ကို ၃၉၆၈ ကျပ်အဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သက်မှတ်ထားကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service