တိုင္းအစိုးရအဖြဲ့မွ ေရာင္းခ်မည့္ ေျမကြက္မ်ား အေျခခံအေဆာက္အအံုေၾကးထပ္မံမေကာက္ဘဲ အ႐ွိတိုင္းသာေရာင္းခ်မည္ - Property News in Myanmar from iMyanmarHouse.com
765 Views

တိုင္းအစိုးရအဖြဲ့မွ ေရာင္းခ်မည့္ ေျမကြက္မ်ား အေျခခံအေဆာက္အအံုေၾကးထပ္မံမေကာက္ဘဲ အ႐ွိတိုင္းသာေရာင္းခ်မည္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ့မွ ေရာင္းခ်မည့္ ေျမကြက္မ်ားကုိ Infrastructure ေၾကးထပ္မံ ေကာက္ခံျခင္းမျပဳဘဲ မ်က္ျမင္အေျခအေနတိုင္းသာေရာင္းခ်သြားမည္ဟု တိုင္းအစိုးရအဖြဲ့ရံုးတြင္ျပဳလုပ္က်င္းပသည့္ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္ ေျမကြက္ ေလွ်ာက္ထားသူမ်ားနွင့္ေတြ့ဆံုပြဲတြင္ စိုက္ပ်ိဳးေရးနွင့္ ေမြးျမဴေရး၀န္ႀကီးဦးဟံထြန္းကေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆံုပြဲတြင္ ၀န္ႀကီးမွ ေျမကြက္အရစ္က်ေရာင္းခ်မွဳနွဳန္းထားမ်ားကုိ ယခင္ ၆လ အရစ္က်အစား ၂ လအရစ္က်စနစ္ျဖင့္ ၀ယ္ယူၾကရန္ ေမတၱာရပ္ခံခဲ့ျပီး ေျမကြက္ေလွ်ာက္ထားသူမ်ား စိတ္၀င္စားသည့္ ေစ်းနွဳန္းမ်ားကိုလည္း ေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေတြ့ဆံုပြဲတက္ေရာက္သူမ်ားထံမွ သိရသည္။

" ၀န္ႀကီးဘက္ကေတာ့ ေျမကြက္ေတြကုိ ေရ၊ မီး၊ လမ္းဖိုးေတြထပ္ေကာက္တာမ်ိဳးမလုပ္ေတာ့ပဲ မ်က္ျမင္အတိုင္း ေရာင္းခ်ေပးသြားမယ္။ သူတို႔ဘက္ကလည္း ဒါေတြကုိ ေဖာ္ေဆာင္ေပးတာမ်ိဳးေတာ့ ေျပာမသြားဘူး"ဟု ၈၉ ရပ္ကြက္တြင္ ေျမကြက္ေလွ်ာက္လႊာတင္ထားသည့္ ဦးကံေကာင္းက ေျပာသည္။

ယင္းေတြ့ဆံုပြဲတြင္ တိုင္းေဒသႀကီးအစိုးရဘက္မွ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္ ၈၉ ရက္ကြက္အတြင္းရွိ ေျမကြက္ ၁၅၅ ကြက္ကုိ က်ပ္သိန္း ၆၆ သိန္း ၀န္းက်င္မွ ၁၃၀ အထိ ေစ်းနွဳန္းမ်ားအၾကမ္းဖ်င္းသတ္မွတ္ေပးခဲ့ျပီး ၀ယ္ယူမည့္သူဘက္မွေပးနိုင္သည့္ ေစ်းနွဳန္းမ်ားကို ေမးျမန္းမွဳမ်ားနွင့္ျပန္လည္ညွိနွိဳင္းမွဳမ်ားျပဳလုပ္နိုင္ရန္ မွတ္တမ္းတင္ခဲ့ေၾကာင္း၄င္းေတြ့ဆံုပြဲမွသိရသည္။

လက္ရွိ ဒဂံုဆိပ္ကမ္းျမိဳ့နယ္တြင္ ေရာင္းခ်သြားမည့္ ေျမကြက္မ်ားမွာ ေပ ၄၀၊ ေပ ၆၀ အက်ယ္ ေျမကြက္မ်ားျဖစ္ျပီး လက္ရွိ ျပင္ပေပါက္ေစ်းတြင္ ရပ္ကြက္ ေနရာအလိုက္ က်ပ္သိန္း ၇၀ ၀န္းက်င္မွ က်ပ္သိန္း ၁၀၀ အထိ ေပါက္ေစ်းရွိေၾကာင္း ဒဂံုဆိပ္ကမ္းျမိဳ႕နယ္ရွိ အိမ္၊ ျခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းမ်ားထံမွ သိရသည္။

တိုင္းအစိုးရမွ ေရာင္းခ်မည့္ ေျမကြက္မ်ားကို မဲစနစ္ျဖင့္ေရာင္းခ်ေပးသြားမည္ျဖစ္ျပီး နွစ္လ အရစ္က်စနစ္ျဖင့္၀ယ္ယူခြင့့္ျပဳသြားမည္ျဖစ္ေၾကာင္း ေျမကြက္ေလွ်ာက္ထားသူမ်ားနွင့္ ေတြ့ဆံုပြဲမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချမည့် မြေကွက်များကို Infrastructure ကြေးထပ်မံ ကောက်ခံခြင်းမပြုဘဲ မျက်မြင်အခြေအနေတိုင်းသာရောင်းချသွားမည်ဟု တိုင်းအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်ကျင်းပသည့် ဒဂုံဆိပ်ကမ်းမြို့နယ် မြေကွက် လျှောက်ထားသူများနှင့်တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးဟံထွန်းကပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးမှ မြေကွက်အရစ်ကျရောင်းချမှုနှုန်းထားများကို ယခင် ၆လ အရစ်ကျအစား ၂ လအရစ်ကျစနစ်ဖြင့် ဝယ်ယူကြရန် မေတ္တာရပ်ခံခဲ့ပြီး မြေကွက်လျှောက်ထားသူများ စိတ်ဝင်စားသည့် ဈေးနှုန်းများကိုလည်း မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သူများထံမှ သိရသည်။

" ဝန်ကြီးဘက်ကတော့ မြေကွက်တွေကို ရေ၊ မီး၊ လမ်းဖိုးတွေထပ်ကောက်တာမျိုးမလုပ်တော့ပဲ မျက်မြင်အတိုင်း ရောင်းချပေးသွားမယ်။ သူတို့ဘက်ကလည်း ဒါတွေကို ဖော်ဆောင်ပေးတာမျိုးတော့ ပြောမသွားဘူး"ဟု ၈၉ ရပ်ကွက်တွင် မြေကွက်လျှောက်လွှာတင်ထားသည့် ဦးကံကောင်းက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရဘက်မှ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရက်ကွက်အတွင်းရှိ မြေကွက် ၁၅၅ ကွက်ကို ကျပ်သိန်း ၆၆ သိန်း ဝန်းကျင်မှ ၁၃၀ အထိ ဈေးနှုန်းများအကြမ်းဖျင်းသတ်မှတ်ပေးခဲ့ပြီး ဝယ်ယူမည့်သူဘက်မှပေးနိုင်သည့် ဈေးနှုန်းများကို မေးမြန်းမှုများနှင့် ပြန်လည်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် မှတ်တမ်းတင်ခဲ့ကြောင်း၎င်းတွေ့ဆုံပွဲမှသိရသည်။

လက်ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရောင်းချသွားမည့် မြေကွက်များမှာ ပေ ၄၀၊ ပေ ၆၀ အကျယ် မြေကွက်များဖြစ်ပြီး လက်ရှိ ပြင်ပပေါက်ဈေးတွင် ရပ်ကွက် နေရာအလိုက် ကျပ်သိန်း ၇၀ ဝန်းကျင်မှ ကျပ်သိန်း ၁၀၀ အထိ ပေါက်ဈေးရှိကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများထံမှသိရသည်။

တိုင်းအစိုးရမှ ရောင်းချမည့် မြေကွက်များကို မဲစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး နှစ်လ အရစ်ကျစနစ်ဖြင့်ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း မြေကွက်လျှောက်ထားသူများနှင့် တွေ့ဆုံပွဲမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service