အခြန္ကင္းလြတ္ခြင့္​ေပးၿပီး​ေနာက္ အိမ္ၿခံ​ေျမႏွင့္ ​ေမာ္​ေတာ္ယာဥ္ က႑တြင္ အခြန္ပိုရလာ - Property News in Myanmar from iMyanmarHouse.com
1039 Views

အခြန္ကင္းလြတ္ခြင့္​ေပးၿပီး​ေနာက္ အိမ္ၿခံ​ေျမႏွင့္ ​ေမာ္​ေတာ္ယာဥ္ က႑တြင္ အခြန္ပိုရလာ

### Zawgyi Version ###

အခြန္ကင္းလြတ္ခြင့္​ေပးၿပီး​ေနာက္ အိမ္ၿခံ​ေျမႏွင့္ ​ေမာ္ေတာ္ယာဥ္က႑တြင္ အခြန္​ေဆာင္မႈပိုမိုမ်ားလာၿပီး ယခင္ႏွစ္ထက္ ​က်ပ္ေျခာက္ဘီလီယံပိုမိုရရွိခဲ့သည္ဟု ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွသိရသည္။

ျပည္တြင္းအခြန္မ်ားဦးစီး ဌာန၏ ၂၀၁၉ ႏိုဝင္ဘာကုန္အထိ စာရင္းႏွင့္ ၂၀၁၈ ႏိုဝင္ဘာလကုန္စာရင္းႏႈိင္းယွဥ္ၿပီး စည္းၾကပ္မႈလြတ္ကင္းေနေသာ အိမ္ၿခံေျမ၊ ေမာ္ေတာ္ယာဥ္ႏွင့္ မတည္ရင္းႏွီးေငြအတြက္ အခြန္ေဆာင္မႈပမာဏ ျဖစ္သည္။

၂၀၁၉ ျပည္ေထာင္စုအ ခြန္အေကာက္ဥပေဒ အတည္ျပဳ ၿပီးေနာက္ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြအေပၚ အ ခြန္ေဆာင္သူတိုးလာျခင္းႏွင့္ ဝင္ ေငြပမာဏသည္ ယခင္ႏွစ္ထက္ ပို၍ရရွိေၾကာင္း ေဒၚဆုဆုစံက ေျပာသည္။

၂၀၁၉ ႏိုဝင္ဘာကုန္အထိ စည္းၾကပ္မႈမွ လြတ္ကင္းေသာဝင္ ေငြအေပၚ အခြန္ေကာက္ခံရရွိမႈ အရ အိမ္ၿခံေျမက႑တြင္ ၂,၆၁၁ ဦးကက်ပ္ ၁၀ ဒသမ ၅၄၁ ဘီလီယံ၊ ေမာ္ေတာ္ယာဥ္ က႑တြင္ ၉,၅၁၈ ဦးကက်ပ္ ၈ ဒသမ ၄၇၃ ဘီလီယံႏွင့္ ေရယာဥ္ႏွင့္မတည္ ေငြက႑တြင္ ၄၄,၅၈၈ ဦးက က်ပ္ ၂ ဒသမ ၁၆၄ ဘီလီယံ အ ခြန္ေဆာင္ခဲ့သည္။

၂၀၁၈ ႏိုဝင္ဘာကုန္တြင္ စည္းၾကပ္ခြန္မွရရွိေသာ အခြန္ေငြ တြင္ အိမ္ၿခံေျမက႑၌ ၂,၀၂၃ ဦးကက်ပ္ ၄ ဒသမ ၈၄၇ ဘီ လီယံ၊ ေမာ္ေတာ္ယာဥ္က႑တြင္ ၂,၆၅၂ ဦးကက်ပ္ ၈ ဒသမ ၀၁၅ ဘီလီယံႏွင့္ ေရယာဥ္ႏွင့္မတည္ ေငြက႑တြင္ ၁၃,၅၄၇ ဦးက က်ပ္ ၁ ဒသမ ၁၃၄ ဘီလီယံအခြန္ ေပးေဆာင္ခဲ့ေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာန စာရင္းမ်ား တြင္ ေဖာ္ျပသည္။

စည္းၾကပ္မႈမွ လြတ္ကင္းေန ေသာ ဝင္ေငြအေပၚ ေကာက္ခံသည့္ အခြန္ႏႈန္းထား ေလွ်ာ့ခ် သည့္ ၂၀၁၉ ျပည္ေထာင္စုအခြန္ အေကာက္ဥပေဒကို စက္တင္ဘာ ၁၉ ရက္က ျပည္ေထာင္စု လႊတ္ေတာ္၌ အတည္ျပဳခဲ့သည္။

ေလွ်ာ့ခ်ေပးသည့္ႏႈန္းထားသစ္တြင္ က်ပ္သိန္း ၁,၀၀၀ ထိ ၃ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁,၀၀၀ မွ က်ပ္သိန္း ၃,၀၀၀ အထိ ၅ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃,၀၀၀ အထက္မွ က်ပ္သိန္း ၃၀,၀၀၀ အထိ ၁၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း ၃၀,၀၀၀ ႏွင့္အထက္ ၃၀ ရာခိုင္ ႏႈန္းေပးေဆာင္ရမည္ျဖစ္သည္။

ယခင္အခြန္ႏႈန္းထားတြင္မူ စည္းၾကပ္မႈမွ ကင္းလြတ္ေငြမ်ားျဖင့္ ပိုင္ဆိုင္မႈတစ္ခုဝယ္ယူမည္ဆိုလွ်င္ က်ပ္သိန္း ၃၀၀ အထိ ၁၅ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃၀၀ မွ က်ပ္သိန္း ၁,၀၀၀ အတြင္း ၂၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း ၁,၀၀၀ အထက္ ၃၀ ရာခိုင္ႏႈန္းသတ္မွတ္ထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အခွန်ကင်းလွတ်ခွင့်ပေးပြီးနောက် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဏ္ဍတွင် အခွန်ဆောင်မှုပိုမိုများလာပြီး ယခင်နှစ်ထက် ကျပ်ခြောက်ဘီလီယံပိုမိုရရှိခဲ့သည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှသိရသည်။

ပြည်တွင်းအခွန်များဦးစီး ဌာန၏ ၂၀၁၉ နိုဝင်ဘာကုန်အထိ စာရင်းနှင့် ၂၀၁၈ နိုဝင်ဘာလကုန်စာရင်းနှိုင်းယှဉ်ပြီး စည်းကြပ်မှုလွတ်ကင်းနေသော အိမ်ခြံမြေ၊ မော်တော်ယာဉ်နှင့် မတည်ရင်းနှီးငွေအတွက် အခွန်ဆောင်မှုပမာဏ ဖြစ်သည်။

၂၀၁၉ ပြည်ထောင်စုအ ခွန်အကောက်ဥပဒေ အတည်ပြု ပြီးနောက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အ ခွန်ဆောင်သူတိုးလာခြင်းနှင့် ဝင် ငွေပမာဏသည် ယခင်နှစ်ထက် ပို၍ရရှိကြောင်း ဒေါ်ဆုဆုစံက ပြောသည်။

၂၀၁၉ နိုဝင်ဘာကုန်အထိ စည်းကြပ်မှုမှ လွတ်ကင်းသောဝင် ငွေအပေါ် အခွန်ကောက်ခံရရှိမှု အရ အိမ်ခြံမြေကဏ္ဍတွင် ၂,၆၁၁ ဦးကကျပ် ၁၀ ဒသမ ၅၄၁ ဘီလီယံ၊ မော်တော်ယာဉ် ကဏ္ဍတွင် ၉,၅၁၈ ဦးကကျပ် ၈ ဒသမ ၄၇၃ ဘီလီယံနှင့် ရေယာဉ်နှင့်မတည် ငွေကဏ္ဍတွင် ၄၄,၅၈၈ ဦးက ကျပ် ၂ ဒသမ ၁၆၄ ဘီလီယံ အ ခွန်ဆောင်ခဲ့သည်။

၂၀၁၈ နိုဝင်ဘာကုန်တွင် စည်းကြပ်ခွန်မှရရှိသော အခွန်ငွေ တွင် အိမ်ခြံမြေကဏ္ဍ၌ ၂,၀၂၃ ဦးကကျပ် ၄ ဒသမ ၈၄၇ ဘီ လီယံ၊ မော်တော်ယာဉ်ကဏ္ဍတွင် ၂,၆၅၂ ဦးကကျပ် ၈ ဒသမ ၀၁၅ ဘီလီယံနှင့် ရေယာဉ်နှင့်မတည် ငွေကဏ္ဍတွင် ၁၃,၅၄၇ ဦးက ကျပ် ၁ ဒသမ ၁၃၄ ဘီလီယံအခွန် ပေးဆောင်ခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန စာရင်းများ တွင် ဖော်ပြသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေ သော ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချ သည့် ၂၀၁၉ ပြည်ထောင်စုအခွန် အကောက်ဥပဒေကို စက်တင်ဘာ ၁၉ ရက်က ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့သည်။

လျှော့ချပေးသည့်နှုန်းထား သစ်တွင် ကျပ်သိန်း ၁,၀၀၀ ထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၃၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀,၀၀၀ နှင့်အထက် ၃၀ ရာခိုင် နှုန်းပေးဆောင်ရမည်ဖြစ်သည်။

ယခင်အခွန်နှုန်းထားတွင်မူ စည်းကြပ်မှုမှ ကင်းလွတ်ငွေများဖြင့် ပိုင်ဆိုင်မှုတစ်ခုဝယ်ယူမည်ဆိုလျှင် ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁,၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထက် ၃၀ ရာခိုင်နှုန်းသတ်မှတ်ထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service