အသန႔္ရွင္းဆုံး အာဆီယံစံျပၿမိဳ႕ဆု ျမန္မာမွ ၿမိဳ႕သုံးၿမိဳ႕ရရွိ - Property News in Myanmar from iMyanmarHouse.com
64022 Views

အသန႔္ရွင္းဆုံး အာဆီယံစံျပၿမိဳ႕ဆု ျမန္မာမွ ၿမိဳ႕သုံးၿမိဳ႕ရရွိ

### Zawgyi Version ###

၂၀၂၀ အသန႔္ရွင္းဆုံး အာဆီယံစံျပၿမိဳ႕ဆု Asean Clean Tourist City ဆုကို ျမန္မာနိုင္ငံရွိ ကယားျပည္နယ္ လိြဳင္ေကာ္ျမိဳ႕တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕ ႏွင့္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ တို႔က ရရွိခဲ့ေၾကာင္း ျမန္မာနိုင္ငံဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနထံမွ သိရသည္။

အာဆီယံအဖြဲ႕အစည္းက ေပးအပ္သည့္ဆုမ်ားတြင္ Asean Clean Tourist City ဆုအျပင္ Asean Sustainable Tourism ဆု၊ Asean Green Hotel ဆု၊ Asean Mice Venue ဆုတို႔ကို ေပးအပ္ၿပီး Asean Sustainable Tourism ဆုကို ၿမိတ္ၿမိဳ႕ (ၿမိဳ႕ျပ)ႏွင့္ ၿမိဳင္ၿမိဳ႕ (ေက်းလက္) က ရရွိကာ Asean Green Hotel ဆု ကို သဂၤဟဟိုတယ္ (ေနျပည္ေတာ္)၊ Hilton ဟိုတယ္၊ M Gallery ဟိုတယ္၊ ရႏၱပိုဟိုတယ္ (မႏၱေလး) ႏွင့္ Sanctum Inlay Resort ဟိုတယ္တို႔က ရရွိၿပီး Asean Mice Venue ဆုကို Wyndhan Grand Yangon ဟိုတယ္ႏွင့္ M Gallery ဟိုတယ္တို႔က ရရွိေၾကာင္း ျမန္မာနိုင္ငံဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ျပည္ပခရီးသြားမ်ား သန႔္ရွင္းအဆင္ေျပစြာ ခရီးသြားလာနိုင္သည့္အတြက္ Asean Clean Tourist City ဆုကို ၿမိဳ႕သုံးၿမိဳ႕က ရရွိျခင္းျဖစ္ၿပီး အာဆီယံေဒသအတြင္း ခရီးသြားလုပ္ငန္းတြင္ ပုံရိပ္ေကာင္းမ်ားရရွိမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန နိုင္ငံတကာႏွင့္ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္ေရးဌာနခြဲမွ​သိရသည္။

အဆိုပါဆုမ်ားကို ေ႐ြးခ်ယ္ေပးအပ္နိုင္ရန္ အာဆီယံအတြင္းေရးမႉး႐ုံးသို႔ ျမန္မာနိုင္ငံမွ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနႏွင့္ ျမန္မာနိုင္ငံဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းတို႔က စံသတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီသည့္ ေဒသမ်ား၊ ဟိုတယ္မ်ားကို ေ႐ြးခ်ယ္ေပးပို႔ျခင္း ျဖစ္သည္။

ရရွိသည့္ဆုမ်ားကို ယခုလအတြင္း က်င္းပမည့္ (၃၉) ႀကိမ္ေျမာက္ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ေဆြးႏြေးပြဲတြင္ ေပးအပ္မည္ျဖစ္ၿပီး ခရီးသြားလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ခြင့္ႏွင့္ အသိအမွတ္ျပဳဆုတံဆိပ္တို႔ကို လက္ခံရရွိမည္ျဖစ္ေၾကာင္းသိရသည္။

ဆုေ႐ြးခ်ယ္ရန္ စံသတ္မွတ္ခ်က္ ခုနစ္ခ်က္ရွိၿပီး ေဒသအေပၚ စီမံခန႔္ခြဲနိုင္မႈ၊ သန႔္ရွင္းမႈ၊ သဘာဝပတ္ဝန္းက်င္ကို စနစ္တက်ထိန္းသိမ္းမႈ၊ အမိႈက္စီမံခန႔္ခြဲမႈစနစ္ ေကာင္းမြန္မႈ၊ ၿမိဳ႕ျပလုံၿခဳံေရးႏွင့္ က်န္းမာေရး စသျဖင့္ စံသတ္မွတ္ခ်က္မ်ားပါဝင္သည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၂၀၂၀ အသန့်ရှင်းဆုံး အာဆီယံစံပြမြို့ဆု Asean Clean Tourist City ဆုကို မြန်မာနိုင်ငံရှိ ကယားပြည်နယ် လွိုင်ကော်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီး မြို့တို့က ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

အာဆီယံအဖွဲ့အစည်းက ပေးအပ်သည့်ဆုများတွင် Asean Clean Tourist City ဆုအပြင် Asean Sustainable Tourism ဆု၊ Asean Green Hotel ဆု၊ Asean Mice Venue ဆုတို့ကို ပေးအပ်ပြီး Asean Sustainable Tourism ဆုကို မြိတ်မြို့ (မြို့ပြ)နှင့် မြိုင်မြို့ (ကျေးလက်) က ရရှိကာ Asean Green Hotel ဆု ကို သင်္ဂဟဟိုတယ် (နေပြည်တော်)၊ Hilton ဟိုတယ်၊ M Gallery ဟိုတယ်၊ ရန္တပိုဟိုတယ် (မန္တလေး) နှင့် Sanctum Inlay Resort ဟိုတယ်တို့က ရရှိပြီး Asean Mice Venue ဆုကို Wyndhan Grand Yangon ဟိုတယ်နှင့် M Gallery ဟိုတယ်တို့က ရရှိကြောင်း မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ပခရီးသွားများ သန့်ရှင်းအဆင်ပြေစွာ ခရီးသွားလာနိုင်သည့်အတွက် Asean Clean Tourist City ဆုကို မြို့သုံးမြို့က ရရှိခြင်းဖြစ်ပြီး အာဆီယံဒေသအတွင်း ခရီးသွားလုပ်ငန်းတွင် ပုံရိပ်ကောင်းများရရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှသိရသည်။

အဆိုပါဆုများကို ရွေးချယ်ပေးအပ်နိုင်ရန် အာဆီယံအတွင်းရေးမှူးရုံးသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းတို့က စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ဒေသများ၊ ဟိုတယ်များကို ရွေးချယ်ပေးပို့ခြင်း ဖြစ်သည်။

ရရှိသည့်ဆုများကို ယခုလအတွင်း ကျင်းပမည့် (၃၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ဆွေးနွေးပွဲတွင် ပေးအပ်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခွင့်နှင့် အသိအမှတ်ပြုဆုတံဆိပ်တို့ကို လက်ခံရရှိမည်ဖြစ်ကြောင်းသိရသည်။

ဆုရွေးချယ်ရန် စံသတ်မှတ်ချက် ခုနစ်ချက်ရှိပြီး ဒေသအပေါ် စီမံခန့်ခွဲနိုင်မှု၊ သန့်ရှင်းမှု၊ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျထိန်းသိမ်းမှု၊ အမှိုက်စီမံခန့်ခွဲမှုစနစ် ကောင်းမွန်မှု၊ မြို့ပြလုံခြုံရေးနှင့် ကျန်းမာရေး စသဖြင့် စံသတ်မှတ်ချက်များပါဝင်သည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service