၂၀၁၉ တြင္ ကုမၸဏီအသစ္ ၁၇၀၀၀​ ေက်ာ္အသစ္တိုး - Property News in Myanmar from iMyanmarHouse.com
794 Views

၂၀၁၉ တြင္ ကုမၸဏီအသစ္ ၁၇၀၀၀​ ေက်ာ္အသစ္တိုး

### Zawgyi Version ###

၂၀၁၉ တြင္ ကုမၸဏီအသစ္ မွတ္ပုံတင္မႈ ၁၇,၀၀၀ ေက်ာ္ရွိၿပီး တႏိုင္ငံလုံးတြင္ ၇၃၀၀၀ ​ေက်ာ္ရွိၿပီျဖစ္​ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ ေဖာ္ျပ သည္။

ႏွစ္စဥ္ပ်မ္းမွ် တစ္ႏွစ္လွ်င္ကုမၸဏီ ၁၀,၀၀၀ ေက်ာ္ မွတ္ပုံတင္ရာမွ အြန္လိုင္း စနစ္ေျပာင္းလဲ အသုံးျပဳသည့္ ၂၀၁၉ တြင္ ပိုမိုျမင့္တက္ခဲ့သည္။

၂၀၁၉ တြင္ ယခင္ႏွစ္မ်ားထက္ ၇၀ ရာခိုင္ႏႈန္း တိုးလာၿပီးတစ္လလွ်င္ ပ်မ္းမွ်၁,၄၀၀ ေက်ာ္ မွတ္ပုံတင္ခဲ့သည္ဟု ထုတ္ျပန္ထားသည္။

ဘ႑ာႏွစ္အစျဖစ္သည့္ ၂၀၁၉ ​​ေအာက္တိုဘာတြင္ ကုမၸဏီမွတ္ပုံမူအမ်ားဆုံးျဖစ္ၿပီး ႏွစ္ကူးကာလျဖစ္သည့္ ဧၿပီလ တြင္ အနည္းဆုံးျဖစ္သည္​။

ေအာက္တိုဘာတြင္ ကုမၸဏီအသစ္ ၂,၀၀၀ ေက်ာ္ မွတ္ပုံတင္ၿပီး ဧၿပီတြင္ ၁,၀၀၀ေက်ာ္မွတ္ပုံတင္ခဲ့သည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံး၌ ကုမၸဏီ ၇၃,၀၀၀ ေက်ာ္ရွိၿပီး မွတ္ပုံတင္ရန္ ေစာင့္ဆိုင္းေနသည့္ ကုမၸဏီ ၇,၀၀၀ ေက်ာ္ရွိသည္။၂၀၁၉ ႏွစ္အတြင္း ကုမၸဏီ ၅၀ေက်ာ္ မွတ္ပုံတင္စာရင္း ဖ်က္သိမ္းခဲ့သည္ဟု ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံကုမၸဏီ ဥပေဒသစ္အရ အြန္လိုင္း MyCo စနစ္အသုံးျပဳမည္ျဖစ္၍ ျပည္တြင္းရွိ ကုမၸဏီအားလုံး ျပန္လည္မွတ္ပုံတင္ရၿပီး အထက္ပါဌာနက ၂၀၁၈ ဩဂုတ္ ၁ ရက္မွ ၂၀၁၉ ဇန္နဝါရီအထိ ေျခာက္လအခ်ိန္ ေပးထားသည္။ ၂၀၁၇ တြင္ အတည္ျပဳ ျပ႒ာန္းသည့္ ကုမၸဏီဥပေဒအရ ျပည္တြင္းရွိ ကုမၸဏီ ေျခာက္ေသာင္းေက်ာ္သည္ ေျခာက္လအတြင္း ျပန္လည္မွတ္ပုံတင္ရခဲ့ သည္။

ထိုကာလအတြင္း ျပန္လည္ မွတ္ပုံမတင္သည့္ ကုမၸဏီ ၁၃,၀၀၀ေက်ာ္ကို အဆိုပါဌာနက ဖ်က္သိမ္းခဲ့သည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီ မ်ား ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံအတြင္း ၂၀၁၁ မွ ၂၀၁၃ အၾကား ကုမၸဏီအသစ္မွတ္ပုံတင္ျခင္းသည္ တစ္ႏွစ္လွ်င္ ၄,၅၀၀ မွ ၆,၀၀၀ ေက်ာ္ ၾကားရွိသည္။ ၂၀၁၄ မွ ၂၀၁၆ ၾကားတြင္ တစ္ႏွစ္လွ်င္ပ်မ္းမွ် ၇,၀၀၀ ၾကား ရွိသည္ဟုဆိုသည္။ ၂၀၁၇ ႏွင့္ ၂၀၁၈ တို႔တြင္ ပ်မ္းမွ် ၁၀,၀၀၀ ေက်ာ္ရွိသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၂၀၁၉ တွင် ကုမ္ပဏီအသစ် မှတ်ပုံတင်မှု ၁၇,၀၀၀ ကျော်ရှိပြီး တနိုင်ငံလုံးတွင် ၇၃၀၀၀ကျော်ရှိပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ သည်။

နှစ်စဉ်ပျမ်းမျှ တစ်နှစ်လျှင်ကုမ္ပဏီ ၁၀,၀၀၀ ကျော် မှတ်ပုံတင်ရာမှ အွန်လိုင်း စနစ်ပြောင်းလဲ အသုံးပြုသည့် ၂၀၁၉ တွင် ပိုမိုမြင့်တက်ခဲ့သည်။

၂၀၁၉ တွင် ယခင်နှစ်များထက် ၇၀ ရာခိုင်နှုန်း တိုးလာပြီးတစ်လလျှင် ပျမ်းမျှ၁,၄၀၀ ကျော် မှတ်ပုံတင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဘဏ္ဍာနှစ်အစဖြစ်သည့် ၂၀၁၉ အောက်တိုဘာတွင် ကုမ္ပဏီမှတ်ပုံမူအများဆုံးဖြစ်ပြီး နှစ်ကူးကာလဖြစ်သည့် ဧပြီလ တွင် အနည်းဆုံးဖြစ်သည်။

အောက်တိုဘာတွင် ကုမ္ပဏီအသစ် ၂,၀၀၀ ကျော် မှတ်ပုံတင်ပြီး ဧပြီတွင် ၁,၀၀၀ကျော်မှတ်ပုံတင်ခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကုမ္ပဏီ ၇၃,၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် ကုမ္ပဏီ ၇,၀၀၀ ကျော်ရှိသည်။၂၀၁၉ နှစ်အတွင်း ကုမ္ပဏီ ၅၀ကျော် မှတ်ပုံတင်စာရင်း ဖျက်သိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေသစ်အရ အွန်လိုင်း MyCo စနစ်အသုံးပြုမည်ဖြစ်၍ ပြည်တွင်းရှိ ကုမ္ပဏီအားလုံး ပြန်လည်မှတ်ပုံတင်ရပြီး အထက်ပါဌာနက ၂၀၁၈ ဩဂုတ် ၁ ရက်မှ ၂၀၁၉ ဇန်နဝါရီအထိ ခြောက်လအချိန် ပေးထားသည်။ ၂၀၁၇ တွင် အတည်ပြု ပြဋ္ဌာန်းသည့် ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီ ခြောက်သောင်းကျော်သည် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရခဲ့ သည်။

ထိုကာလအတွင်း ပြန်လည် မှတ်ပုံမတင်သည့် ကုမ္ပဏီ ၁၃,၀၀၀ကျော်ကို အဆိုပါဌာနက ဖျက်သိမ်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ၂၀၁၁ မှ ၂၀၁၃ အကြား ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်းသည် တစ်နှစ်လျှင် ၄,၅၀၀ မှ ၆,၀၀၀ ကျော် ကြားရှိသည်။ ၂၀၁၄ မှ ၂၀၁၆ ကြားတွင် တစ်နှစ်လျှင်ပျမ်းမျှ ၇,၀၀၀ ကြား ရှိသည်ဟုဆိုသည်။ ၂၀၁၇ နှင့် ၂၀၁၈ တို့တွင် ပျမ်းမျှ ၁၀,၀၀၀ ကျော်ရှိသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service