ေရႊျပည္သာၿမိဳ႕နယ္ရွိ အစုအဖြဲ့ပိုင္အိမ္ရာစီမံကိန္း စေျပာင္းေရြ့ေနထိုင္ခြင့္ျပဳ - Property News in Myanmar from iMyanmarHouse.com
2361 Views

ေရႊျပည္သာၿမိဳ႕နယ္ရွိ အစုအဖြဲ့ပိုင္အိမ္ရာစီမံကိန္း စေျပာင္းေရြ့ေနထိုင္ခြင့္ျပဳ

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး  အစိုးရအဖြဲ့နွင့္ ပ်ိဳေမ့အိမ္လူမွဳေရးဖြံျဖိဳးတိုးတက္ေရးအသင္းတို႔ ပူးေပါင္းအေကာင္ထည္ေဖာ္သည့္ ေရႊျပည္သာျမိဳ႕နယ္အိမ္ရာစီမံကိန္းအတြင္းရွိ လံုးခ်င္းအိမ္ခန္းမ်ားကုိ ဇန္န၀ါရီလ ၁ ရက္ေန႔မွ စတင္ေနထိုင္ခြင့္ ျပဳလိုက္ျပီျဖစ္ေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

အဆိုပါအိမ္ရာစီမံကိန္းကုိ ေရႊျပည္သာျမိဳ႕နယ္ ၁၉ ရပ္ကြက္တြင္ အေကာင္ထည္ေဖာ္ျခင္းျဖစ္ျပီး ရာနွဳန္းျပည္ေဆာက္လုပ္ျပီးစီးသည့္အတြက္ စတင္ေနထိုင္ခြင့္ျပဳျခင္းျဖစ္ေၾကာင္း ယင္းအသင္းထံမွသိရသည္။

" ေနထိုင္ခြင့္ရရွိသူေတြကုိ ဒီေန႔ကစၿပီးေျပာင္းေရႊ႕ေနထိုင္ခြင့္ေပးလိုက္ၿပီ။ အိမ္ခန္းအားလံုးေျပာင္းေရြ့မွဳကိုေတာ့ ဇန္န၀ါရီလကုန္မွန္းထားတယ္။ တခ်ိဳ့ကေက်ာင္းသားေတြပါတဲ့အတြက္ စာေမးပြဲျပီးမွ ေျပာင္းေရြ့လာမဲ့သူေတြလည္းရွိတယ္ " ဟု ပ်ိဳေမ့အိမ္လူမွုဖြံ့ၿဖိဳးတိုးတက္ေရးအသင္းမွ အသင္းတည္ေထာင္သူ ေဒၚဗန္လီဇာေအာင္ကေျပာသည္။ ေရႊျပည္သာတြင္ ေဆာက္လုပ္ထားသည့္ ယင္းစီမံကိန္းတြင္ ပထမအသုတ္ ၂၆၄ လုံး လူေနအိမ္မ်ားမွာ သြတ္မိုး ၅ ထပ္သားခင္းေက်ာက္ျပားကာၿပီး အနံ ၁၂ ေပ၊ အလ်ား ၂၅ ေပ ၊ အနံ ၁၄ ေပ အလၽွား ၂၅ ေပ ရွိအိမ္မ်ား ေဆာက္ခဲ့တာျဖစ္ေၾကာင္းယင္းအသင္းထံမွသိရသည္။

ယင္းစီမံကိန္းမ်ား အိမ္ရာေဖာ္ေဆာင္ရာတြင္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရက ေျမေနရာေပးျခင္း၊ ေရ၊ မီး၊ လမ္း စသည့္ အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္ေပးျခင္းမ်ား ပံ့ပိုးေပးထားၿပီး ပ်ိဳေမ့အိမ္လူမွုဖြံ့ၿဖိဳးတိုးတက္ေရးအသင္းမွ ရပ္ရြာလူထုစာရင္းဇယားျပဳလုပ္ျခင္း၊ အခ်က္အလက္ေကာက္ခံျခင္း၊ ေငြစုေငြေခ်းဖြဲ႕စည္းျခင္း စသည့္ နည္းပညာမ်ားသင္ၾကားေပးျခင္း၊ ျပည္သူလူထုႏွင့္ ဗိသုကာပညာရွင္မ်ား၊ နည္းပညာရွင္မ်ားခ်ိတ္ဆက္ေပး၍ အိမ္ပုံစံဒီဇိုင္းမ်ားကို အတူတကြပူးေပါင္းေရးဆြဲျခင္း ဘဏ္မ်ားမွေငြေခ်းေပးျခင္း စသည့္တို႕လုပ္ေဆာင္၍ ေဆာက္လုပ္ထားျခင္းျဖစ္ေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

အဆိုပါ တန္ဖိုးနည္းအိမ္ရာေဖာ္ေဆာင္ေရးအတြက္ လူဦးေရစာရင္းမ်ား ေကာက္ယူခဲ့ရာတြင္ က်ဴးေက်ာ္ေနထိုင္သူမ်ားသာမက အေဆာင္ငွားေနသူမ်ား၊ ေနထိုင္ေရးခက္ခဲေနသူမ်ားကိုလည္း ေကာက္ယူျခင္းျဖစ္ျပီးလာမည့္ လပိုင္းအတြင္း ဒဂံုအေရွပိုင္းျမိဳ့နယ္တြင္ အိမ္အလံုးေရ ၃၀၀ နွင့္ ေတာင္ဒဂံုျမိဳ့နယ္တို့တြင္ အိမ္အလံုး ၁၅၀ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ပ်ိဳေမ့အိမ္လူမွုဖြံ့ၿဖိဳးတိုးတက္ေရးအသင္းမွ သိရသည္။

လက္ရွိ အစုအဖြဲ႕ပိုင္အိမ္ရာမ်ား ေဖာ္ေဆာင္ေနသည့္ ၿမိဳ႕နယ္မ်ားမွာ လိႈင္သာယာ၊ ေရႊျပည္သာ၊ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံအေရွ႕နွင့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မ်ားျဖစ္ၿပီး ျမိဳ႕နယ္တစ္ခုလွ်င္ အိမ္ရာအခန္း တေသာင္းႏႈန္းစီ ေဆာက္လုပ္ရန္လ်ာထား ေဖာ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ယင္းအသင္းထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 ### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပျိုမေ့အိမ်လူမှုရေးဖွံဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းအကောင်ထည်ဖော်သည့် ရွှေပြည်သာမြို့နယ်အိမ်ရာစီမံကိန်းအတွင်းရှိ လုံးချင်းအိမ်ခန်းများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အဆိုပါအိမ်ရာစီမံကိန်းကို ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်တွင် အကောင်ထည်ဖော်ခြင်းဖြစ်ပြီး ရာနှုန်းပြည်ဆောက်လုပ်ပြီးစီးသည့်အတွက် စတင်နေထိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

" နေထိုင်ခွင့်ရရှိသူတွေကို ဒီနေ့ကစပြီးပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပြီ။ အိမ်ခန်းအားလုံးပြောင်းရွေ့မှုကိုတော့ ဇန်နဝါရီလကုန်မှန်းထားတယ်။ တချို့ကကျောင်းသားတွေပါတဲ့အတွက် စာမေးပွဲပြီးမှ ပြောင်းရွေ့လာမဲ့သူတွေလည်းရှိတယ် " ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်ကပြောသည်။ ရွှေပြည်သာတွင် ဆောက်လုပ်ထားသည့် ယင်းစီမံကိန်းတွင် ပထမအသုတ် ၂၆၄ လုံး လူနေအိမ်များမှာ သွတ်မိုး ၅ ထပ်သားခင်းကျောက်ပြားကာပြီး အနံ ၁၂ ပေ၊ အလျား ၂၅ ပေ ၊ အနံ ၁၄ ပေ အလျှား ၂၅ ပေ ရှိအိမ်များ ဆောက်ခဲ့တာဖြစ်ကြောင်းယင်းအသင်းထံမှသိရသည်။

ယင်းစီမံကိန်းများ အိမ်ရာဖော်ဆောင်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက မြေနေရာပေးခြင်း၊ ရေ၊ မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံများတည်ဆောက်ပေးခြင်းများ ပံ့ပိုးပေးထားပြီး ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ရပ်ရွာလူထုစာရင်းဇယားပြုလုပ်ခြင်း၊ အချက်အလက်ကောက်ခံခြင်း၊ ငွေစုငွေချေးဖွဲ့စည်းခြင်း စသည့် နည်းပညာများသင်ကြားပေးခြင်း၊ ပြည်သူလူထုနှင့် ဗိသုကာပညာရှင်များ၊ နည်းပညာရှင်များချိတ်ဆက်ပေး၍ အိမ်ပုံစံဒီဇိုင်းများကို အတူတကွပူးပေါင်းရေးဆွဲခြင်း ဘဏ်များမှငွေချေးပေးခြင်း စသည့်တို့လုပ်ဆောင်၍ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာဖော်ဆောင်ရေးအတွက် လူဦးရေစာရင်းများ ကောက်ယူခဲ့ရာတွင် ကျူးကျော်နေထိုင်သူများသာမက အဆောင်ငှားနေသူများ၊ နေထိုင်ရေးခက်ခဲနေသူများကိုလည်း ကောက်ယူခြင်းဖြစ်ပြီးလာမည့် လပိုင်းအတွင်း ဒဂုံအရှေပိုင်းမြို့နယ်တွင် အိမ်အလုံးရေ ၃၀၀ နှင့် တောင်ဒဂုံမြို့နယ်တို့တွင် အိမ်အလုံး ၁၅၀ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

လက်ရှိ အစုအဖွဲ့ပိုင်အိမ်ရာများ ဖော်ဆောင်နေသည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များဖြစ်ပြီး မြို့နယ်တစ်ခုလျှင် အိမ်ရာအခန်း တသောင်းနှုန်းစီ ဆောက်လုပ်ရန်လျာထား ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service