စပါးခွံက လျှပ်စစ်ထုတ်နိုင်ဖို့ မြောင်းမြနဲ့ နေပြည်တော်မှာ ဆောက်လုပ်မယ် - Property News in Myanmar from iMyanmarHouse.com
946 Views

စပါးခွံက လျှပ်စစ်ထုတ်နိုင်ဖို့ မြောင်းမြနဲ့ နေပြည်တော်မှာ ဆောက်လုပ်မယ်

=### Zawgyi Version ###








 

### Unicode Version ###

မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ MAPCO က စပါးခွံကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ မြောင်းမြမြို့နယ်နဲ့ နေပြည်တော်မှာ ဆောင်ရွက်သွားဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။

မြောင်းမြပရောဂျက်ကိုတော့ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဟန်သော်ဇေကပြောပါတယ်။

ဒီလုပ်ငန်းကို ၂၀၂၀ နှစ်ဆန်းပိုင်းမှာ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားရောင်းချနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လှည်းကူးမြို့နယ်က မြန်မာ-စင်္ကာပူ စက်မှုဥယျာဉ်စီမံကိန်းကိုလည်း MAPCO နဲ့ စင်္ကာပူနိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၊ ပထမဂရုကုမ္ပဏီတို့ ပူးပေါင်းပြီး မြေဧက ၁၄၀၀ ကျော်ပေါ်မှာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ခန့်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းတွေအတွက်လည်းပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service