ျမန္မာ-ဂ်ပန္ နည္းပညာဖြံ့ၿဖိဳးေရးဌာန အေဆာက္အအုံလႊဲေျပာင္းေပးအပ္ပြဲ က်င္းပ - Property News in Myanmar from iMyanmarHouse.com
811 Views

ျမန္မာ-ဂ်ပန္ နည္းပညာဖြံ့ၿဖိဳးေရးဌာန အေဆာက္အအုံလႊဲေျပာင္းေပးအပ္ပြဲ က်င္းပ

### Zawgyi Version ###

ျမန္မာ-ဂ်ပန္ နည္းပညာဖြံ့ၿဖိဳးေရးဌာန အေဆာက္အအုံ (Myanmar-Japan Technological Development Centre 1 and 2) လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားကို ဒီဇင္ဘာ ၂၆ ရက္က ရန္ကုန္နည္းပညာတကၠသိုလ္ပင္မစာသင္ေဆာင္(၁) စုေဝးခန္းမ၌က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက Myanmar-Japan Technologi-cal Development Centre 1 and 2 တို႔ကို ကူညီေထာက္ပံ့ေပးသည့္ ဂ်ပန္နိုင္ငံမွတာဝန္ရွိသူမ်ား၊ JICA မွ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းပါဝင္ေပးသည့္သူမ်ားအားလုံးတို႔ကို ပညာေရးဝန္ႀကီးဌာနကိုယ္စားအထူးေက်းဇူးတင္မွတ္တမ္းတင္ရွိအပ္ပါေၾကာင္းေျပာသည္။

ထို႔ေနာက္ ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး မစၥတာအိခ်ီေရာ့မာ႐ုယာမ ၊ ဂ်ပန္-ျမန္မာ Association မွ Secretary General Mr.Yuichi Watanabe ႏွင့္ JACA Myanmar Office မွ Masayuki Karasawa တို႔က အမွာစကားေျပာၾကားသည္။

ယင္းေနာက္ Myanmar-Japan Technological Development Center ႏွစ္ခုကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ၿပီး သုေတသနလက္ေတြ႕ပစၥည္းမ်ားကို ၾကည့္ရႈၾကေၾကာင္းသိရသည္။

ယခုဖြင့္လွစ္လိုက္ေသာ ျမန္မာ-ဂ်ပန္ နည္းပညာဖြံ့ၿဖိဳးေရးဌာန အေဆာက္အအုံႏွစ္ခုတြင္ အဆင့္ျမင့္သုေတသနမ်ား ေဆာင္ရြက္နိုင္သည့္ စက္ပစၥည္းမ်ားကို သုေတသနဓာတ္ခြဲခန္း(Research Laboratory) မ်ား ၂၅ ခုခြဲ၍ တပ္ဆင္ထားၿပီး စက္ပစၥည္းမ်ားကို ၿမိဳ႕ျပအင္ဂ်င္နီယာဘာသာ၊ စက္မႈအင္ဂ်င္နီယာဘာသာ၊ အီလက္ထရြန္နစ္အင္ဂ်င္နီယာဘာသာ၊ လၽွပ္စစ္စြမ္းအား အင္ဂ်င္နီယာဘာသာ၊ မကၠာထေရာနစ္ အင္ဂ်င္နီယာဘာသာ၊ ဓာတုအင္ဂ်င္နီယာဘာသာ၊ သတၱဳေဗဒ အင္ဂ်င္နီယာႏွင့္ ျဒပ္ပစၥည္းသိပၸံဘာသာ၊ ဇီဝနည္းပညာဘာသာဆိုင္ရာ ဘြဲ႕ႀကိဳေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ဘြဲ႕လြန္ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ သင္ၾကား သင္ယူလုပ္ငန္းစဥ္မ်ားႏွင့္ သုေတသနလုပ္ငန္းမ်ားအတြက္ လက္ေတြ႕အသုံးခ်ေဆာင္ရြက္နိုင္ရန္အတြက္ စက္ပစၥည္းမ်ားကို တန္ဖိုးအားျဖင့္ ဂ်ပန္ယန္း ၂၅၈၂ သန္းသုံးစြဲ တပ္ဆင္ေပးခဲ့ေၾကာင္း သတင္းစဥ္အရ သိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာန အဆောက်အအုံ(Myanmar-Japan Technological Development Centre 1 and 2) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ် ပင်မစာသင်ဆောင်(၁) စုဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Myanmar-Japan Technologi-cal Development Centre 1 and 2 တို့ကို ကူညီထောက်ပံ့ပေးသည့် ဂျပန်နိုင်ငံမှတာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ပေးသည့်သူများ အားလုံးတို့ကို ပညာရေးဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်မှတ်တမ်းတင်ရှိအပ်ပါကြောင်းပြောသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချီရော့မာရုယာမ ၊ ဂျပန်-မြန်မာ Association မှ Secretary General Mr.Yuichi Watanabe နှင့် JACA Myanmar Office မှ Masayuki Karasawa တို့က အမှာစကားပြောကြားသည်။

ယင်းနောက် Myanmar-Japan Technological Development Center နှစ်ခုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သုတေသနလက်တွေ့ပစ္စည်းများကို ကြည့်ရှုကြကြောင်းသိရသည်။

ယခုဖွင့်လှစ်လိုက်သော မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာန အဆောက်အအုံနှစ်ခုတွင် အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်သည့် စက်ပစ္စည်းများကို သုတေသနဓာတ်ခွဲခန်း(Research Laboratory) များ ၂၅ ခုခွဲ၍ တပ်ဆင်ထားပြီး စက်ပစ္စည်းများကို မြို့ပြအင်ဂျင်နီယာ ဘာသာ၊ စက်မှုအင်ဂျင်နီယာဘာသာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာဘာသာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာ၊ မက္ကာထရောနစ် အင်ဂျင်နီယာဘာသာ၊ ဓာတုအင်ဂျင်နီယာဘာသာ၊ သတ္တုဗေဒ အင်ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံဘာသာ၊ ဇီဝနည်းပညာဘာသာဆိုင်ရာ ဘွဲ့ကြိုကျောင်းသား ကျောင်းသူများနှင့်ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက် သင်ကြား သင်ယူလုပ်ငန်းစဉ်များနှင့် သုတေသနလုပ်ငန်းများအတွက် လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန်အတွက် စက်ပစ္စည်းများကို တန်ဖိုးအားဖြင့် ဂျပန်ယန်း ၂၅၈၂ သန်းသုံးစွဲ တပ်ဆင်ပေးခဲ့ကြောင်း သတင်းစဉ်အရ သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service