နေပြည်တော် လယ်ဝေးမြို့တွင် ပထမဆုံးအကြိမ် မြေငှားဂရန်ထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
780 Views

နေပြည်တော် လယ်ဝေးမြို့တွင် ပထမဆုံးအကြိမ် မြေငှားဂရန်ထုတ်ပေး

### Zawgyi Version ###









 

### Unicode Version ###

လယ်ဝေးမြို့မြေငှားဂရန်လျှောက်ထားသူများအနက် ကော်မတီကစိစစ်ပြီး ပထမဆုံးအကြိမ် မြေငှားဂရန်ချထား ပေးခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က လယ်ဝေးမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမြေငှား ဂရန်မှာ နှစ် (၃၀) မြေငှားဂရန်များဖြစ်ကြောင်းသိရသည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ရှိ မြေစီမံခန့်ခွဲမှုကိစ္စရပ်များတွင်ပါဝင်သည့် မြေငှား ဂရန်ချထားခြင်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိရာ ခရီးကွာဝေး သောမြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ်ရန်မလိုအောင် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ စိစစ်ရေးအဖွဲ့များဖြင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာအမှုတွဲများကို လက်ခံ စိစစ်ဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။

နေပြည်တော်စည်ပင်အနေဖြင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ နှစ်(၃၀)မြေငှားဂရန်များ ထုတ်ပေးခြင်းအပေါ် အဆင့်ဆင့် စိစစ်ဆောင်ရွက်နေ သည့်ကိစ္စရပ်များကို မြို့နေ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေအောင် ဖြေလျော့ဆောင်ရွက်ပေးနေပါကြောင်း နှင့် မိမိတို့မြို့နယ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခိုင်မာသောမြေငှားဂရန်အား အကြောင်းပြု၍ စီးပွားရေး လူမှုရေးများ ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကပြောသည်။

ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ကော်မတီဝင်(၂) ဦးမင်းသူတို့မှ မြေငှားဂရန် ချထားပေးခြင်းခံရသူများအား တစ်ဦးချင်းလက်ရောက်ထုတ်ပေးခဲ့ပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေငှားဂရန်လက်ရောက်ထုတ်ပေးခဲ့သည်မှာ တပ်ကုန်းမြို့တွင် ၂ ကြိမ်၊ ပျဉ်းမနား မြို့တွင် ၁ ကြိမ်နှင့် ယခု လယ်ဝေးမြို့တွင် ပထမဆုံးအကြိမ် မြေငှားဂရန်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service