မူဆယ္-ေရႊလီနယ္စပ္မွ ကုန္သြယ္မွဳပမာဏ လာမည့္နွစ္တြင္ ၃၀ ရာခိုင္နွဳန္းခန္႔တိုးတက္မည္ - Property News in Myanmar from iMyanmarHouse.com
2687 Views

မူဆယ္-ေရႊလီနယ္စပ္မွ ကုန္သြယ္မွဳပမာဏ လာမည့္နွစ္တြင္ ၃၀ ရာခိုင္နွဳန္းခန္႔တိုးတက္မည္

 ### Zawgyi Version ###

ျမန္မာ-တရုတ္ နယ္စပ္ကုန္သြယ္မွဳျဖစ္သည့္ တက္ဟုန္းျပည္နယ္နွင့္ ျမန္မာနိုင္ငံအၾကား ကုန္သြယ္မွဳမွာ လာမည့္နွစ္တြင္ ၃၀ ရာခိုင္နွဳန္းခန္႔တိုးတက္လာနိုင္မည္ျဖစ္ေၾကာင္း တက္ဟုန္းျပည္နယ္ကုန္သည္ႀကီးမ်ား အသင္းထံမွ သိရသည္။

“၂၀၂၀ ခုနွစ္မွာ ကုန္သြယ္မွဳ ၃၀ ရာခိုင္နွဳန္း ပုိတက္လာမယ္ လာမည့္ ၃ နွစ္၊ ၄ နွစ္ဆို နွစ္ဆ သံုးဆပုိကာင္းလာမယ္။ကုန္သြယ္ေရးမွာဆိုရင္ စိုက္ပ်ိဳးေရးလည္းတိုးလာမယ္ ေမြးျမဴေရးလည္းေကာင္းလာမယ္ ျမန္မာထြက္ကုန္ေတြကုိ ျပည္တြင္းကေန တရုတ္ကုိ သြားနိုင္မယ္ဆိုရင္ကုန္သြယ္မွဳလည္းေကာင္းလာမယ္” တက္ဟုန္းျပည္နယ္ကုန္သည္ႀကီးမ်ားအသင္း ျမန္မာျပည္ရံုးခြဲတာ၀န္ခံ Mr Li Qigui ကေျပာၾကားသည္။

လက္ရွိ ၂၀၁၉ နို၀င္ဘာလကုန္အထိ ကုန္သြယ္မွဳ ပမာဏသည္ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံအထိရွိျပီး ျမန္မာနိုင္ငံမွ လယ္ယာထြက္ကုန္ ၊ ပဲ၊ နွမ္း၊ ဟင္းသီးဟင္းရြက္ ၊ ေရထြက္ကုန္မ်ားကုိ နယ္စပ္လမ္းေၾကာင္းမွ တင္ပုိ႔လ်က္ရွိေၾကာင္း အဆိုပါအသင္းထံမွသိရသည္။ တရုတ္နိုင္ငံအေနျဖင့္ ဆန္နွင့္ ေျပာင္းတင္ပုိ႔မွဳကုိထိန္းခ်ဳပ္ထားျပီး အဆိုပါကုန္စည္မ်ားကုိ ပင္လယ္ေရေၾကာင္း လိုင္းမ်ားမွ ကုန္သြယ္မွဳမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ယင္းအသင္းထံမွသိရသည္။

ျမန္မာနိုင္ငံအေနျဖင့္ တရုတ္နိုင္ငံသို႕ကုန္စည္အမ်ိဳးအစားေပါင္း ၆၀၀၀ ေက်ာ္ တင္ပုိ့လ်က္ရွိျပီး အစားအစာတင္ပုိ႔မွဳအတြက္သာ ပါမစ္ယူရသည့္ အေျခအေနရွိေၾကာင္း သိရသည္။ တရုတ္နိုင္ငံသည္ ျမန္မာနိုင္ငံတြင္ စိုက္ပ်ိဳးေမြးျမဴေရးနွင့္ ဟိုတယ္ခရီးသြားလုပ္ငန္းမ်ားအတြက္ ရင္းနွီးျမွဳပ္နွံမွဳမ်ား ၀င္ေရာက္လုပ္ကုိင္ရန္ စိတ္၀င္စားလ်က္ရွိျပီး တရုတ္-ျမန္မာ စီးပြားေရးဇုန္တည္ေထာင္ရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း တက္ဟုန္းျပည္နယ္ကုန္သည္ႀကီးမ်ားအသင္းထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဖြစ်သည့် တက်ဟုန်းပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုမှာ လာမည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းခန့်တိုးတက်လာနိုင်မည်ဖြစ်ကြောင်း တက်ဟုန်းပြည်နယ်ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။

“၂၀၂၀ ခုနှစ်မှာ ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်း ပိုတက်လာမယ် လာမည့် ၃ နှစ်၊ ၄ နှစ်ဆို နှစ်ဆ သုံးဆပိုကာင်းလာမယ်။ကုန်သွယ်ရေးမှာဆိုရင် စိုက်ပျိုးရေးလည်းတိုးလာမယ် မွေးမြူရေးလည်းကောင်းလာမယ် မြန်မာထွက်ကုန်တွေကို ပြည်တွင်းကနေ တရုတ်ကို သွားနိုင်မယ်ဆိုရင်ကုန်သွယ်မှုလည်းကောင်းလာမယ်” တက်ဟုန်းပြည်နယ်ကုန်သည်ကြီးများအသင်း မြန်မာပြည်ရုံးခွဲတာဝန်ခံ Mr Li Qigui ကပြောကြားသည်။

လက်ရှိ ၂၀၁၉ နိုဝင်ဘာလကုန်အထိ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိရှိပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ၊ ပဲ၊ နှမ်း၊ ဟင်းသီးဟင်းရွက် ၊ ရေထွက်ကုန်များကို နယ်စပ်လမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း အဆိုပါအသင်းထံမှသိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဆန်နှင့် ပြောင်းတင်ပို့မှုကိုထိန်းချုပ်ထားပြီး အဆိုပါကုန်စည်များကို ပင်လယ်ရေကြောင်း လိုင်းများမှ ကုန်သွယ်မှုများပြုလုပ်လျက်ရှိကြောင်း ယင်းအသင်းထံမှသိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ကုန်စည်အမျိုးအစားပေါင်း ၆၀၀၀ ကျော် တင်ပို့လျက်ရှိပြီး အစားအစာတင်ပို့မှုအတွက်သာ ပါမစ်ယူရသည့် အခြေအနေရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိပြီး တရုတ်-မြန်မာ စီးပွားရေးဇုန်တည်ထောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း တက်ဟုန်းပြည်နယ်ကုန်သည်ကြီးများအသင်းထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service