ေညာင္ဦး​ေလဆိပ္ကို ျမန္မာႏိုင္ငံ၏ စတုတၳ​ေျမာက္အျပည္ျပည္ဆိုင္​ေလဆိပ္အျဖစ္ သမၼတ႐ုံးသတ္မွတ္ - Property News in Myanmar from iMyanmarHouse.com
1942 Views

ေညာင္ဦး​ေလဆိပ္ကို ျမန္မာႏိုင္ငံ၏ စတုတၳ​ေျမာက္အျပည္ျပည္ဆိုင္​ေလဆိပ္အျဖစ္ သမၼတ႐ုံးသတ္မွတ္

### Zawgyi Version ###

ေညာင္ဦးေလဆိပ္ (ပုဂံ) ကို ျမန္မာႏိုင္ငံ၏ စတုတၳ​ေျမာက္ႏိုင္ငံတကာ​ေလဆိပ္အျဖစ္ သတ္မွတ္လိုက္သည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးကဒီဇင္ဘာ ၁၁ ရက္စြဲျဖင့္ေၾကညာသည္။

သို႔ေသာ္ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ လိုအပ္ခ်က္မ်ား၊ လုံၿခဳံေရးႏွင့္ စစ္ေဆးေရးဆိုင္ရာ အေျခခံ အေဆာက္အဦးမ်ား ဆက္လက္တပ္ဆင္ျဖည့္တင္းရဦးမည္ျဖစ္ရာလာမည့္ ၂၀၂၀မွသာ ႏိုင္ငံတကာ ေလယာဥ္ခရီးစဥ္မ်ား စတင္ပ်ံသန္းဖြယ္ ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက တာဝန္ရွိသူမ်ားက​ေျပာသည္။

ႏိုင္ငံေတာ္သမၼတ႐ုံး၏ အမိန႔္ေၾကာ္ျငာစာတြင္ ပုဂံ-ေညာင္ဦးေလဆိပ္ကို ႏိုင္ငံတကာ ခရီးစဥ္ ပ်ံသန္းသည့္ ေလယာဥ္မ်ား ဝင္ေရာက္၊ ထြက္ခြာႏိုင္ေသာ (Customs Aerodrome) အျဖစ္သတ္မွတ္လိုက္သည္ဟု ေဖာ္ျပထားသည္။

ေညာင္ဦး ေလဆိပ္ႏွင့္ ကေမာၻဒီးယားႏိုင္ငံ ဆီရမ္ရိေလဆိပ္ (အန္ေကာဝပ္ေက်ာင္းတည္ ရွိရာၿမိဳ႕) အၾကားတိုက္႐ိုက္ေလေၾကာင္းလိုင္းဆြဲရန္ အစိုးရစီစဥ္​ေနျခင္းျဖစ္သည္။

ေညာင္ဦး - ဆီရမ္ရိေလေၾကာင္း လိုင္းခရီးစဥ္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ ရည္႐ြယ္ခ်က္ျဖစ္သည့္ ကေမာၻဒီးယား ၊ ထိုင္း၊ လာအိုပါဝင္ေသာ Northern Buddhism Tour ၏အစိတ္ အပိုင္းတစ္ခုျဖစ္သည္ဟု ဒုတိယ သမၼတဦးဟင္နရီဗန္ထီးယူက​ေျပာထားသည္။

ကေမာၻဒီးယားႏိုင္ငံရွိ အန္ေကာဝပ္ေဒသသို႔ တစ္ႏွစ္လွ်င္ ျပည္ပခရီးသြား သုံးသန္းႏွင့္အထက္လာေရာက္ေနၿပီး ပုဂံေဒသသို႔ တစ္ႏွစ္လွ်င္ျပည္ပခရီးသြား သုံးသိန္းႏွင့္အထက္ ဝင္ေရာက္ေနသည္။ ေညာင္ဦး - ဆီရမ္ရိအၾကား တိုက္႐ိုက္ေလေၾကာင္းလိုင္း ပ်ံသန္းႏိုင္ပါက အန္ေကာဝပ္သို႔ လာေရာက္သည့္ တတိယႏိုင္ငံသားမ်ားလည္း ပုဂံေဒသသို႔လာ ေရာက္လည္ပတ္လိမ့္မည္ဟု ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ား က ခန႔္မွန္းထားသည္။

ေညာင္ဦးေလဆိပ္ကို ႏိုင္ငံတကာမွခရီးသည္တင္ေလယာဥ္မ်ားဆင္းသက္ရာတြင္ Airbus A 320 ေလယာဥ္အထိဆင္းသက္ခြင့္ျပဳမည္ဟု ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန တာဝန္ ရွိသူတစ္ဦးကေျပာသည္။ လက္ရွိ အခ်ိန္၌ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ေညာင္ဦးေလဆိပ္သို႔ ATR 72 ေလ ယာဥ္ ႏွင့္ Embraer 190 ေလယာဥ္ႏွစ္ မ်ိဳးကိုသာ ဆင္းသက္ခြင့္ျပဳထား သည္။

ပုဂံ-ေညာင္ဦး ေလဆိပ္၏ လက္ရွိ အေနအထားအရ ေလယာဥ္အႀကီးစားမ်ား ဆင္းသက္ႏိုင္မည္ မဟုတ္ေသးဘဲ စင္းလုံးငွားေလယာဥ္မ်ားသာ အဓိကပ်ံသန္းဖြယ္ရွိသည္။

ေညာင္ဦးေလဆိပ္ကို ႏိုင္ငံတကာမွ ေလယာဥ္မ်ားတိုက္႐ိုက္ဆင္းသက္ခြင့္ ျပဳမည္ျဖစ္ေသာ္လည္း ႏိုင္ငံတကာေလယာဥ္မ်ားဆင္းသက္ႏိုင္သည့္ ေဒသတြင္းေလဆိပ္ဟုသာ ေခၚဆိုႏိုင္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန တာဝန္ရွိသူက ေျပာသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ညောင်ဦးလေဆိပ် (ပုဂံ) ကို မြန်မာနိုင်ငံ၏ စတုတ္ထမြောက်နိုင်ငံတကာလေဆိပ်အဖြစ် သတ်မှတ်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးကဒီဇင်ဘာ ၁၁ ရက်စွဲဖြင့်ကြေညာသည်။

သို့သော် လေကြောင်းပျံသန်းမှုဆိုင်ရာ လိုအပ်ချက်များ၊ လုံခြုံရေးနှင့် စစ်ဆေးရေးဆိုင်ရာ အခြေခံ အဆောက်အဦးများ ဆက်လက်တပ်ဆင်ဖြည့်တင်းရဦးမည်ဖြစ်ရာလာမည့် ၂၀၂၀မှသာ နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းဖွယ် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှ်သူများကပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ပုဂံ-ညောင်ဦးလေဆိပ်ကို နိုင်ငံတကာ ခရီးစဉ် ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်၊ ထွက်ခွာနိုင်သော (Customs Aerodrome) အဖြစ် သတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

ညောင်ဦး လေဆိပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိလေဆိပ် (အန်ကောဝပ်ကျောင်းတည် ရှိရာမြို့) အကြားတိုက်ရိုက်လေကြောင်းလိုင်းဆွဲရန် အစိုးရစီစဉ်နေခြင်းဖြစ်သည်။

ညောင်ဦး - ဆီရမ်ရိလေကြောင်း လိုင်းခရီးစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံ၏ ရည်ရွယ်ချက်ဖြစ်သည့် ကမ္ဘောဒီးယား ၊ ထိုင်း၊ လာအိုပါဝင်သော Northern Buddhism Tour ၏အစိတ် အပိုင်းတစ်ခုဖြစ်သည်ဟု ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူကပြောထားသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ဒေသသို့ တစ်နှစ်လျှင် ပြည်ပခရီးသွား သုံးသန်းနှင့်အထက်လာရောက်နေပြီး ပုဂံဒေသသို့ တစ်နှစ်လျှင်ပြည်ပခရီးသွား သုံးသိန်းနှင့်အထက် ဝင်ရောက်နေသည်။ ညောင်ဦး - ဆီရမ်ရိအ ကြား တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ပါက အန်ကောဝပ်သို့ လာရောက်သည့် တတိယနိုင်ငံသားများလည်း ပုဂံဒေသသို့လာ ရောက်လည်ပတ်လိမ့်မည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ က ခန့်မှန်းထားသည်။

ညောင်ဦးလေဆိပ်ကို နိုင်ငံတကာမှခရီးသည်တင်လေယာဉ်များဆင်းသက်ရာတွင် Airbus A 320 လေယာဉ်အထိဆင်းသက်ခွင့်ပြုမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန် ရှိသူတစ်ဦးကပြောသည်။ လက်ရှိ အချိန်၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ညောင်ဦးလေဆိပ်သို့ ATR 72 လေ ယာဉ် နှင့် Embraer 190 လေယာဉ်နှစ် မျိုးကိုသာ ဆင်းသက်ခွင့်ပြုထား သည်။

ပုဂံ-ညောင်ဦး လေဆိပ်၏ လက်ရှိ အနေအထားအရ လေယာဉ်အကြီးစားများ ဆင်းသက်နိုင်မည် မဟုတ်သေးဘဲ စင်းလုံးငှားလေယာဉ်များသာ အဓိကပျံသန်းဖွယ်ရှိသည်။

ညောင်ဦးလေဆိပ်ကို နိုင်ငံတကာမှ လေယာဉ်များတိုက်ရိုက်ဆင်းသက်ခွင့် ပြုမည်ဖြစ်သော်လည်း နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်သည့် ဒေသတွင်းလေဆိပ်ဟုသာ ခေါ်ဆိုနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service