[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း - Property News in Myanmar from iMyanmarHouse.com
27 May 2025 12:13 pm တွင် တင်ခဲ့သည်
564 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ မာဒူးဘာနီးခရိုင်တွင် ထူးဆန်းသော ဈေးတစ်ခုရှိနေသည်။

ထိုဈေးထဲတွင် အမျိုးသားတို့သည် သတို့သားလောင်းများအဖြစ် တန်းစီရပ်ပြနေကြကာ မိန်းကလေးတို့က ၎င်းတို့အား ခင်ပွန်းလောင်းအဖြစ် စိတ်ကြိုက်ရွေးချယ် ဝယ်ယူကြသည်။

ထိုဈေးကို ဒေသခံတို့က ဆူရာ့သ် ဆဘား (သတို့သားဈေး) ဟု ခေါ်ကြသည်။

ထိုဈေးသို့ မိန်းကလေးများက ၎င်းတို့၏ မိဘညီအစ်ကိုမောင်နှမများကို ခေါ်ယူလာကာ သတို့သားလောင်းကို စိတ်ကြိုက်ရွေးချယ်ကြသည်။

ဆူရာ့သ် ဆဘားဈေးသည် နှစ်ပေါင်း ၇၀၀ သက်တမ်းရှိပြီဟု ဆိုသည်။

(▲ စက်ရုံတစ်ခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ နီဘွေး ချန်ဒရ ချာ အမည်ရှိ အမျိုးသားမှာ အိမ်ထောင်ဖက် ရှာဖွေသည့်အနေဖြင့် ဆူရာ့သ်ဆဘားဈေးသို့ လာရောက်ခဲ့ပြီး သတို့သမီးလောင်းကို မျှော်လင့်စောင့်စား နေသည်။ ဓာတ်ပုံ-Ismat Ara/Al Jazeera)

သတို့သားလောင်းကို မရွေးချယ်မီတွင် မိန်းကလေး၏ မိသားစုဝင်တို့က အဆိုပါအမျိုးသား၏ ပညာအရည်အချင်း၊ မိသားစုနောက်ကြောင်းအပြင် အသက်အရွယ်အထောက်အထားနှင့် အခြားစာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုကြသည်။

အကယ်၍ မိန်းကလေးတစ်ဦးက ဆူရာ့သ် ဆဘားဈေးရှိ သတို့သားလောင်း အမျိုးသားတစ်ဦးကို နှစ်သက်သဘောကျပြီး ရွေးချယ်ခဲ့ပါက သတို့သားလောင်း၏ မိသားစုနှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။

ဆူရာ့သ် ဆဘားဈေးသို့ လာရောက်သည့် သတို့သားလောင်းတို့မှာ အိန္ဒိယရိုးရာ ဒိုတီနှင့် ကာတာ (ဒူးအထိရောက်သော အင်္ကျိရှည်) (သို့မဟုတ်) ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီများ ဝတ်ဆင်လာကြသည်။

ဈေးနှုန်းမှာ ၎င်းတို့၏ ပညာအရည်အချင်းနှင့် အဆင့်အတန်းတို့အပေါ် မူတည်သည်။

ဒေသခံအချို့၏ ပြောပြချက်များအရ ထိုဓလေ့မှာ ဒိုဂရာ မင်းဆက်ခေတ် မဟာရာဇာ ဟာရီဆင်း (မွေး ၁၈၉၅-ကွယ်လွန် ၁၉၆၁) က စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုဓလေ့၏ ရည်ရွယ်ချက်မှာ မျိုးနွှယ်မတူသူများအကြား လက်ဆက်ကြစေရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် နှစ်ဘက်မိဘ၏ ဆွေစဉ်မျိုးဆက် ၇ ဆက်အထိ သွေးသားတော်စပ်မှု ရှိ၊ မရှိနှင့် သွေးအုပ်စုတို့ကို စစ်ဆေးကာ သွေးသားတော်စပ်သူများ လက်ထပ်ခြင်းကို ခွင့်မပြုချေ။

(မှတ်ချက်။ သွေးအုပ်စုကို စစ်ဆေးခြင်းမှာ မွေးဖွားလာမည့် ရင်သွေးအတွက် မျှော်တွေးခြင်း ဖြစ်နိုင်သည်။ ပေါင်းစပ်၍ မရနိုင်သော သွေးအုပ်စုရှိသည့် မိဘနှစ်ဦးမှ မွေးဖွားသော ကလေးငယ်တို့တွင် ကျန်းမာရေးပြဿနာများရှိလာနိုင်သည်။ ဥပမာ - မိခင်မှာ Rh-negative (O-, A-, B-, AB-) ဖြစ်ပြီး ဖခင်မှာ Rh-positive ဖြစ်နေပါက ကလေးမွေးဖွားချိန်တွင် မိခင်၏ ကိုယ်ခံအားစနစ်က anti-Rh antibodies များ ထုတ်လုပ်ကာ ကလေးငယ်၏ သွေးနီဆဲလ်တို့ကို တိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့် ပြင်းထန်သော သွေးအားနည်းရောဂါ၊ အသားဝါ၊ ဦးနှောက်ထိခိုက်ခြင်း၊ မျိုးဗီဇ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းနှင့် လျှောမွေးတို့ ဖြစ်နိုင်သည်။ ထို့အပြင် ABO သွေးတို့ သဟဇာတမဖြစ်မှုလည်း ရှိသေးသည်။ မိခင်မှာ အိုသွေးဖြစ်ပြီး ကလေးငယ်မှာ ဖခင်ထံမှ A သို့မဟုတ် B သွေး အမွေဆက်ခံရပါက သွေးနီဥပေါက်ကွဲသည့် အပျော့စား သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ ထိုမှတဆင့် မွေးကင်းစ ကလေးငယ်ကို အသားဝါရောဂါ ဖြစ်စေနိုင်သည်။ A+A, B+B နှင့် O+O တို့မှာ ဘေးကင်းမှုရှိသည်။ အန္တရာယ်များသည်မှာ Rh- (မိခင်) နှင့် Rh+ (ဖခင်) ပေါင်းစည်းမှု ဖြစ်သည်။)

(▲ ပန်ဂျီကာ (သို့မဟုတ်) ဆွေစဉ်မျိုးဆက် မှတ်တမ်းများ သိမ်းဆည်းသူက မိသားစုတို့၏ ရာစုနှစ်ချီသော ဆွေစဉ်မျိုးဆက် စာရင်းကို ဖတ်ပြနေပုံ။ ဓာတ်ပုံ-Ismat Ara/Al Jazeera])

ဆူရာ့သ်ဆဘားဈေးကြောင့် မိန်းကလေးတို့မှာ ခင်ပွန်းကောင်းရှာဖွေရန် ပိုမိုလွယ်ကူလာပြီး ရွေးချယ်စရာ များပြားလာသည်။

ဤဓလေ့မှာ အိန္ဒိယတွင် မိန်းကလေးက ယောက်ျားလေးဘက်ကို တင်တောင်းငွေ ပေးရသည့်ဓလေ့ ပျောက်ကွယ်စေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း သတင်းများစွာအရ ယခုကဲ့သို့ လက်ထပ်ပွဲများတွင်ပင်လျှင် တင်တောင်းငွေများ ပေးနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဆူရာ့သ်ဆဘားဈေးသို့ သတို့သားလောင်း အမျိုးသားများက အုပ်ထိန်းသူများနှင့်အတူ ရောက်လာကာ ဗောဓိညောင်ပင်များအောက်တွင် စုဝေးကြပြီး ခင်ပွန်းလောင်းရွေးချယ်မည့် မိန်းကလေးတို့ကို စောင့်မျှော်ကြသည်။

(▲ ပန်ဂျီကာတို့ ထိန်းသိမ်းထားလေ့ရှိသော မိသားစုရာဇဝင် စာအုပ်တစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ-Ismat Ara/Al Jazeera)

ဆူရာ့သ် ဆဘားဈေးမှာ ၁၀ ရက်တစ်ဈေးဖြစ်ပြီး မိုင်သိလိ ဗြဟ္ခဏ မျိုးနွှယ်တို့က သမီးများကို ခေါ်ယူကာ သတို့သားလောင်း လာရောက်ရွေးချယ်ကြသည်။

(▲ သတို့သားဈေးသို့ လာရောက်သူများကို ကြိုဆိုသည့် ဆိုင်းဘုတ်။ ဓာတ်ပုံ-Ismat Ara/Al Jazeera)

သမီးအတွက် သင့်တော်သည့်အိမ်ထောင်ဖက်ကို တွေ့လျှင် လက်ထပ်ရန်အတွက် ဆက်လက်လုပ်ဆောင်ကြသည်။

(▲ မီဟက် ပန်ဒေးအမည်ရှိ မိန်းကလေး (ယာစွန်) ကို သတို့သားဈေးတွင် မောင်ငယ်၊ မိခင်တို့နှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Ismat Ara/Al Jazeera)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Inside a 700-year-old ‘groom market’ in India’s Bihar state Photo Credit- Ismat Ara/Al Jazeera

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service