ခရီးသြားက႑တြင္ ျဖစ္ေပၚေနတဲ့ဇီးရိုးဘတ္ဂ်က္ကို တားဆီးေပးနိုင္ဖို႔ အစီအစဥ္ရွိမရွိ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေမးျမန္း - Property News in Myanmar from iMyanmarHouse.com
1355 Views

ခရီးသြားက႑တြင္ ျဖစ္ေပၚေနတဲ့ဇီးရိုးဘတ္ဂ်က္ကို တားဆီးေပးနိုင္ဖို႔ အစီအစဥ္ရွိမရွိ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေမးျမန္း

### Zawgyi Version ###

ခရီးသြားက႑တြင္ ျဖစ္ေပၚေနတဲ့ဇီးရိုးဘတ္ဂ်က္ကို တားဆီးေပးနိုင္ဖို႔ အစီအစဥ္ရွိမရွိ လိႈင္မဲဆႏၵနယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေမးျမန္းခဲ့ျခင္းျဖစ္သည္။

အဆိုပါေမးျမန္းမႈအေပၚ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယဝန္ ႀကီးဦးတင္လတ္က ဇီးရိုးဘတ္ဂ်က္အမည္တြင္ရသည့္အေၾကာင္း ႏွင့္ ေဆာင္ရြက္သြားမည့္ အစီအစဥ္မ်ားကို ဒီဇင္ဘာ ၁၁ ရက္က ျပန္လည္ရွင္းလင္းေျဖၾကားသည္။

ဒုတိယဝန္ႀကီးက ခရီးသြားအဝင္က်ဆင္းေနသည့္ ကာလခရီးသြားလုပ္ငန္းကုမၺဏီအခ်ိဳ႕က အခ်ိဳ႕ခရီးစဥ္ေဒသမ်ားရွိ ဟိုတယ္မ်ားကိုသာမန္အခ်ိန္ေပါက္ေဈးထက္ ေလ်ာ့နည္းသည့္ေဈးႏႈန္းႏွင့္ တစ္ႏွစ္စာႀကိဳတင္စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းမႈမ်ားရွိေၾကာင္း၊စားေသာက္ဆိုင္ အခ်ိဳ႕လည္း မူလေရာင္းေဈးထက္ ေလ်ာ့နည္းသည့္ ေဈးႏႈန္းႏွင့္ တစ္ႏွစ္စာႀကိဳတင္စာခ်ဳပ္ခ်ဳပ္ဆိုမႈ မ်ားလုပ္ထားေၾကာင္း၊သယ္ယူပို႔ ေဆာင္ေရးယာဥ္၊ခရီးစဥ္မ်ား၊ခရီးစဥ္အတြင္း လက္ေဆာင္ပစၥည္းဆိုင္ကေပးသည့္ ေကာ္မရွင္ကို အေျချပဳၿပီး အဆမတန္ေလၽွာ့ခ်ထားသည့္ ေဈးႏႈန္းမ်ားႏွင့္ ေရာင္းခ်ျခင္းမ်ားရွိေၾကာင္း၊ တရားမဝင္ ဧည့္လမ္းညႊန္ ၊လိုင္စင္မဲ့ဟိုတယ္၊တည္းခိုရိပ္သာမ်ားကို အသုံးျပဳျခင္း၊ လိုင္စင္မရွိဘဲခရီးလွည့္လည္ေရးလုပ္ငန္း လုပ္ေဆာင္ျခင္းမ်ား၊တရားမဝင္ ေငြေပးေခ်မႈနည္းလမ္းမ်ားကို အသ ုံးျပဳျခင္းမ်ားရွိေၾကာင္းဆို ပါတယ္။

ယင္းေၾကာင့္ ဟိုတယ္၊စားေသာက္ဆိုင္ႏွင့္ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ား၏ ေဈးႏႈန္းသတ္မွတ္မႈႏွင့္ ပတ္သက္၍ ေရာင္းသူ ဝယ္သူႏွစ္ဖက္ သေဘာတူခ်ဳပ္ဆိုေဆာင္ရြက္တာမ်ိဳးကို ဝန္ႀကီးဌာနအေနႏွင့္ ၾကားဝင္ေဆာင္ရြက္ဖို႔မရွိ ေသာ္လည္း ခရီးစဥ္မ်ားေရာင္းခ်ရာတြင္ အမွန္ ကုန္က်စရိတ္ထက္ေလ်ာ့ နည္းသည့္ေဈးႏႈန္းႏွင့္ ေရာင္းခ်လွ်င္ယွဥ္ၿပိဳင္မႈဥပေဒႏွင့္ၿငိစြန္းမွာျဖစ္ၿပီး စီမံခန႔္ခြဲေရးနည္းလမ္းအရ ျဖစ္ေစ၊ ျပစ္မႈေျမာက္ေၾကာင္းအရျဖစ္ေစ၊တရားမေၾကာင္းအရျဖစ္ေစ အေရးယူခြင့္ရွိသည့္ သက္ဆိုင္ရာဌာနမ်ားႏွင့္ လိုအပ္သည့္ ေဆြးေႏြးညႇိႏွိုင္းမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ဟိုတယ္ႏွင့္တည္းခိုရိပ္သာ ခရီးသြားလွည့္လည္ေရး ဧည့္လမ္းညႊန္စသည့္ လုပ္ငန္းမ်ားကိုလည္း လိုင္စင္မရွိဘဲေဆာင္ရြက္လွ်င္ ခရီးသြားလုပ္ငန္းဥပေဒႏွင့္ၿငိစြန္းၿပီး ရဲအေရးပိုင္သည့္ ျပစ္မႈျဖစ္တယ္လို႔ ဒုဝန္ႀကီးကဆိုပါတယ္။ အဆိုပါ ကိစၥမ်ားအတြက္ သက္ဆိုင္ရာေဒသအလိုက္ ခရီးသြားလုပ္ငန္းေစာင့္ၾကည့္ေလ့လာသုံးသပ္ေရး အဖြဲ႕မ်ားကို ျမန္မာနိုင္ငံခရီး သြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ညီေနာင္အသင္း ၁၁ သင္းက ေပးအပ္သည့္ကိုယ္ စားလွယ္မ်ားႏွင့္ပါဝင္ဖြဲ႕စည္းထားၿပီး ယင္းအဖြဲ႔မ်ား၏ သတင္းေပးပို႔ခ်က္အရ ပညာေပးတာေတြ၊သတိေပးတာေတြ၊အေရးယူတာေတြကို အဆင့္ဆင့္ေဆာင္ရြက္နိုင္ဖို႔ တရားဥပေဒစိုးမိုးေရး အဖြဲ႕အစည္းမ်ားႏွင့္ ေဆြးေႏြးညႇိႏွိုင္းမွာျဖစ္ေၾကာင္းသိရသည္။

ဒုဝန္ႀကီးက ဇီးရိုးဘတ္ဂ်က္ခရီးသြားဆိုရာတြင္ နိုင္ငံအတြက္အက်ိဳးမရွိ ဝင္ေငြမရွိတာမ်ိဳး မဟုတ္ဘဲ အျခားနိုင္ငံသားမ်ားႏွင့္ႏွိုင္းယွဥ္လၽွင္ တစ္ဦးခ်င္း သုံးစြဲမႈေလ်ာ့နည္းျခင္းႏွင့္တရား မဝင္လုပ္ငန္းေဆာင္ရြက္သူမ်ား တရားမဝင္ေငြေပးေခ်မႈမ်ားေၾကာင့္ နိုင္ငံေတာ္မွရသင့္ရထိုက္သည့္ အခြန္အခမ်ား ေလ်ာ့နည္းေနျခင္းသာျဖစ္ေၾကာင္းေျပာသည္။

၂၀၁၅ ခုႏွစ္မွာ ခရီးသြားဧည့္သည္ ေလးသန္းေက်ာ္ဝင္ေရာက္ခဲ့ၿပီးတဲ့ေနာက္ပိုင္း ရခိုင္ပဋိပကၡေၾကာင့္ အေနာက္နိုင္ငံခရီး ခရီးသြားသုံးသန္းေက်ာ္အထိက်ဆင္းခဲ့ေၾကာင္း၊ယင္းေၾကာင့္တ႐ုတ္၊ဂ်ပန္၊ကိုရီးယားစသည့္ နိုင္ငံမ်ားကို ဗီဇာေျဖေလၽွာ့မႈျပဳလုပ္ေပးခဲ့ေၾကာင္း၊ တ႐ုတ္ခရီးသြားဝင္ေရာက္မႈသည္ ၂၀၁၈ ခုႏွစ္က ႏွစ္သိန္းေက်ာ္ရွိခဲ့ရာမွ၂၀၁၉ ေအာက္တိုဘာလကုန္ စာရင္းမ်ားအရ ေျခာက္သိန္း ေက်ာ္ ဝင္ေရာက္ခဲ့၍ ၂၀၁၉ မွာ ေလးသိန္းမက တိုးတက္ဖို႔ရွိေၾကာင္း၊ဗီဇာေၾကးမွာတစ္ဦး ကိုေဒၚလာ ၅ဝ ႏွင့္ဆိုလွ်င္ မႏွစ္ကထက္ ေဒၚလာႏွစ္သန္း ပိုမိုရရွိခဲ့ ေၾကာင္းသိရသည္။

ဧည့္လမ္းညႊန္သင္တန္းမ်ားကို တ႐ုတ္ခရီးသည္ ဝင္ေပါက္ေဒသမ်ားတြင္ အရွိန္ျမႇင့္ဖြင့္လွစ္သင္ၾကားပို႔ခ်ေန ေၾကာင္း၊ဟိုတယ္ႏွင့္တည္းခိုရိပ္သာ ခရီးသြားလွည့္လည္ေရး ဧည့္လမ္းညႊန္စသည့္ လုပ္ငန္းလိုင္စင္ရယူျခင္းႏွင့္ သက္တမ္းတိုးျခင္းမ်ားကိုလည္း ျမန္ျမန္ဆန္ဆန္ရရွိနိုင္ဖို႔ ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္း ေကာ္မတီမ်ားႏွင့္ ညႇိႏိႈင္းေဆာင္ရြက္ေပးေနေၾကာင္း၊စစ္တမ္းေတြအရ တ႐ုတ္ခရီးသြားမ်ား ျမန္မာနိုင္ငံအတြင္းမွာ ပ်မ္းမၽွ ေလးရက္ေနထိုင္ၿပီး တစ္ရက္ပ်မ္းမၽွ ၆၅ ေဒၚလာ ေလာက္သုံးစြဲသည့္အတြက္ တစ္ဦးခ်င္းသုံး စြဲမႈပ်မ္းမၽွ ေဒၚ လာ၂၆၀၊လူဦးေရေလးသိန္း အတြက္ဆိုလွ်င္ ေဒၚလာ ၁၀၄ သန္းေလာက္ ပိုမိုသုံးစြဲေၾကာင္း၊အဆိုပါ သုံးစြဲမႈမ်ားသည္ နိုင္ငံသားလုပ္ငန္းရွင္မ်ားကို အဓိက အက်ိဳးရွိေစဖို႔ႏွင့္ နိုင္ငံေတာ္အတြက္ ထိုက္သင့္သည့္ အခြန္အခမ်ားေကာက္ယူဖို႔ ဝန္ႀကီးဌာနက သက္ဆိုင္ရာအဖြဲ႕့ အစည္းမ်ားႏွင့္ပူးေပါင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းေျပာသည္။

တစ္ဦးခ်င္း သုံးစြဲေငြပိုမ်ားသည့္ ခရီးသြားဧည့္သည္မ်ားကို ပိုမိုဆြဲေဆာင္ၿပီး Budget Tourism ဘက္ကို ဦးတည္နိုင္ဖို႔ ဥေရာပ ေျခာက္ နိုင္ငံကို ဗီဇာေၿဖ ေလၽွာ့ျခင္း၊ျမန္မာနိုင္ငံ၏ခရီးသြား ေဒသမ်ားကို ပိုမိုသိရွိေစဖို႔ သက္ဆိုင္ရာ နိုင္ငံအလိုက္ ေဈးကြက္ျမႇင့္တင္ေရးအဖြဲ႕မ်ားဖြဲ႕စည္းလုပ္ေဆာင္ျခင္း၊အခုကာလတြင္ package tour ထက္ပိုမိုေရပန္းစားလာသည့္ independent traveller မ်ား၊ျမန္မာနိုင္ငံခရီးသြားေဒသမ်ားႏွင့္ ပတ္သက္သည့္သတင္းအခ်က္အလက္မ်ားကို အလြယ္တကူရရွိနိုင္ဖို႔ online digital promoration မ်ားကို   ျမန္မာနိုင္ငံခရီးသြားလုပ္ငန္း အဖြဲ႕ခ်ဳပ္ႏွင့္ညီေနာင္အသင္း ၁၁ သင္းတို႔ပူးေပါင္းလုပ္ေဆာင္ ေနေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ လှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးမြန်းမှုအပေါ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးတင်လတ်က ဇီးရိုးဘတ်ဂျက်အမည်တွင်ရသည့်အကြောင်း နှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဒီဇင်ဘာ ၁၁ ရက်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဒုတိယဝန်ကြီးက ခရီးသွားအဝင်ကျဆင်းနေသည့် ကာလခရီးသွားလုပ်ငန်းကုမ္ဗဏီအချို့က အချို့ခရီးစဉ်ဒေသများရှိ ဟိုတယ်များကိုသာမန်အချိန်ပေါက်ဈေးထက် လျော့နည်းသည့်ဈေးနှုန်းနှင့် တစ်နှစ်စာကြိုတင်စာချုပ်ချုပ်ဆို ငှားရမ်းမှုများရှိကြောင်း၊စားသောက်ဆိုင် အချို့လည်း မူလရောင်းဈေးထက် လျော့နည်းသည့် ဈေးနှုန်းနှင့် တစ်နှစ်စာကြိုတင်စာချုပ်ချုပ်ဆိုမှု များလုပ်ထားကြောင်း၊သယ်ယူပို့ ဆောင်ရေးယာဉ်၊ခရီးစဉ်များ၊ခရီးစဉ်အတွင်း လက်ဆောင်ပစ္စည်းဆိုင်ကပေးသည့် ကော်မရှင်ကို အခြေပြုပြီး အဆမတန်လျှော့ချထားသည့် ဈေးနှုန်းများနှင့် ရောင်းချခြင်းများရှိကြောင်း၊ တရားမဝင် ဧည့်လမ်းညွှန် ၊လိုင်စင်မဲ့ဟိုတယ်၊တည်းခိုရိပ်သာများကို အသုံးပြုခြင်း၊ လိုင်စင်မရှိဘဲခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းများ၊တရားမဝင် ငွေပေးချေမှုနည်းလမ်းများကို အသ ုံးပြုခြင်းများရှိကြောင်းဆို ပါတယ်။

ယင်းကြောင့် ဟိုတယ်၊စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ဈေးနှုန်းသတ်မှတ်မှုနှင့် ပတ်သက်၍ ရောင်းသူ ဝယ်သူနှစ်ဖက် သဘောတူချုပ်ဆိုဆောင်ရွက်တာမျိုးကို ဝန်ကြီးဌာနအနေနှင့် ကြားဝင်ဆောင်ရွက်ဖို့မရှိ သော်လည်း ခရီးစဉ်များရောင်းချရာတွင် အမှန် ကုန်ကျစရိတ်ထက်လျော့ နည်းသည့်ဈေးနှုန်းနှင့် ရောင်းချလျှင်ယှဉ်ပြိုင်မှုဥပဒေနှင့်ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ ဖြစ်စေ၊ ပြစ်မှုမြောက်ကြောင်းအရဖြစ်စေ၊တရားမကြောင်းအရဖြစ်စေ အရေးယူခွင့်ရှိသည့် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ဟိုတယ်နှင့်တည်းခိုရိပ်သာ ခရီးသွားလှည့်လည်ရေး ဧည့်လမ်းညွှန်စသည့် လုပ်ငန်းများကိုလည်း လိုင်စင်မရှိဘဲဆောင်ရွက်လျှင် ခရီးသွားလုပ်ငန်းဥပဒေနှင့်ငြိစွန်းပြီး ရဲအရေးပိုင်သည့် ပြစ်မှုဖြစ်တယ်လို့ ဒုဝန်ကြီးကဆိုပါတယ်။ အဆိုပါ ကိစ္စများအတွက် သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်းစောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့များကို မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းက ပေးအပ်သည့်ကိုယ် စားလှယ်များနှင့်ပါဝင်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များ၏ သတင်းပေးပို့ချက်အရ ပညာပေးတာတွေ၊သတိပေးတာတွေ၊အရေးယူတာတွေကို အဆင့်ဆင့်ဆောင်ရွက်နိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှာဖြစ်ကြောင်းသိရသည်။

ဒုဝန်ကြီးက ဇီးရိုး ဘတ်ဂျက်ခရီးသွားဆိုရာတွင် နိုင်ငံအတွက်အကျိုးမရှိ ဝင်ငွေမရှိတာမျိုး မဟုတ်ဘဲ အခြားနိုင်ငံသားများနှင့်နှိုင်းယှဉ်လျှင် တစ်ဦးချင်း သုံးစွဲမှုလျော့နည်းခြင်းနှင့်တရား မဝင်လုပ်ငန်းဆောင်ရွက်သူများ တရားမဝင်ငွေပေးချေမှုများကြောင့် နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများ လျော့နည်းနေခြင်းသာဖြစ်ကြောင်းပြောသည်။

၂၀၁၅ ခုနှစ်မှာ ခရီးသွားဧည့်သည် လေးသန်းကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း ရခိုင်ပဋိပက္ခကြောင့် အနောက်နိုင်ငံခရီး ခရီးသွားသုံးသန်းကျော်အထိကျဆင်းခဲ့ကြောင်း၊ယင်းကြောင့်တရုတ်၊ဂျပန်၊ကိုရီးယားစသည့် နိုင်ငံများကို ဗီဇာဖြေလျှော့မှုပြုလုပ်ပေးခဲ့ကြောင်း၊ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်က နှစ်သိန်းကျော်ရှိခဲ့ရာမှ၂၀၁၉ အောက်တိုဘာလကုန် စာရင်းများအရ ခြောက်သိန်း ကျော် ဝင်ရောက်ခဲ့၍ ၂၀၁၉ မှာ လေးသိန်းမက တိုးတက်ဖို့ရှိကြောင်း၊ဗီဇာကြေးမှာတစ်ဦး ကိုဒေါ်လာ ၅ဝ နှင့်ဆိုလျှင် မနှစ်ကထက် ဒေါ်လာနှစ်သန်း ပိုမိုရရှိခဲ့ ကြောင်းသိရသည်။

ဧည့်လမ်းညွှန်သင်တန်းများကို တရုတ်ခရီးသည် ဝင်ပေါက်ဒေသများတွင် အရှိန်မြှင့်ဖွင့်လှစ်သင်ကြားပို့ချနေ ကြောင်း၊ဟိုတယ်နှင့်တည်းခိုရိပ်သာ ခရီးသွားလှည့်လည်ရေး ဧည့်လမ်းညွှန်စသည့် လုပ်ငန်းလိုင်စင်ရယူခြင်းနှင့် သက်တမ်းတိုးခြင်းများကိုလည်း မြန်မြန်ဆန်ဆန်ရရှိနိုင်ဖို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း၊စစ်တမ်းတွေအရ တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်းမှာ ပျမ်းမျှ လေးရက်နေထိုင်ပြီး တစ်ရက်ပျမ်းမျှ ၆၅ ဒေါ်လာ လောက်သုံးစွဲသည့်အတွက် တစ်ဦးချင်းသုံး စွဲမှုပျမ်းမျှ ဒေါ် လာ၂၆၀၊လူဦးရေလေးသိန်း အတွက်ဆိုလျှင် ဒေါ်လာ ၁၀၄ သန်းလောက် ပိုမိုသုံးစွဲကြောင်း၊အဆိုပါ သုံးစွဲမှုများသည် နိုင်ငံသားလုပ်ငန်းရှင်များကို အဓိက အကျိုးရှိစေဖို့နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများကောက်ယူဖို့ ဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။

တစ်ဦးချင်း သုံးစွဲငွေပိုများသည့် ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ပြီး Budget Tourism ဘက်ကို ဦးတည်နိုင်ဖို့ ဥရောပ ခြောက် နိုင်ငံကို ဗီဇာဖြေ လျှော့ခြင်း၊မြန်မာနိုင်ငံ၏ခရီးသွား ဒေသများကို ပိုမိုသိရှိစေဖို့ သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးကွက်မြှင့်တင်ရေးအဖွဲ့များဖွဲ့စည်းလုပ်ဆောင်ခြင်း၊အခုကာလတွင် package tour ထက်ပိုမိုရေပန်းစားလာသည့် independent traveller များ၊မြန်မာနိုင်ငံခရီးသွားဒေသများနှင့် ပတ်သက်သည့်သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်ဖို့ online digital promoration များကို   မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်ညီနောင်အသင်း ၁၁ သင်းတို့ပူးပေါင်းလုပ်ဆောင် နေကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service