လက္ရွိ အခြန္ဥပေဒအတိုင္း ဆက္သြားနိုင္ပါက၂၀၂၀ အိမ္၊ ျခံ၊ ေျမ ေစ်းကြက္ေကာင္းမြန္လာမည္ဟုဆို - Property News in Myanmar from iMyanmarHouse.com
4779 Views

လက္ရွိ အခြန္ဥပေဒအတိုင္း ဆက္သြားနိုင္ပါက၂၀၂၀ အိမ္၊ ျခံ၊ ေျမ ေစ်းကြက္ေကာင္းမြန္လာမည္ဟုဆို

### Zawgyi Version ###

ျမန္မာနိုင္ငံတြင္ စက္တင္ဘာ ၁၉ ရက္ေန႕က ေျပာင္းလဲသတ္မွတ္လိုက္သည့္ စည္းၾကပ္ခြန္မွကင္းလြတ္ေနသည့္ ေငြမ်ားအခြန္နွဳန္းထားအတိုင္းဆက္လက္သြားနိုင္ပါကလာမည့္နွစ္တြင္ အိမ္၊ ျခံ၊ ေျမ ေစ်းကြက္မ်ားပုိမိုေကာင္းမြန္လာနိုင္မည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ အိမ္၊ ျခံ၊ ေျမ ဖြံ႕ျဖိဳးတိုးတက္ေရးအသင္းမွ ဗဟိုအလုပ္မွဳေဆာင္ဥကၠဌ ဦးတင္ေမာင္ကေျပာၾကားသည္။

“ အခုအစိုးရသတ္မွတ္လိုက္တဲ့ အခြန္နွဳန္းထားက အရင္ထက္အမ်ားႀကီးသက္သာတယ္။ ဒီနွဳန္းထားအတိုင္းဆက္သြားနိုင္မည္ဆိုရင္ အေရာင္းေကာ၊ အငွားပုိင္းမွာပါ ေစ်းကြက္ေတြပုံမွန္ျပန္ျဖစ္လာနိုင္တယ္” ဟု ဦးတင္ေမာင္ကဆက္လက္ေျပာၾကားသည္။

စက္တင္ဘာလ ၁၉ ရက္ေန႕က စတင္ေျပာင္းလဲလိုက္သည့္ စည္းၾကပ္ခြန္မွကင္းလြတ္ေနသည့္ ေငြမ်ားအခြန္နွဳန္းထား မ်ားမွာ ၁ က်ပ္ မွ က်ပ္သိန္း ၁၀၀၀ အထိ ၃ ရာခိုင္နွဳန္း၊ က်ပ္သိန္း ၁၀၀၁ မွ က်ပ္သိန္း ၃၀၀၀ အထိ ၅ ရာခိုင္နွဳန္း၊ က်ပ္သိန္း ၃၀၀၁ မွ သိန္း ၁၀၀၀၀ အထိ ၁၀ ရာခိုင္နွဳန္း၊ က်ပ္သိန္း ၁၀၀၀၁ မွ သိန္း ၃၀၀၀၀ အထိ ၁၅ ရာခိုင္နွဳန္းနွင့္ က်ပ္သိန္း ၃၀၀၀၁ နွင့္အထက္ကုိ ၃၀ ရာခိုင္နွဳန္းသို႕ေျပာင္းလဲသတ္မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွသိရသည္။

အဆိုပါေျပာင္းလဲလိုက္သည့္နွဳန္းထားသည္ ယခင္နွဳန္းထားမ်ားထက္ ၃ ဆခန္႕သက္သာမည္ျဖစ္ျပီး အခ်ိန္ကာလတစ္နွစ္သက္တမ္းျဖင့္ ေလ်ာ့ခ်ထားျခင္းျဖစ္ေၾကာင္း ယင္း၀န္ႀကီးဌာနထံမွသိရသည္။

လက္ရွိအခြန္နွဳန္းထားသည္ အိမ္၊ ျခံ၊ ေျမ လုပ္ငန္းမ်ားအေရာင္းအ၀ယ္ျပဳလုပ္ရာတြင္ လိုအပ္သည့္ အမည္ေျပာင္းျပဳလုပ္ရာတြင္ တရား၀င္အခြန္သြင္းမွဳမ်ားအတြက္ အက်ိဳး၀င္ျပီး ဥပေဒေဘာင္အတြင္းတရား၀င္လုပ္ကုိင္လိုသူအေရအတြက္ ပိုမိုမ်ားျပားလာမည္ျဖစ္ေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

လက္ရွိ ၂၀၁၉ ခုနွစ္ကုန္ပုိင္း အိမ္၊ ျခံ၊ ေျမ အေရာင္းအ၀ယ္နွင့္အငွားေစ်းကြက္သည္ ပုံမွန္အေျခအေနျဖင့္ လည္ပတ္လ်က္ရွိျပီး က်ပ္သိန္း ၃၀၀၀ ၀န္းက်င္ ေျမကြက္မ်ားအေရာင္းအ၀ယ္ျဖစ္ေပၚလ်က္ရွိေၾကာင္း ေစ်းကြက္ေစာင့္ၾကည့္သူမ်ားထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်နေ့က ပြောင်းလဲသတ်မှတ်လိုက်သည့် စည်းကြပ်ခွန်မှကင်းလွတ်နေသည့် ငွေများအခွန်နှုန်းထားအတိုင်းဆက်လက်သွားနိုင်ပါကလာမည့်နှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်များ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗဟိုအလုပ်မှုဆောင်ဥက္ကဌ ဦးတင်မောင်ကပြောကြားသည်။

“ အခုအစိုးရသတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားက အရင်ထက်အများကြီးသက်သာတယ်။ ဒီနှုန်းထားအတိုင်းဆက်သွားနိုင်မည်ဆိုရင် အရောင်းကော၊ အငှားပိုင်းမှာပါ ဈေးကွက်တွေပုံမှန်ပြန်ဖြစ်လာနိုင်တယ်” ဟု ဦးတင်မောင်ကဆက်လက်ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ပြောင်းလဲလိုက်သည့် စည်းကြပ်ခွန်မှကင်းလွတ်နေသည့် ငွေများအခွန်နှုန်းထား များမှာ ၁ ကျပ် မှ ကျပ်သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၁ မှ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၁ မှ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၁ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှသိရသည်။

အဆိုပါပြောင်းလဲလိုက်သည့်နှုန်းထားသည် ယခင်နှုန်းထားများထက် ၃ ဆခန့်သက်သာမည်ဖြစ်ပြီး အချိန်ကာလ တစ်နှစ်သက်တမ်းဖြင့် လျော့ချထားခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။

လက်ရှိအခွန်နှုန်းထားသည် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများအရောင်းအဝယ်ပြုလုပ်ရာတွင် လိုအပ်သည့် အမည်ပြောင်းပြုလုပ်ရာတွင် တရားဝင်အခွန်သွင်းမှုများအတွက် အကျိုးဝင်ပြီး ဥပဒေဘောင်အတွင်းတရားဝင်လုပ်ကိုင်လိုသူအရေအတွက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

လက်ရှိ ၂၀၁၉ ခုနှစ်ကုန်ပိုင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်နှင့်အငှားဈေးကွက်သည် ပုံမှန်အခြေအနေဖြင့် လည်ပတ်လျက်ရှိပြီး ကျပ်သိန်း ၃၀၀၀ ဝန်းကျင် မြေကွက်များအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်သူများထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service