ဥရောပလုပ်ငန်းရှင်များသည် မန္တလေးတွင်လုပ်ငန်းများ ပိုမိုတိုးချဲ့လိုသည်ဟု ဥရောပကုန်သည်ကြီးများ အသင်းဆို - Property News in Myanmar from iMyanmarHouse.com
1244 Views

ဥရောပလုပ်ငန်းရှင်များသည် မန္တလေးတွင်လုပ်ငန်းများ ပိုမိုတိုးချဲ့လိုသည်ဟု ဥရောပကုန်သည်ကြီးများ အသင်းဆို

### Zawgyi Version ###












 

### Unicode Version ###

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော ဉရောပလုပ်ငန်းရှင်ကြီးများသည် ရန်ကုန်ထက် မန္တလေးတွင် ၎င်းတို့ လုပ်ငန်းများကို ပိုမိုတိုးချဲ့ချင်သည်ဟု ဥရောပကုန်သည်ကြီးများအသင်းက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသော ဥရောပစီးပွားရေးလုပ်ငန်း ၇၄ ခုကို သုသေတနပြု မေးမြန်းထားသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ယုံကြည်မူစစ်တမ်း-၂၀၁၉ကို ဥရောပ-မြန်မာ ကုန်သည်ကြီးများအသင်းက ထုတ်ပြန်ခဲ့ပြီး ထိုစစ်တမ်းတွင် အထက်ပါအချက်ကို ဖော်ပြထားသည်။

ဥရောပလုပ်ငန်းရှင် ၁၉ ရာခိုင်နှုန်းသည် မန္တလေးတွင် ၎င်း တို့၏ လုပ်ငန်းများကို တိုးချဲ့လိုပြီး ရန်ကုန်တွင် ၁၈ ရာခိုင်နှုန်းက တိုးချဲ့လိုသည်ဟုဆိုသည်။ထိုနောက်ရှမ်းပြည်နယ်တွင် တတိယအများဆုံးရွေ့ပြောင်းလို့သည်ဟ ုဆိုသည်။ ထိုပြင် လုပ်ငန်းတိုးချဲ့ရန် အစီအစဉ်မရှိသူများက ၆ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။

ဥရောပလုပ်ငန်းရှင် ၉၃ ရာခိုင်နှုန်းသည် ရန်ကုန်တွင် ရုံးချုပ်ထားပြီး မန္တလေးတွင်လုပ်ငန်းရှင် ၁၉ ရာခိုင်နှုန်းက ရုံးချုပ်ထားသည်ဟုဆိုသည်။

ဥရောပ လုပ်ငန်းရှင်က လွန်ခဲ့သည် ၁၂ လအတွင်း မြန်မာစီးပွားရေးပတ်ဝန်းကျင်သည့် ပြောင်းလဲမှုသည် ကျေနပ်စရာကောင်းသည်ဟုဆိုသည်။ ၂၀၁၉ တွင် မြန်မာစီးပွားရေးသည် တိုးတက်မှုသည်ကောင်းမွန်လာသည့်ဟု ယူဆသူ ၆၇ ရာခိုင်နှုန်းရှိသည်ဟု စစ်တမ်းကဆိုထားသည်။ စစ်တမ်းဖြေသူ သုံးပုံတစ်ပုံက မြန်မာ့စီးပွားရေးသည် အလွန်ကျေနပ်စရာကောင်းသည်ဟု ပြောသည်ဟုဆိုသည်။ ယခင်နှစ်က ၃ ရာခိုင်နှုန်းသာ အလွန်ကျေနပ်စရာကောင်းသည်ဟု ဖြေကြားခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် ဥရောပကုမ္ပဏီ သုံးပုံတစ်ပုံသည် ယူရိုငွေ တစ်သန်း (၁ဒသမ၆ ဘီလီဘံ)မှ ငါးသန်း (၈ ဒသမ ၂ ဘီလီယံ)ကြား ဝင်ငွေရနေသည်ဟု စစ်တမ်းကဆိုသည်။ လုပ်ငန်း ၄၂ ရာခိုင်နှုန်းသည်လည်း အမြတ်ရနေသည်ဟုဆိုသည်။

ဥရောပကုမ္ပဏီ ၃၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်လက်ရှိတွင် အမြတ်ရနေသည်ဟုဆိုပြီး ကုမ္ပဏီ ၂၄ ရာခိုင်နှုန်းက ၂ နှစ်အတွင်း အမြတ်ရနေသည်ဟုဆိုသည်။

ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာတွင် ကျန်းမာရေးကဏ္ဍကအများဖြစ်ပြီး ၁၃ ရာခိုင်နှုန်း၊ ဒုတိယသည့်နှင့် တတိယသည် ဆောက်လုပ်ရေးနှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်ရေးတို့ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရးဆက်လက်လုပ်ကိုင်အခက်အခဲ ၄ ခုရှိပြီး ၎င်းတို့မှာ ကြိုးနီစနစ်၊ နိုင်ငံတကာ ဖိအားနှင့်လူအခွင့်အရေးဆိုင်ရာပြသနာ၊ ဈေးကွက်ထိုးဖောက်ရန်ခက်ခဲမူ၊ ကျွမ်းကျင်အလုပ်သမားရှားပါးမူ၊ မခိုင်သော ဥပဒေများဖြစ်သည်ဟုဆိုထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service