လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ တိုင်းအစိုးရကူညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
646 Views

လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ တိုင်းအစိုးရကူညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

### Zawgyi Version ###

မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အထည်အလိပ်သွင်းကုန်၊ ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ နိုင်ငံတကာအထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားတွင်လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများအား ရန်ကုန်တိုင်းအစိုးရ ကူညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြားသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံနေသည့် လုပ်ငန်းရှင်များတွင် အများစုသည် အထည်ချုပ်လုပ်ငန်းများဖြစ်ကြောင်း၊ရန်ကုန်ရင်းနှီးမြှုပ်နှံမှုကော်မတီက လုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးသည့် အထဲတွင် တစ်ဝက်ကျော်လောက်မှာ အထည်ချုပ်လုပ်ငန်း ဖြစ်ကြောင်း၊အထည်ချုပ်လုပ်ငန်းများသည် မြန်မာနိုင်ငံမှာရှိသည့် အခြေခံပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်းအများကြီး ဖန်တီးပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားတင်ပို့နိုင်မှုကိုလည်း တိုးမြှင့်စေနိုင်ကြောင်း၊ယင်းကြောင့် အထည်ချုပ်ကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို အဆင်ပြေချောမွေ့နိုင်စေရန် တိုင်းဒေသကြီး အစိုးရဘက်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊နိုင်ငံတကာက အထည်ချုပ်ကဏ္ဍ နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။




 

### Unicode Version ###

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အထည်အလိပ် သွင်းကုန်၊ ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားတွင်လာရောက် ရင်းနှီးမြှုုပ်နှံမည့်သူများအား ရန်ကုန်တိုင်းအစိုးရ ကူညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြားသည်။

အဆိုပါအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုုပ်နှံနေသည့် လုပ်ငန်းရှင်များတွင် အများစုသည် အထည်ချုပ်လုပ်ငန်းများဖြစ်ကြောင်း၊ရန်ကုန်ရင်းနှီးမြုှုပ်နှံမှုကော်မတီက လုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးသည့် အထဲတွင် တစ်ဝက်ကျော်လောက်မှာ အထည်ချုပ်လုပ်ငန်း ဖြစ်ကြောင်း၊အထည်ချုပ်လုပ်ငန်းများသည် မြန်မာနိုင်ငံမှာရှိသည့် အခြေခံပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်းအများကြီး ဖန်တီးပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားတင်ပို့နိုင်မှုကိုလည်း တိုးမြှင့်စေနိုင်ကြောင်း၊ယင်းကြောင့် အထည်ချုပ်ကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုုပ်နှံမည့် လုပ်ငန်းရှင်များကို အဆင်ပြေချောမွေ့နိုင်စေရန် တိုင်းဒေသကြီး အစိုးရဘက်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊နိုင်ငံတကာက အထည်ချုပ်ကဏ္ဍ နှင့် ပတ်သက်ပြီး ရင်းနှီးမြှုုပ်နှံသူများကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုုပ်နှံဖို့ ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ် အထည်အလိပ်နှင့် အဝတ်အထည်အသင်းမှ တာဝန်ရှိသူများ၊ ကျဲ့ ကျန်း ပြည်နယ်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ အထည်အလိပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ MTMA, China Textile City Network Company General Manager Han Chong, MGMA နှင့် UMFCCI တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service