တည္ေဆာက္ဆဲေရအားလွ်ပ္စစ္စီမံကိန္း (၄)ခု အဆင့္ျမွင့္ရန္ အႀကံေပးကုမၸဏီဖိတ္ေခၚ - Property News in Myanmar from iMyanmarHouse.com
891 Views

တည္ေဆာက္ဆဲေရအားလွ်ပ္စစ္စီမံကိန္း (၄)ခု အဆင့္ျမွင့္ရန္ အႀကံေပးကုမၸဏီဖိတ္ေခၚ

### Zawgyi Version ###

တည္ေဆာက္ဆဲ ေရအား လွ်ပ္စစ္စီမံကိန္းေလးခုကို အဆင့္ျမွင့္တင္ရန္ ႏိုင္ငံတကာအဆင့္အရည္အေသြးျပည့္မီ အႀကံေပးကုမၸဏီမ်ားကို လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဖိတ္ေခၚသည္။

ထိုစီမံကိန္းမ်ားသည္ ေနျပည္ေတာ္၊ ရခိုင္ႏွင့္ရွမ္းျပည္နယ္တို႔ရွိ တည္ေဆာက္ဆဲစီမံကိန္းမ်ားျဖစ္ၿပီး စုစုေပါင္း မဂၢါဝပ္ ၆၀၀ ေက်ာ္ထုတ္လုပ္ႏိုင္မည္ျဖစ္သည္။

၎တို႔မွာ ရခိုင္ျပည္၊သံတြဲၿမိဳ႕ရွိ သူေဌးေရအားလွ်ပ္စစ္စီမံကိန္း၊ ေနျပည္ေတာ္၊ပ်ဥ္းမနားရွိ အလယ္ေပါင္းေလာင္းစီမံကိန္း ၊ ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕ရွိ အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ က်ိဳင္းေတာင္းၿမိဳ႕နယ္ရွိ အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းတို႕ျဖစ္သည္။

ထိုစီမံကိန္းမ်ားရွိ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးလုပ္ငန္းတြင္ အင္ဂ်င္နီယာဆိုင္ရာအတိုင္ပင္ခံအဖြဲ႕မ်ားကို ျမန္မာက်ပ္ေငြျဖင့္ ငွားရမ္းမည္ဟု ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာနက ဆိုထားသည္။

ထိုစီမံကိန္းသည္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၁၁ မိုင္ေက်ာ္ေဝးသည့္ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းျဖစ္ ၿပီး ၁၁၁ မဂၢါဝပ္ ထုတ္လုပ္ႏိုင္သည့္ စီမံကိန္း ျဖစ္သည္။ယင္းစီမံကိန္းကို ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္တြင္ ၿပီးစီးရန္လ်ာထားၿပီး ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အားယူနစ္ ၃၈၆ သန္း ထုတ္လုပ္ရန္ျဖစ္သည္ဟု ဝန္ႀကီးဌာနက ဆိုထားသည္။

ဒုတိယ စီမံကိန္းမွာ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ အေရွ႕ေျမာက္ဘက္မို္င္ ၂၀ ခန႔္တြင္ရွိေသာ အလယ္ေပါင္းေလာင္း ေရအားလွ်ပ္စစ္စီမံကိန္းျဖစ္ၿပီး ၁၅၂ မဂၢါဝပ္ ထုတ္လုပ္ႏိုင္သည္။ အလယ္ေပါင္းေလာင္းစီမံကိန္းသည္ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ဓာတ္အား ယူနစ္သန္း ၅၀၀ ထုတ္လုပ္ေပးၿပီး ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြင္း ၿပီးစီးမည္ဟု ဆိုထားသည္။

တတိယစီမံကိန္းမွာ ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕ ေတာင္ဘက္ မိုင္ ၂၀ ခန႔္အကြာရွိ အထက္ရဲ႐ြာ စီမံကိန္းျဖစ္ၿပီး မဂၢါဝပ္ ၂၈ဝထုတ္လုပ္ႏိုင္သည္။ အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းကို၂၀၂၂ တြင္ အၿပီးတည္ေဆာက္မည္ျဖစ္ၿပီး တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အားယူနစ္ ၁၄၀၉ သန္း ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္မည္ ျဖစ္သည္။

တတိယ စီမံကိန္းမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ က်ိဳင္းေတာင္းၿမိဳ႕နယ္မွ ရွစ္မိုင္ေက်ာ္ေဝးသည့္ အထက္က်ိဳင္းေတာင္း စီမံကိန္းျဖစ္ၿပီး ၅၁ မဂၢါဝပ္ ထုတ္လုပ္ႏိုင္သည္။ ထိုစီမံကိန္းသည္ တစ္ႏွစ္လွ်င္ ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ယူနစ္ ၂၆၇ သန္း ထုတ္လုပ္ေပးႏိုင္မည့္ စီမံကိန္းျဖစ္သည္။

စိတ္ဝင္စားသည့္ ကုမၸဏီမ်ားသည္ နည္းပညာစံခ်ိန္စံၫႊန္း အဆိုျပဳလႊာႏွင့္ ေဈးႏႈန္းအဆိုျပဳလႊာမ်ားကို ၂၀၂၀ ဇန္နဝါရီလလယ္တြင္တင္သြင္းရမည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တည်ဆောက်ဆဲ ရေအား လျှပ်စစ်စီမံကိန်းလေးခုကို အဆင့်မြှင့်တင်ရန် နိုင်ငံတကာအဆင့်အရည်အသွေးပြည့်မီ အကြံပေးကုမ္ပဏီများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်သည်။

ထိုစီမံကိန်းများသည် နေပြည်တော်၊ ရခိုင်နှင့်ရှမ်းပြည်နယ်တို့ရှိ တည်ဆောက်ဆဲစီမံကိန်းများဖြစ်ပြီး စုစုပေါင်း မဂ္ဂါဝပ် ၆၀၀ ကျော်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

၎င်းတို့မှာ ရခိုင်ပြည်၊သံတွဲမြို့ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ နေပြည်တော်၊ပျဉ်းမနားရှိ အလယ်ပေါင်းလောင်းစီမံကိန်း ၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့နယ်ရှိ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်သည်။

ထိုစီမံကိန်းများရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် အင်ဂျင်နီယာဆိုင်ရာအတိုင်ပင်ခံအဖွဲ့များကို မြန်မာကျပ်ငွေဖြင့် ငှားရမ်းမည်ဟု ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ဆိုထားသည်။

ထိုစီမံကိန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့ အရှေ့မြောက်ဘက် ၁၁ မိုင်ကျော်ဝေးသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းဖြစ် ပြီး ၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် စီမံကိန်း ဖြစ်သည်။ယင်းစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန်လျာထားပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားယူနစ် ၃၈၆ သန်း ထုတ်လုပ်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ဒုတိယ စီမံကိန်းမှာ နေပြည်တော်၊ ပျဉ်းမနားမြို့ အရှေ့မြောက်ဘက်မိုင် ၂၀ ခန့်တွင်ရှိသော အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ၁၅၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်။ အလယ်ပေါင်းလောင်းစီမံကိန်းသည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ်သန်း ၅၀၀ ထုတ်လုပ်ပေးပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဟု ဆိုထားသည်။

တတိယစီမံကိန်းမှာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ အထက်ရဲရွာ စီမံကိန်းဖြစ်ပြီး မဂ္ဂါဝပ် ၂၈ဝထုတ်လုပ်နိုင်သည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို၂၀၂၂ တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အားယူနစ် ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည် ဖြစ်သည်။

တတိယ စီမံကိန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့နယ်မှ ရှစ်မိုင်ကျော်ဝေးသည့် အထက်ကျိုင်းတောင်း စီမံကိန်းဖြစ်ပြီး ၅၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်။ ထိုစီမံကိန်းသည် တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ယူနစ် ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်သည်။

စိတ်ဝင်စားသည့် ကုမ္ပဏီများသည် နည်းပညာစံချိန်စံညွှန်း အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများကို ၂၀၂၀ ဇန်နဝါရီလလယ်တွင်တင်သွင်းရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service