ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္းလုပ္ေဆာင္ေနစဥ္အတြင္း ျမန္မာ့မီးရထားမွ ကားလမ္းကူးလမ္းေၾကာင္းမ်ား ေျပာင္းလဲအသုံးျပဳရန္ လမ္းညႊန္အသိေပးထား - Property News in Myanmar from iMyanmarHouse.com
2521 Views

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္းလုပ္ေဆာင္ေနစဥ္အတြင္း ျမန္မာ့မီးရထားမွ ကားလမ္းကူးလမ္းေၾကာင္းမ်ား ေျပာင္းလဲအသုံးျပဳရန္ လမ္းညႊန္အသိေပးထား

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္း လုပ္ေဆာင္ေနစဥ္အတြင္း ျမန္မာ့မီးရထားမွ ကားလမ္းကူး လမ္းေၾကာင္းမ်ား ေျပာင္းလဲအသုံးျပဳရန္ လမ္းညႊန္အသိေပးထားသည္ကို ႏိုင္ငံပိုင္သတင္းစာမွသိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္း၊အေရွ႕ျခမ္းအပိုင္းကို ေဆာင္ရြက္လ်က္ရွိျခင္းေၾကာင့္ ပုရြက္ဆိတ္ကုန္းဘူတာမွ ေရကူးဘူတာအၾကားရွိ ကားလမ္းကူး( Level Crossing ) (၃) ခုအား ကားလမ္းမ်ား ယာယီပိတ္၍ အဆင့္ျမွင့္တင္တည္ေဆာက္မည္ ျဖစ္ေၾကာင္း၊ လုပ္ငန္း ေဆာင္ရြက္ေနစဥ္ကာလအတြင္း သတ္မွတ္ေဖာ္ျပထားသည့္ အစီအစဥ္မ်ားအတိုင္း သြားလာႏိုင္ၾကေစရန္ ျမန္မာ့မီရထားက ႀကိဳတင္ အသိေပးထားျခင္း ျဖစ္သည္။

ေျမာက္ဥကၠလာပၿမိဳ့နယ္၊ပုရြက္ဆိတ္ကုန္းဘူတာအနီးရွိ ဥကၠာလမ္း၊ကားလမ္းကူး( Level Crossing) အား(၃၀-၁၁-၂၀၁၉ ရက္မွ ၁၃-၁၂-၂၀၁၉) ရက္အ ထိ ပိတ္ထားမည္ျဖစ္ရာ ဥကၠာလမ္းကို အသုံးျပဳ၍ ေလဆိပ္ဘက္သြားမည့္ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ျမရတနာလမ္းမွတစ္ဆင့္ ေရႊဥမင္ကားလမ္းကူး (Level Crossing)အား အသုံးျပဳ၍ ေမာင္းႏွင္ၾကရန္ အသိေပးထားသည္။

မရမ္းကုန္းၿမိဳ႕နယ္၊ေရကူးဘူတာအနီးရွိ သံဃာ့တကၠသိုလ္ကားလမ္းကူး( Level Crossing)အား(၃၀-၁၁-၂၀၁၉ ရက္မွ ၁၃-၁၂-၂၀၁၉) ရက္ အထိ ပိတ္ထားမည္ျဖစ္သည့္အတြက္ ေဝဇယႏၱာလမ္းမွ သံဃာ့တကၠသိုလ္အဝင္လမ္းမွတစ္ဆင့္ ေရကူးဘူတာရုံလမ္းကို အသုံးျပဳ၍ ကမၻာေအးဘုရားလမ္းဘက္သို႔ သြားလာမည့္ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ေရကူးဘူတာအနီး ယာယီေဖာက္လုပ္ထားေသာ ကားလမ္း ကူး (Level Crossing) မွ ေရကူးဘူတာရုံလမ္းသို႔ အသုံးျပဳေမာင္းႏွင္ရန္ အသိေပးထားသည္။

ေျမာက္ဥကၠလာပၿမိဳ့နယ္၊တံတားကေလးဘူတာ အနီးရွိ ဘုန္းႀကီးလမ္း ကားလမ္းကူး(Level Crossing) အား(၁၄-၁၂-၂၀၁၉ ရက္မွ ၂၇ -၁၂-၂၀၁၉)ရက္အထိ ပိတ္ထားမည္ျဖစ္သျဖင့္ ဘုန္းႀကီးလမ္းကိုအသုံးျပဳ၍ ေလဆိပ္ဘက္သြားမည့္ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ သုဓမၼာ လမ္းမွတစ္ဆင့္ ေက်ာက္ေရတြင္းခုံးေက်ာ္တံတားေအာက္ရွိ ယာယီေဖာက္လုပ္ေပးထားေသာ ကားလမ္းကူး (Level Crossing)အား အသုံးျပဳၾကရန္ ျမန္မာ့မီးရထားက အသိေပးေၾကညာထားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ဆောင်နေစဉ်အတွင်း မြန်မာ့မီးရထားမှ ကားလမ်းကူး လမ်းကြောင်းများ ပြောင်းလဲအသုံးပြုရန် လမ်းညွှန်အသိပေးထားသည်ကို နိုင်ငံပိုင်သတင်းစာမှသိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊အရှေ့ခြမ်းအပိုင်းကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပုရွက်ဆိတ်ကုန်းဘူတာမှ ရေကူးဘူတာအကြားရှိ ကားလမ်းကူး( Level Crossing ) (၃) ခုအား ကားလမ်းများ ယာယီပိတ်၍ အဆင့်မြှင့်တင်တည်ဆောက်မည် ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ဖော်ပြထားသည့် အစီအစဉ်များအတိုင်း သွားလာနိုင်ကြစေရန် မြန်မာ့မီရထားက ကြိုတင် အသိပေးထားခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်၊ပုရွက်ဆိတ်ကုန်းဘူတာအနီးရှိ ဥက္ကာလမ်း၊ကားလမ်းကူး( Level Crossing) အား(၃၀-၁၁-၂၀၁၉ ရက်မှ ၁၃-၁၂-၂၀၁၉) ရက်အ ထိ ပိတ်ထားမည်ဖြစ်ရာ ဥက္ကာလမ်းကို အသုံးပြု၍ လေဆိပ်ဘက်သွားမည့် မော်တော်ယာဉ်များအနေဖြင့် မြရတနာလမ်းမှတစ်ဆင့် ရွှေဥမင်ကားလမ်းကူး (Level Crossing)အား အသုံးပြု၍ မောင်းနှင်ကြရန် အသိပေးထားသည်။

မရမ်းကုန်းမြို့နယ်၊ရေကူးဘူတာအနီးရှိ သံဃာ့တက္ကသိုလ်ကားလမ်းကူး( Level Crossing)အား(၃၀-၁၁-၂၀၁၉ ရက်မှ ၁၃-၁၂-၂၀၁၉) ရက် အထိ ပိတ်ထားမည်ဖြစ်သည့်အတွက် ဝေဇယန္တာလမ်းမှ သံဃာ့တက္ကသိုလ်အဝင်လမ်းမှတစ်ဆင့် ရေကူးဘူတာရုံလမ်းကို အသုံးပြု၍ ကမ္ဘာအေးဘုရားလမ်းဘက်သို့ သွားလာမည့်မော်တော်ယာဉ်များအနေဖြင့် ရေကူးဘူတာအနီး ယာယီဖောက်လုပ်ထားသော ကားလမ်း ကူး (Level Crossing) မှ ရေကူးဘူတာရုံလမ်းသို့ အသုံးပြုမောင်းနှင်ရန် အသိပေးထားသည်။

မြောက်ဥက္ကလာပမြို့နယ်၊တံတားကလေးဘူတာ အနီးရှိ ဘုန်းကြီးလမ်း ကားလမ်းကူး(Level Crossing) အား(၁၄-၁၂-၂၀၁၉ ရက်မှ ၂၇ -၁၂-၂၀၁၉)ရက်အထိ ပိတ်ထားမည်ဖြစ်သဖြင့် ဘုန်းကြီးလမ်းကိုအသုံးပြု၍ လေဆိပ်ဘက်သွားမည့် မော်တော်ယာဉ်များအနေဖြင့် သုဓမ္မာ လမ်းမှတစ်ဆင့် ကျောက်ရေတွင်းခုံးကျော်တံတားအောက်ရှိ ယာယီဖောက်လုပ်ပေးထားသော ကားလမ်းကူး (Level Crossing)အား အသုံးပြုကြရန် မြန်မာ့မီးရထားက အသိပေးကြေညာထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service