ဂရန္ မူရင္းပိုင္ရွင္က အျခားသူတစ္ဦးသို႔ ဂရန္ႏွင့္တကြ လႊဲေျပာင္းေရာင္းခ်ထားၿပီးေၾကာင္း ကန႔္ကြက္သူရွိေနပါလ်က္ ဂရန္မိတၱဴမွန္ ထပ္ေလွ်ာက္ထားျခင္းကို ခြင့္ျပဳပိုင္ခြင့္ ရွိ/မရွိ သိရွိလိုေၾကာင္း ပဲခူးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၁၂) မွ ဦးေအာင္သိန္း ေမးျမန္း - Property News in Myanmar from iMyanmarHouse.com
1101 Views

ဂရန္ မူရင္းပိုင္ရွင္က အျခားသူတစ္ဦးသို႔ ဂရန္ႏွင့္တကြ လႊဲေျပာင္းေရာင္းခ်ထားၿပီးေၾကာင္း ကန႔္ကြက္သူရွိေနပါလ်က္ ဂရန္မိတၱဴမွန္ ထပ္ေလွ်ာက္ထားျခင္းကို ခြင့္ျပဳပိုင္ခြင့္ ရွိ/မရွိ သိရွိလိုေၾကာင္း ပဲခူးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၁၂) မွ ဦးေအာင္သိန္း ေမးျမန္း

### Zawgyi Version ###

ဦးေအာင္သိန္းက “ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမႈဌာနသည္ ဂရန္ မူရင္းပိုင္ရွင္ကအျခားသူ တစ္ဦးသို႔ ဂရန္ႏွင့္တကြ လႊဲေျပာင္းေရာင္းခ်ထားၿပီးေၾကာင္း ကန႔္ကြက္သူရွိေနပါလ်က္ ဂရန္မိတၱဴမွန္ထပ္ေလွ်ာက္ထားျခင္းကို ခြင့္ျပဳ ပိုင္ခြင့္ ရွိ/မရွိ သိရွိလိုျခင္း”ႏွင့္ စပ္လ်ဥ္းသည့္ ၾကယ္ပြင့္ျပ ေမးခြန္းကိုေမးျမန္းခဲ့ျခင္းျဖစ္သည္။

အဆိုပါေမးခြန္းႏွင့္စပ္လ်ဥ္းၿပီး ေနျပည္ေတာ္ေကာင္စီ၊ ေကာင္စီဝင္ ဦးညီထြန္းက ေမးခြန္းပါေျမေနရာအား စိစစ္ခဲ့ရာတြင္-အဆိုပါေျမ ကြက္သည္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီသို႔ ၁၉၉၂ ခုႏွစ္တြင္ ေျမစီမံခန႔္ခြဲမႈဆိုင္ရာ လႊဲေျပာင္းခဲ့စဥ္ကတည္းက ၿမိဳ႕ေျမစာရင္း(Town Land Roll)တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ေျမတိုင္းရပ္ကြက္အမွတ္-၁၀ ေဂ်၊ ေျမကြက္အ မွတ္-III Class ၃၊ ဧရိယာ-၀.၀၆၅ ဧက၊ ေျမအမ်ိဳးအစား-ႏွစ္(၉၀)ဂရန္ေျမ၊ အမည္ေပါက္-V.R.P Gudy (၁၂-၁၀-၁၉၀၆ ခုႏွစ္တြင္ ႏွစ္ (၉၀)ဂရန္ထုတ္ေပးသည္။)ျဖစ္ၿပီး ၎မွတစ္ဆင့္ မွတ္ပုံတင္လႊဲေျပာင္းစာခ်ဳပ္အမွတ္-၁၅၅၇/၁၉၃၈ အရ Trustee V-R Siue sankaran အမည္သို႔လည္းေကာင္း၊ ၎မွတစ္ဆင့္ မွတ္ပုံတင္အေရာင္းစာခ်ဳပ္အမွတ္-၆၂၉/၁၉၄၉ ျဖင့္ Maung Ohn Pe (alias)V.N.S Sheriff အမည္သို႔လည္းေကာင္း အဆင့္ဆင့္လႊဲေျပာင္းေရာက္ရွိခဲ့သည္ကို စိစစ္ေတြ႕ရွိရပါေၾကာင္း။ ထို႔ေနာက္ Maung Ohn Pe (alias)V.N.S Sheriff (ဦးအုန္းေဖ)သည္ ၁၂-၄-၁၉၅၂ ခုႏွစ္တြင္ ကြယ္လြန္ေၾကာင္းေဖာ္ျပ၍ ဇနီးျဖစ္သူ ေဒၚခင္တင့္(ခ)ခတီဇာဘီဘီမွ အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္အမွတ္-၅၆၆/၈၉(၂၈-၇-၁၉၈၉)ျဖင့္လည္းေကာင္း၊ ၎မွ တစ္ဆင့္ ဦးခင္ေမာင္ထံသို႔ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္အမွတ္-၆၅၅/၉၀ (၁၆-၇-၁၉၉၀)ျဖင့္ လႊဲေျပာင္းေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ မွတ္ပုံတင္စာခ်ဳပ္မ်ားခ်ဳပ္ဆိုရန္ ေျမပုံေျမ ရာဇဝင္မ်ားကို အဆိုပါကာလမ်ားတြင္ ေျမစီမံမႈတာဝန္ယူေဆာင္႐ြက္လ်က္ရွိေသာ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွသာ ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းကို စိစစ္ေတြ႕ရွိရပါေၾကာင္း။

အဆိုပါေျမကြက္ႏွင့္စပ္လ်ဥ္း၍ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔ ေျမစီမံခန႔္ခြဲမႈမ်ားကို ၁၉၉၂ ခုႏွစ္တြင္ လႊဲေျပာင္းခဲ့ၿပီးေနာက္ အဆိုပါေျမကြက္၏ ၿမိဳ႕ေျမစာရင္း(Town Land Roll)တြင္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ အမွတ္-၆၅၅/၉၀ ျဖင့္ ရရွိခဲ့သူ ဦးခင္ေမာင္မွ အမႈတြဲအမွတ္-မတ၁/ေျပာင္း-၂၈၁/၉၃ ျဖင့္ အမည္ေျပာင္းေလွ်ာက္ထားခဲ့ၿပီးအဆိုပါေလွ်ာက္ ထားမႈအရ ဦးခင္ေမာင္အမည္သို႔ ေျပာင္းလဲခဲ့ပါေၾကာင္း။၎ေနာက္ ဦးခင္ေမာင္ကြယ္လြန္ၿပီး ဇနီးျဖစ္သူ ေဒၚခင္မာေဝႏွင့္သားသမီး(၇)ဦး တို႔က အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္ ေၾကညာစာ စာခ်ဳပ္အမွတ္-၄၇၉၃/၂၀၀၅ ကိုလည္းေကာင္း၊၎မွ သားသမီး(၇) ဦးအနက္ (၁)ဦးအပါအဝင္ျဖစ္သူ ဦးေဆြဦးထံသို႔ မွတ္ပုံတင္ စြန႔္လႊတ္စာခ်ဳပ္အမွတ္-၄၇၉၄/၂၀၀၅ျဖင့္လည္းေကာင္း၊ ဦးေဆြဦးမွရရွိခဲ့ၿပီး အဆိုပါ ေျမကြက္အား ဂရန္သက္တမ္းတိုး ေလွ်ာက္ထားခဲ့ရာ လက္ရွိအေျခအေနတြင္ ၿမိဳ႕ေျမစာရင္း (Town Land Roll)၌ ႏွစ္(၆၀)ေျမငွားစာခ်ဳပ္ (ဂရန္) အမည္ေပါက္-ဦးေဆြဦး ျဖင့္ မွတ္သားတည္ရွိၿပီး ဦးခင္ေမာင္၏ အမည္ေျပာင္းျဖင့္ အဆိုပါအမည္ေျပာင္း ေလွ်ာက္ထားျခင္းအေပၚ ကန႔္ကြက္သည္ဟု မွတ္သားထားရွိသည္ကို စိစစ္ေတြ႕ရွိရပါေၾကာင္း။

အဆိုပါေျမကြက္ႏွင့္စပ္လ်ဥ္း၍ စိစစ္ခဲ့ရာ အမည္ေပါက္-ဦးအုန္းေဖ၏ ဇနီး ေဒၚခင္တင့္သည္ ဦးေက်ာ္သိန္းသို႔လည္း ဂရန္စာအုပ္ တစ္စုံ ေပးအပ္၍ အရပ္ကတိစာခ်ဳပ္ျဖင့္ ေရာင္းခဲ့ေၾကာင္း၊ အဆိုပါဂရန္စာအုပ္ မိတၱဴအားပူးတြဲ၍ ဦးေက်ာ္သိန္းမွ ကန႔္ကြက္တင္ျပျခင္းမ်ားႏွင့္ စပ္လ်ဥ္း၍ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနသို႔ စိစစ္ေမးျမန္းခဲ့ရာ ယင္းဦးစီးဌာနမွ (၂၆.၅.၂၀၀၅)ရက္စြဲပါစာ၊ (၁၈.၇.၂၀၁၆) ရက္စြဲပါစာ တို႔ျဖင့္ ဦးေက်ာ္သိန္း၏ ကန႔္ကြက္တင္ျပမႈတြင္ ပူးတြဲတင္ျပထားေသာ ဂရန္စာအုပ္သည္ ၁၉၀၆ ခုႏွစ္တြင္ ထုတ္ေပးခဲ့ျခင္းျဖစ္ၿပီး ပစၥကၡ ကာလတြင္ ေဆာင္႐ြက္လ်က္ရွိေသာ လုပ္ထုံးလုပ္နည္းမ်ားျဖစ္သည့္ အခြန္ေတာ္ တံဆိပ္ေခါင္းကပ္ျခင္း၊ ဌာနဆိုင္ရာတံဆိပ္တုံး႐ိုက္ ႏွိပ္ျခင္း၊ မူရင္း/မူရင္းခြဲ/႐ုံးလက္ခံ ေဖာ္ျပခ်က္ စသည့္အခ်က္အလက္မ်ား မပါဝင္သျဖင့္ ယင္းဦးစီးဌာနမွ ထုတ္ေပးသည့္ ေျမငွားစာခ်ဳပ္မူ ရင္းမဟုတ္(မဟုတ္)ေၾကာင္း ျပန္ၾကားခဲ့သည္ကို စိစစ္ေတြ႕ရွိခဲ့ပါေၾကာင္း။

ထို႔ျပင္ ဦးေက်ာ္သိန္းသည္ ဦးအုန္းေဖ၏ဇနီး ေဒၚခင္တင့္ႏွင့္ သားျဖစ္သူ ဦးလွျမင့္တို႔အေပၚ ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ုံး ျပစ္မႈႀကီးအမွတ္-၁၁၄၃/၈၈ျဖင့္ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၄၂၀ ျဖင့္ စြဲဆိုရာ တရားခံ ဦးလွျမင့္အား ႐ုံးတက္႐ုံးဆင္း ေထာင္ဒဏ္(၁)ရက္ႏွင့္ ဒဏ္ေငြက်ပ္ ၅၀၀/-ကိုလည္းေကာင္း၊ ေဒၚခင္တင့္အား ႐ုံးတက္႐ုံးဆင္း ေထာင္ဒဏ္(၁)ရက္ႏွင့္ ဒဏ္ေငြက်ပ္ ၅၀၀/-ကိုလည္းေကာင္း ေပးေဆာင္ေစ ရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း အမႈတြဲေဟာင္းမ်ားပါ တရား႐ုံးစီရင္ခ်က္မိတၱဴ စိစစ္ခ်က္မ်ားအရ စိစစ္ေတြ႕ရွိရပါေၾကာင္း။

ဦးေက်ာ္သိန္းက ဦးအုန္းေဖ၏ဇနီး ေဒၚခင္တင့္ႏွင့္သားသမီးမ်ားအေပၚ ရန္ကုန္တိုင္း တရား႐ုံးတရားမႀကီးအမွတ္-၁၃၄(ခ)/၉၀၊ ဦးခင္ ေမာင္ႏွင့္ခ်ဳပ္ဆိုေသာ စာခ်ဳပ္သည္ တရားလို(ဦးေက်ာ္သိန္း)အေပၚ အက်ိဳးသက္ေရာက္မႈမရွိေၾကာင္း ႁမြက္ဟေၾကညာေပးေစလိုမႈ စြဲ ဆိုခဲ့ရာ ၂၇-၁၀-၁၉၉၇ ရက္စြဲပါစီရင္ခ်က္တြင္ ဦးေက်ာ္သိန္းသည္ ေလ်ာ္ေၾကးေငြ ႏွစ္သိန္းသာ ရထိုက္ခြင့္ရွိေၾကာင္း ဒီကရီခ်မွတ္ခဲ့ၿပီး ၎ဒီကရီမွာ တရား႐ုံးအဆင့္ဆင့္ အတည္ျဖစ္လ်က္ ရွိသည္ကို စိစစ္ေတြ႕ရွိရပါေၾကာင္း။

၎ေနာက္ ဦးေက်ာ္သိန္းက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္း ႏွင့္ ေျမစီမံခန႔္ခြဲမႈဌာနႏွင့္ ဦးေဆြဦးတို႔အေပၚ ရန္ကုန္တိုင္းတရား႐ုံးတရားမႀကီးမႈအမွတ္- ၃၅၁/၂၀၁၀ျဖင့္ စြဲဆိုခဲ့ပါေၾကာင္း၊ စြဲဆိုခ်က္မွာ ဦးေက်ာ္သိန္းမွ လက္ဝယ္ရွိ ဂရန္ျဖင့္ ျပစ္မႈ ေၾကာင္းအရလည္းေကာင္း၊ တရားမေၾကာင္းအရလည္းေကာင္း၊ အႏိုင္ဒီကရီရရွိထားျခင္းကို အေျခခံၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမႈ ဌာနသို႔ အမ်ိဳးမ်ိဳးကန႔္ကြက္ထားပါလ်က္ ဂရန္အသစ္ထုတ္ေပးေၾကာင္းႏွင့္ ထုတ္ေပးထားေသာ ဂရန္အားပယ္ဖ်က္ၿပီး ၎အား (ဦးေက်ာ္သိန္း)ဂရန္အသစ္ ခ်ထားေပးေစလိုမႈ ျဖစ္ပါေၾကာင္း၊ တိုင္းတရား႐ုံးမွ ပလပ္သျဖင့္ ထပ္မံ၍ ဦးေက်ာ္သိန္းမွ အယူခံမူ တက္ေရာက္ခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားမပထမအယူခံမႈ-၂၇၂/၂၀၁၁ ကို လည္းေကာင္း၊ ေနျပည္ေတာ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ တရားမ အယူခံမႈအမွတ္- ၁၈၉/၂၀၁၂တို႔ တင္ျပျခင္းကိုလည္းေကာင္း ပလပ္ခံခဲ့ရပါေၾကာင္း၊ ဦးေက်ာ္သိန္းမွ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ ၂၀၁၂ ခုႏွစ္ တရားမ အေထြေထြေလွ်ာက္လႊာ(အထူး) အမွတ္- ၁၈၈ တင္သြင္းျခင္းကိုလည္း ပယ္(ပယ္)ျခင္းခံရေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း။

အဆိုပါေျမကြက္ႏွင့္စပ္လ်ဥ္း၍ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္အမွတ္-၆၅၅/၉၀ ျဖင့္ ရရွိခဲ့သူ ဦးခင္ေမာင္မွ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမႈဌာနသို႔ အမည္ေျပာင္းေလွ်ာက္ထားမႈတြင္ ဦးခင္ေမာင္မွ ပူးတြဲတင္ျပ ေလွ်ာက္ထားခဲ့ေသာ အဆိုပါေျမကြက္၏ ပိုင္ဆိုင္မႈေျမငွားစာခ်ဳပ္ (ဂရန္)မိတၱဴမွန္ (True Copy)သည္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ၁၉၅၁ ခုႏွစ္ တြင္ ထုတ္ေပးခဲ့ေသာ ဂရန္မိတၱဴမွန္(True Copy)ျဖစ္ေၾကာင္း ကန႔္ကြက္တင္ျပသူ ဦးေက်ာ္သိန္းထံသို႔ အေၾကာင္း ျပန္ၾကားခဲ့ၿပီးျဖစ္ ေၾကာင္းကိုလည္း စိစစ္ေတြ႕ရွိရပါေၾကာင္း။

သို႔ျဖစ္ပါ၍ ေျမတိုင္းရပ္ကြက္အမွတ္ - ၁၀ ေဂ်၊ ေျမကြက္အမွတ္ - III Class ၃၊ ဧရိယာ - ၀.၀၆၅ဧက၊ ေျမအမ်ိဳးအစား - ႏွစ္ (၉၀) ဂရန္ ေျမႏွင့္စပ္လ်ဥ္း၍ ေျမစီမံခန႔္ခြဲမႈဆိုင္ရာ စိစစ္ေဆာင္႐ြက္ခဲ့ရာတြင္ ဥပေဒေၾကာင္းအရ တရား႐ုံးအဆင့္ဆင့္၏ စီရင္ဆုံးျဖတ္ခ်က္မ်ားကို အေထာက္အထားျပဳ၍ အထက္ပါအတိုင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ေျမစီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စိစစ္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ပါေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကိုယ္စား ရွင္းလင္းေျဖၾကားခဲ့ သည္ကို အမ်ိဳးသားလႊတ္ေတာ္မွသိရပါသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဦးအောင်သိန်းက “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ဂရန် မူရင်းပိုင်ရှင်ကအခြားသူ တစ်ဦးသို့ ဂရန်နှင့်တကွ လွှဲပြောင်းရောင်းချထားပြီးကြောင်း ကန့်ကွက်သူရှိနေပါလျက် ဂရန်မိတ္တူမှန် ထပ်လျှောက်ထားခြင်းကို ခွင့်ပြု ပိုင်ခွင့် ရှိ/မရှိ သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်းက မေးခွန်းပါမြေနေရာအား စိစစ်ခဲ့ရာတွင်-အဆိုပါမြေ ကွက်သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ၁၉၉၂ ခုနှစ်တွင် မြေစီမံခန့်ခွဲမှုဆိုင်ရာ လွှဲပြောင်းခဲ့စဉ်ကတည်းက မြို့မြေစာရင်း(Town Land Roll)တွင် ပုဇွန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၁၀ ဂျေ၊ မြေကွက်အ မှတ်-III Class ၃၊ ဧရိယာ-ဝ.၀၆၅ ဧက၊ မြေအမျိုးအစား-နှစ်(၉၀)ဂရန်မြေ၊ အမည်ပေါက်-V.R.P Gudy (၁၂-၁၀-၁၉၀၆ ခုနှစ်တွင် နှစ် (၉၀)ဂရန်ထုတ်ပေးသည်။)ဖြစ်ပြီး ၎င်းမှတစ်ဆင့် မှတ်ပုံတင်လွှဲပြောင်းစာချုပ်အမှတ်-၁၅၅၇/၁၉၃၈ အရ Trustee V-R Siue sankaran အမည်သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မှတ်ပုံတင်အရောင်းစာချုပ်အမှတ်-၆၂၉/၁၉၄၉ ဖြင့် Maung Ohn Pe (alias)V.N.S Sheriff အမည်သို့လည်းကောင်း အဆင့်ဆင့်လွှဲပြောင်းရောက်ရှိခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။ ထို့နောက် Maung Ohn Pe (alias)V.N.S Sheriff (ဦးအုန်းဖေ)သည် ၁၂-၄-၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ကြောင်းဖော်ပြ၍ ဇနီးဖြစ်သူ ဒေါ်ခင်တင့်(ခ)ခတီဇာဘီဘီမှ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်အမှတ်-၅၆၆/၈၉(၂၈-၇-၁၉၈၉)ဖြင့်လည်းကောင်း၊ ၎င်းမှ တစ်ဆင့် ဦးခင်မောင်ထံသို့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ်-၆၅၅/၉၀ (၁၆-၇-၁၉၉၀)ဖြင့် လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မှတ်ပုံတင်စာချုပ်များချုပ်ဆိုရန် မြေပုံမြေ ရာဇဝင်များကို အဆိုပါကာလများတွင် မြေစီမံမှုတာဝန်ယူဆောင်ရွက်လျက်ရှိသော မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသာ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း။

အဆိုပါမြေကွက်နှင့်စပ်လျဉ်း၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ မြေစီမံခန့်ခွဲမှုများကို ၁၉၉၂ ခုနှစ်တွင် လွှဲပြောင်းခဲ့ပြီးနောက် အဆိုပါမြေကွက်၏ မြို့မြေစာရင်း(Town Land Roll)တွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ်-၆၅၅/၉၀ ဖြင့် ရရှိခဲ့သူ ဦးခင်မောင်မှ အမှုတွဲအမှတ်-မတ၁/ပြောင်း-၂၈၁/၉၃ ဖြင့် အမည်ပြောင်းလျှောက်ထားခဲ့ပြီးအဆိုပါလျှောက် ထားမှုအရ ဦးခင်မောင်အမည်သို့ ပြောင်းလဲခဲ့ပါကြောင်း။၎င်းနောက် ဦးခင်မောင်ကွယ်လွန်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်မာဝေနှင့်သားသမီး(၇)ဦး တို့က အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင် ကြေညာစာ စာချုပ်အမှတ်-၄၇၉၃/၂၀၀၅ ကိုလည်းကောင်း၊၎င်းမှ သားသမီး(၇) ဦးအနက် (၁)ဦးအပါအဝင်ဖြစ်သူ ဦးဆွေဦးထံသို့ မှတ်ပုံတင် စွန့်လွှတ်စာချုပ်အမှတ်-၄၇၉၄/၂၀၀၅ဖြင့်လည်းကောင်း၊ ဦးဆွေဦးမှရရှိခဲ့ပြီး အဆိုပါ မြေကွက်အား ဂရန်သက်တမ်းတိုး လျှောက်ထားခဲ့ရာ လက်ရှိအခြေအနေတွင် မြို့မြေစာရင်း (Town Land Roll)၌ နှစ်(၆၀)မြေငှားစာချုပ် (ဂရန်) အမည်ပေါက်-ဦးဆွေဦး ဖြင့် မှတ်သားတည်ရှိပြီး ဦးခင်မောင်၏ အမည်ပြောင်းဖြင့် အဆိုပါအမည်ပြောင်း လျှောက်ထားခြင်းအပေါ် ကန့်ကွက်သည်ဟု မှတ်သားထားရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

အဆိုပါမြေကွက်နှင့်စပ်လျဉ်း၍ စိစစ်ခဲ့ရာ အမည်ပေါက်-ဦးအုန်းဖေ၏ ဇနီး ဒေါ်ခင်တင့်သည် ဦးကျော်သိန်းသို့လည်း ဂရန်စာအုပ် တစ်စုံ ပေးအပ်၍ အရပ်ကတိစာချုပ်ဖြင့် ရောင်းခဲ့ကြောင်း၊ အဆိုပါဂရန်စာအုပ် မိတ္တူအားပူးတွဲ၍ ဦးကျော်သိန်းမှ ကန့်ကွက်တင်ပြခြင်းများနှင့် စပ်လျဉ်း၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ စိစစ်မေးမြန်းခဲ့ရာ ယင်းဦးစီးဌာနမှ (၂၆.၅.၂၀၀၅)ရက်စွဲပါစာ၊ (၁၈.၇.၂၀၁၆) ရက်စွဲပါစာ တို့ဖြင့် ဦးကျော်သိန်း၏ ကန့်ကွက်တင်ပြမှုတွင် ပူးတွဲတင်ပြထားသော ဂရန်စာအုပ်သည် ၁၉၀၆ ခုနှစ်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ပစ္စက္ခ ကာလတွင် ဆောင်ရွက်လျက်ရှိသော လုပ်ထုံးလုပ်နည်းများဖြစ်သည့် အခွန်တော် တံဆိပ်ခေါင်းကပ်ခြင်း၊ ဌာနဆိုင်ရာတံဆိပ်တုံးရိုက် နှိပ်ခြင်း၊ မူရင်း/မူရင်းခွဲ/ရုံးလက်ခံ ဖော်ပြချက် စသည့်အချက်အလက်များ မပါဝင်သဖြင့် ယင်းဦးစီးဌာနမှ ထုတ်ပေးသည့် မြေငှားစာချုပ်မူ ရင်းမဟုတ်(မဟုတ်)ကြောင်း ပြန်ကြားခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ပါကြောင်း။

ထို့ပြင် ဦးကျော်သိန်းသည် ဦးအုန်းဖေ၏ဇနီး ဒေါ်ခင်တင့်နှင့် သားဖြစ်သူ ဦးလှမြင့်တို့အပေါ် ပုဇွန်တောင်မြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ်-၁၁၄၃/၈၈ဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် စွဲဆိုရာ တရားခံ ဦးလှမြင့်အား ရုံးတက်ရုံးဆင်း ထောင်ဒဏ်(၁)ရက်နှင့် ဒဏ်ငွေကျပ် ၅၀၀/-ကိုလည်းကောင်း၊ ဒေါ်ခင်တင့်အား ရုံးတက်ရုံးဆင်း ထောင်ဒဏ်(၁)ရက်နှင့် ဒဏ်ငွေကျပ် ၅၀၀/-ကိုလည်းကောင်း ပေးဆောင်စေ ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အမှုတွဲဟောင်းများပါ တရားရုံးစီရင်ချက်မိတ္တူ စိစစ်ချက်များအရ စိစစ်တွေ့ရှိရပါကြောင်း။

ဦးကျော်သိန်းက ဦးအုန်းဖေ၏ဇနီး ဒေါ်ခင်တင့်နှင့်သားသမီးများအပေါ် ရန်ကုန်တိုင်း တရားရုံးတရားမကြီးအမှတ်-၁၃၄(ခ)/၉၀၊ ဦးခင် မောင်နှင့်ချုပ်ဆိုသော စာချုပ်သည် တရားလို(ဦးကျော်သိန်း)အပေါ် အကျိုးသက်ရောက်မှုမရှိကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲ ဆိုခဲ့ရာ ၂၇-၁၀-၁၉၉၇ ရက်စွဲပါစီရင်ချက်တွင် ဦးကျော်သိန်းသည် လျော်ကြေးငွေ နှစ်သိန်းသာ ရထိုက်ခွင့်ရှိကြောင်း ဒီကရီချမှတ်ခဲ့ပြီး ၎င်းဒီကရီမှာ တရားရုံးအဆင့်ဆင့် အတည်ဖြစ်လျက် ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

၎င်းနောက် ဦးကျော်သိန်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနနှင့် ဦးဆွေဦးတို့အပေါ် ရန်ကုန်တိုင်းတရားရုံးတရားမကြီးမှုအမှတ်- ၃၅၁/၂၀၁၀ဖြင့် စွဲဆိုခဲ့ပါကြောင်း၊ စွဲဆိုချက်မှာ ဦးကျော်သိန်းမှ လက်ဝယ်ရှိ ဂရန်ဖြင့် ပြစ်မှု ကြောင်းအရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း၊ အနိုင်ဒီကရီရရှိထားခြင်းကို အခြေခံပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနသို့ အမျိုးမျိုးကန့်ကွက်ထားပါလျက် ဂရန်အသစ်ထုတ်ပေးကြောင်းနှင့် ထုတ်ပေးထားသော ဂရန်အားပယ်ဖျက်ပြီး ၎င်းအား (ဦးကျော်သိန်း)ဂရန်အသစ် ချထားပေးစေလိုမှု ဖြစ်ပါကြောင်း၊ တိုင်းတရားရုံးမှ ပလပ်သဖြင့် ထပ်မံ၍ ဦးကျော်သိန်းမှ အယူခံမူ တက်ရောက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားမပထမအယူခံမှု-၂၇၂/၂၀၁၁ ကို လည်းကောင်း၊ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားမ အယူခံမှုအမှတ်- ၁၈၉/၂၀၁၂တို့ တင်ပြခြင်းကိုလည်းကောင်း ပလပ်ခံခဲ့ရပါကြောင်း၊ ဦးကျော်သိန်းမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ၂၀၁၂ ခုနှစ် တရားမ အထွေထွေလျှောက်လွှာ(အထူး) အမှတ်- ၁၈၈ တင်သွင်းခြင်းကိုလည်း ပယ်(ပယ်)ခြင်းခံရကြောင်း စိစစ်တွေ့ရှိရပါကြောင်း။

အဆိုပါမြေကွက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ်-၆၅၅/၉၀ ဖြင့် ရရှိခဲ့သူ ဦးခင်မောင်မှ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ အမည်ပြောင်းလျှောက်ထားမှုတွင် ဦးခင်မောင်မှ ပူးတွဲတင်ပြ လျှောက်ထားခဲ့သော အဆိုပါမြေကွက်၏ ပိုင်ဆိုင်မှုမြေငှားစာချုပ် (ဂရန်)မိတ္တူမှန် (True Copy)သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၉၅၁ ခုနှစ် တွင် ထုတ်ပေးခဲ့သော ဂရန်မိတ္တူမှန်(True Copy)ဖြစ်ကြောင်း ကန့်ကွက်တင်ပြသူ ဦးကျော်သိန်းထံသို့ အကြောင်း ပြန်ကြားခဲ့ပြီးဖြစ် ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါကြောင်း။

သို့ဖြစ်ပါ၍ မြေတိုင်းရပ်ကွက်အမှတ် - ၁၀ ဂျေ၊ မြေကွက်အမှတ် - III Class ၃၊ ဧရိယာ - ဝ.၀၆၅ဧက၊ မြေအမျိုးအစား - နှစ် (၉၀) ဂရန် မြေနှင့်စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုဆိုင်ရာ စိစစ်ဆောင်ရွက်ခဲ့ရာတွင် ဥပဒေကြောင်းအရ တရားရုံးအဆင့်ဆင့်၏ စီရင်ဆုံးဖြတ်ချက်များကို အထောက်အထားပြု၍ အထက်ပါအတိုင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားခဲ့ သည်ကို အမျိုးသားလွှတ်တော်မှသိရပါသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service