ဒဂံု အေ႐ွ႕ႏွင့္ ေတာင္ပိုင္းတြင္ က်ဴးေက်ာ္အိမ္ရာမ်ား ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
838 Views

ဒဂံု အေ႐ွ႕ႏွင့္ ေတာင္ပိုင္းတြင္ က်ဴးေက်ာ္အိမ္ရာမ်ား ေဆာက္မည္

### Zawgyi Version ###

ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ရွိ က်ဴးေက်ာ္မ်ားအား အိမ္ ၈၀၀ လုံးခန႔္ ေဆာက္လုပ္ေပးရန္အတြက္ ဒီဇင္ဘာလမွာစတင္ေတာ့မည္ျဖစ္ေၾကာင္း သိရပါသည္။

ေရႊျပည္သာၿမိဳ႕နယ္ မွ က်ဴးေက်ာ္မ်ားအတြက္ ေနအိမ္ေဆာက္လုပ္ၿပီးစီးပါက အေရွ႕ဒဂုံၿမိဳ႕နယ္ႏွင့္ ေတာင္ဒဂုံၿမိဳ႕နယ္တို႕တြင္ အိမ္အလုံးေရ ၈၀၀ ခန႔္ဆက္လက္ ေဆာက္လုပ္ရန္ စီစဥ္ေနသည္ဟု ယင္းအိမ္ရာစီမံကိန္းအေကာင္အထည္ေဖာ္ေနသည့္ Women for the World အဖြဲ႕ မွတာဝန္႐ွိသူတစ္ဦးေျပာသည္။

က်ဴးေက်ာ္မ်ားအတြက္ ေနအိမ္ေဆာက္လုပ္ျခင္းကို ေရႊျပည္သာၿမိဳ႕နယ္၌ စတင္အေကာင္အထည္ေဖာ္ေနၿပီး လက္ရွိတြင္တည္ေဆာက္ေရးလုပ္ငန္း ၆၀ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးၿပီဟု ၎ကဆိုသည္။

ယင္းၿမိဳ႕နယ္တြင္ ေနအိမ္ ၂၆၄ လုံး ေဆာက္လုပ္ေနကာ ဒီဇင္ဘာလဆန္း၌ တည္ေဆာက္ေရးလုပ္ငန္းၿပီးစီးကာ ေနထိုင္ခြင့္ရရွိထားသူမ်ား ဒီဇင္ဘာလကုန္ တြင္ ေနထိုင္ခြင့္ရရွိမည္ ျဖစ္သည္။

ထို႕ေနာက္ ဒုတိယစီမံကိန္း အျဖစ္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တြင္ အိမ္ ၄၅၀ ႏွင့္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၌ အိမ္ ၃၀၀ ခန႔္ ေဆာက္လုပ္မည္စီမံကိန္းကို ဒီဇင္ဘာလဆန္းပိုင္း၌ စတင္ရန္ ျပင္ဆင္ေနသည္ဟု သိရသည္။

‘‘ေျမေနရာေတြကိုေတာ့ ၾကည့္ၿပီးၿပီ။ ခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ စလုပ္မွာပါ။ တည္ေဆာက္ေရးလုပ္ငန္း ပညာရွင္ေတြကလည္း ေဆာက္လုပ္မယ့္ေနအိမ္ေတြရဲ့ ဒီဇိုင္းနဲ႔ ကုန္က်စရိတ္ေတြကို ေလ့လာတြက္ခ်က္ေနတယ္’’ဟု ၎ကေျပာသည္။

ေရႊျပည္သာၿမိဳ႕နယ္တြင္ ေဆာက္လုပ္ေနသည့္ေနအိမ္မ်ားသည္ တစ္လုံးလၽွင္ က်ပ္သိန္း ၃၀ က်သင့္ၿပီး ေနထိုင္သူမ်ားကတစ္လလၽွင္ က်ပ္ရွစ္ေသာင္းခန႔္ျဖင့္ လ ၇၀ ၾကာ လစဥ္ေပးသြင္းရမည္ျဖစ္သည္။

ယင္းေနအိမ္မ်ားအတြက္ ေရႏွင့္ လၽွပ္စစ္မီးရရွိရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရကစီစဥ္ေပးမည္ဟုလည္း သတင္းထုတ္ျပန္ထားသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ ကျူးကျော်များအား အိမ် ၈၀၀ လုံးခန့် ဆောက်လုပ်ပေးရန်အတွက် ဒီဇင်ဘာလမှာစတင်တော့မည် ဖြစ်ကြောင်း သိရပါသည်။

ရွှေပြည်သာမြို့နယ်မှ ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ပြီးစီးပါက အရှေ့ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တွင် အိမ်အလုံးရေ ၈၀၀ ခန့်ဆက်လက် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ယင်းအိမ်ရာစီမံကိန်းအကောင်အထည်ဖော်နေသည့် Women for the World အဖွဲ့ မှတာဝန်ရှိသူတစ်ဦးပြောသည်။

ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ခြင်းကို ရွှေပြည်သာမြို့နယ်၌ စတင်အကောင်အထည်ဖော်နေပြီး လက်ရှိတွင်တည်ဆောက်ရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု ၎င်းကဆိုသည်။

ယင်းမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်နေကာ ဒီဇင်ဘာလဆန်း၌ တည်ဆောက်ရေးလုပ်ငန်းပြီးစီးကာ နေထိုင်ခွင့်ရရှိထားသူများ ဒီဇင်ဘာလကုန် တွင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

ထို့နောက် ဒုတိယစီမံကိန်း အဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အိမ် ၄၅၀ နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အိမ် ၃၀၀ ခန့် ဆောက်လုပ်မည်စီမံကိန်းကို ဒီဇင်ဘာလဆန်းပိုင်း၌ စတင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

‘‘မြေနေရာတွေကိုတော့ ကြည့်ပြီးပြီ။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ စလုပ်မှာပါ။ တည်ဆောက်ရေးလုပ်ငန်း ပညာရှင်တွေကလည်း ဆောက်လုပ်မယ့်နေအိမ်တွေရဲ့ ဒီဇိုင်းနဲ့ ကုန်ကျစရိတ်တွေကို လေ့လာတွက်ချက်နေတယ်’’ဟု ၎င်းကပြောသည်။

ရွှေပြည်သာမြို့နယ်တွင် ဆောက်လုပ်နေသည့်နေအိမ်များသည် တစ်လုံးလျှင် ကျပ်သိန်း ၃၀ ကျသင့်ပြီး နေထိုင်သူများကတစ်လလျှင် ကျပ်ရှစ်သောင်းခန့်ဖြင့် လ ၇၀ ကြာ လစဉ်ပေးသွင်းရမည်ဖြစ်သည်။

ယင်းနေအိမ်များအတွက် ရေနှင့် လျှပ်စစ်မီးရရှိရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရကစီစဉ်ပေးမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service