ဂျပန်နိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ လုပ်ကိုင်ရန်စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
1916 Views

ဂျပန်နိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ လုပ်ကိုင်ရန်စိတ်ဝင်စား

### Zawgyi Version ###





လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့အနောက်စီးပွားရေးစင်္ကြံတွင် လမ်းဖောက်ရန် ထိုင်းနိုင်ငံနှင့်လည်း သဘောတူပြီးဖြစ်သဖြင့် မကြာခင်တွင် ကီလိုမီတာ ၁၃၀ ကျော်ရှိသည့် လမ်းကိုဖောက်မည်ဖြစ်ကြောင်းသိရသည်။



 

### Unicode Version ###

ဂျပန်နိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ Chemical plant၊ Steel plant တို့ကို လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးအောင်ထူးက ပြောသည်။

ဒုတိယ ဝန်ကြီးက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းက နှစ်ပိုင်းရှိပြီး တစ်ပိုင်းက အီတာလျံထိုင်းနှင့် စာချုပ်ချုပ်ထားသည့် initial phase 27 sq kilometer ရှိကြောင်း၊ ယင်းထက်ကြီးသည့် ဧရိယာကို ဂျပန်နိုင်ငံက စိတ် ဝင်စားပြီး လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဓာတုဗေဒနှင့်သံမဏိ ထုတ်လုပ်မှုတို့လုပ်ကိုင်ဖို့စိတ်ဝင်စားကြောင်း၊ ထားဝယ်ကိုသွားကြည့်တဲ့အခါမှာလည်း အလားအလာရှိကြောင်း၊ သေချာလုပ်မယ်ဆိုလျှင် မဟာဗျူဟာအရ တကယ့်ကို အရေးပါကြောင်း ပြောထားသည်။

ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်းအပြင် တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက်ပါ လုပ်ဆောင်လိုကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အီတာလျံ ထိုင်းကုမ္ပဏီမှာ initial phase 27 sq kilometer စီမံကိန်းအတွက် ကြိုတင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်လိုမှုရှိမရှိကို မြန်မာနိုင်ငံဘက်မှ မေးမြန်းထားကြောင်း၊ ဆက်လုပ်မည်ဆိုပါက မြေငှားစာချုပ်ကိုချုပ်ဆိုကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့အနောက်စီးပွားရေးစြင်္ကံတွင် လမ်းဖောက်ရန် ထိုင်းနိုင်ငံနှင့်လည်း သဘောတူပြီးဖြစ်သဖြင့် မကြာခင်တွင် ကီလိုမီတာ ၁၃၀ ကျော်ရှိသည့် လမ်းကို ဖောက်မည်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service