Local Property News | Posted by Aye Myat Thu
### Zawgyi Version ###
၃၄ ခုေျမာက္ ရန္ကုန္ၿမိဳ႕ၿပ အေမြအႏွစ္ အျပာေရာင္ကမၸည္းျပားကို ေအာက္တိုဘာ ၃၁ ရက္က ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ ႐ုံးခ်ဳပ္(ယခင္ ဘုံေဘဘားမား ကုန္သြယ္ေရးေကာ္ပိုေရးရွင္းလီမိတက္ ႐ုံးခ်ဳပ္)တြင္ တပ္ဆင္ခဲ့ေၾကာင္း သိရသည္။
ကမ္းနားလမ္းရွိ ယင္းရုံးကို မူလကျမန္မာနိုင္ငံမွ ဘုံေဘသို႔ လက္ဖက္တင္ပို႔ရန္ Wallace Bros & Co အျဖစ္ စတင္ခဲ့ၿပီး ၁၈၆၃ ခုႏွစ္တြင္ဖြဲ႕စည္းခဲ့ေၾကာင္းသိရသည္။
အဂၤလိပ္ေတြဟာ ျမန္မာနိုင္ငံကို သိမ္းပိုက္ဖို႔အတြက္ စီးပြားေရးအရ ပထမနယ္ခ်ဲ႕လာမႈမွာ ဘုံေဘဘား မားကုမၸဏီဟာ အဓိကက်ခဲ့တယ္ဆိုတာကို အေဆာက္အအုံက တစ္ဆင့္ ျပသနိုင္မွာျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ ျပ အေမြအႏွစ္ထိန္းသိမ္းေစာင့္ ေရွာက္ေရးအဖြဲ႕တည္ေထာင္သူ ႏွင့္ ဥကၠ႒ေဒါက္တာသန႔္ျမင့္ဦးက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက အျပာေရာင္ကမၸည္းျပားတပ္လိုက္ျခင္းအားျဖင့္ ဒီေနရာဟာ ဘုံေဘဘားမားကုမၸဏီ႐ုံးစိုက္ခဲ့ ရာေနရာျဖစ္ေၾကာင္း၊ အဂၤလိပ္မ်ားဟာ ျမန္မာနိုင္ငံကို သိမ္းပိုက္ ဖို႔အတြက္ စီးပြားေရးအရပထမနယ္ခ်ဲ႕လာမႈမွာ ဘုံေဘဘားမားကုမၸဏီဟာ အဓိကက်ခဲ့တယ္ဆိုတာကို အေဆာက္အအုံက တစ္ဆင့္ ျပသနိုင္မွာျဖစ္ပါေၾကာင္း ေျပာထားသည္။
ေလေၾကာင္းလိုင္းကို ၁၉၄၈ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ကာ ထိုအေဆာက္အအုံကို ၁၉၄၉ တြင္ ျပည္ေထာင္စုျမန္မာနိုင္ငံေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးအဖြဲ႕ကအသုံးျပဳခဲ့ၿပီး ၂၀၁၄ ခုႏွစ္တြင္ျမန္မာ အမ်ိဳးသား ေလေၾကာင္းလိုင္းအျဖစ္ အမည္ေျပာင္းကာလက္ရွိအခ်ိန္ထိ အသုံးျပဳလ်က္ရွိေၾကာင္းသိရသည္။
ကမၺည္းျပားတပ္ဆင္ျခင္းသည္ လူအမ်ားသိရွိၿပီးေသာ အေဆာက္အအုံမ်ား၊ ေနရာမ်ားကို ပိုမိုတန္ဖိုး ထားထိန္းသိမ္းလာတတ္ေစရန္ႏွင့္ လူသိနည္းေသာအေဆာက္အအုံမ်ားကိုလည္း လူအမ်ားသိရွိ လာေစရန္ ရည္ရြယ္ေၾကာင္း သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၃၄ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ် အပြာရောင်ကမ္ပည်းပြားကို အောက်တိုဘာ ၃၁ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရုံးချုပ်(ယခင် ဘုံဘေဘားမား ကုန်သွယ်ရေးကော်ပိုရေးရှင်းလီမိတက် ရုံးချုပ်)တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။
ကမ်းနားလမ်းရှိ ယင်းရုံးကို မူလကမြန်မာနိုင်ငံမှ ဘုံဘေသို့ လက်ဖက်တင်ပို့ရန် Wallace Bros & Co အဖြစ် စတင်ခဲ့ပြီး ၁၈၆၃ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့အတွက် စီးပွားရေးအရ ပထမနယ်ချဲ့လာမှုမှာ ဘုံဘေဘား မားကုမ္ပဏီဟာ အဓိကကျခဲ့တယ်ဆိုတာကို အဆောက်အအုံက တစ်ဆင့် ပြသနိုင်မှာဖြစ်ကြောင်း ရန်ကုန်မြို့ ပြ အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့တည်ထောင်သူ နှင့် ဥက္ကဋ္ဌဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အပြာရောင်ကမ္ပည်းပြားတပ်လိုက်ခြင်းအားဖြင့် ဒီနေရာဟာ ဘုံဘေဘားမားကုမ္ပဏီရုံးစိုက်ခဲ့ ရာနေရာဖြစ်ကြောင်း၊ အင်္ဂလိပ်များဟာ မြန်မာနိုင်ငံကို သိမ်းပိုက် ဖို့အတွက် စီးပွားရေးအရပထမနယ်ချဲ့လာမှုမှာ ဘုံဘေဘားမားကုမ္ပဏီဟာ အဓိကကျခဲ့တယ်ဆိုတာကို အဆောက်အအုံက တစ်ဆင့် ပြသနိုင်မှာဖြစ်ပါကြောင်း ပြောထားသည်။
လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအဆောက်အအုံကို ၁၉၄၉ တွင် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ကအသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်မြန်မာ အမျိုးသား လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းကာလက်ရှိအချိန်ထိ အသုံးပြုလျက်ရှိကြောင်းသိရသည်။
ကမ္ဗည်းပြားတပ်ဆင်ခြင်းသည် လူအများသိရှိပြီးသော အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုး ထားထိန်းသိမ်းလာတတ်စေရန်နှင့် လူသိနည်းသောအဆောက်အအုံများကိုလည်း လူအများသိရှိ လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com