ရန္ကုန္တိုင္းအစိုးရ ေရာင္းတဲ့ေျမကြက္ ဝယ္ဖို႔ေလၽွာက္လႊာ ဝယ္သူ ခုႏွစ္ေထာင္ေက်ာ္ - Property News in Myanmar from iMyanmarHouse.com
1135 Views

ရန္ကုန္တိုင္းအစိုးရ ေရာင္းတဲ့ေျမကြက္ ဝယ္ဖို႔ေလၽွာက္လႊာ ဝယ္သူ ခုႏွစ္ေထာင္ေက်ာ္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေရာင္းခ်တဲ့ေျမကြက္ေတြကိုဝယ္ယူဖို႔ေလၽွာက္လႊာလာေရာက္ဝယ္ယူသူ ခုႏွစ္ေထာင္ ေက်ာ္သြားၿပီျဖစ္ကာျပန္လည္ၿပီးေလၽွာက္လႊာလာတင္သူ ေလးရာေက်ာ္ရွိေနၿပီလို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမႉး ဦးသန္းကေျပာပါတယ္။

ေလၽွာက္လႊာတစ္ေစာင္ကိုတစ္ေသာင္းနဲ႔ေရာင္းခ်တဲ့ ေျမကြက္ေတြကို ဝယ္ယူဖို႔ေလၽွာက္လႊာေတြကို ေအာက္တိုဘာ ၈ ရက္ေန႔က စတင္ေရာင္းခ်ေနတာျဖစ္ၿပီး နိုဝင္ဘာ ၈ ရက္ေန႔တစ္လျပည့္တဲ့အထိေရာင္းခ်သြားမွာပါ။ ေျမကြက္ဝယ္ယူသူေတြအေနနဲ႔ မိမိဝယ္လိုတဲ့ေျမကြက္ကို ကိုယ္တိုင္အဆိုျပဳရမွာျဖစ္ၿပီး သတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီရင္ေတာ့စိစစ္ေရးအဖြဲ႕က ဝယ္ယူခြင့္ျပဳသြားမွာျဖစ္တယ္လို႔ ဦးသန္းက ဒီကေန႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့တာပါ။

လက္ရွိ ေရာင္းခ်မယ့္ေျမကြက္ေတြမွာအေျခခံအေဆာက္အအုံနဲ႔လမ္းေတြကို ျပန္လည္ျပဳျပင္ေပးဖို႔အတြက္ ပုဂၢလိကုမၸဏီေတြကို ေရြးခ်ယ္ၿပီးလုပ္ကိုင္ခြင့္ေပးဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေခၚယူထားတယ္လို႔ ဦးသန္းက ဆက္လက္ေျပာၾကားပါတယ္။

ဒါ့ေၾကာင့္ေျမကြက္ ဝယ္ယူသူေတြအေနနဲ႔ ေျမကြက္တန္ဖိုးအျပင္ အေျခခံအေဆာက္အအုံေတြ ျပင္ဆင္တဲ့စရိတ္စကပါက်ခံရမွာျဖစ္တယ္လို႔ဆိုပါတယ္။

အခုေရာင္းခ်ေပးေနတာကေတာ့ လိႈင္သာယာ ၊ ေရႊျပည္သာ နဲ ႔ဒဂုံၿမိဳ႕နယ္ေလးၿမိဳ႕နယ္ က ေျမကြက္ေပါင္း ၅၀၀ ေက်ာ္ကို စတင္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ေရာင္းခ်တဲ့ေျမကြက္ေတြထဲမွာက်ဴးေက်ာ္ျပသာနာေတြ၊ ရပ္ကြက္ပိုင္ပန္းၿခံေနရာေတြ ၊ ေျမေနရာလြဲမွားေနတာေတြပါဝင္ေနတာလည္းရွိလို႔ ျပင္ပမွာ ေဝဖန္မႈေတြလည္း ထြက္ေပၚေနတာပါ။အခုေရာင္းခ်မႈဟာပထမအဆင့္ျဖစ္ၿပီးဒုတိယအဆင့္ေရာင္းခ်ဖို႔ေျမကြက္ေတြလည္းရွိေသးတယ္လို႔ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ေနးရွင္းၿမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရောင်းချတဲ့မြေကွက်တွေကိုဝယ်ယူဖို့လျှောက်လွှာလာရောက်ဝယ်ယူသူ ခုနှစ်ထောင် ကျော်သွားပြီဖြစ်ကာပြန်လည်ပြီးလျှောက်လွှာလာတင်သူ လေးရာကျော်ရှိနေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

လျှောက်လွှာတစ်စောင်ကိုတစ်သောင်းနဲ့ရောင်းချတဲ့ မြေကွက်တွေကို ဝယ်ယူဖို့လျှောက်လွှာတွေကို အောက်တိုဘာ၈ရက်နေ့က စတင်ရောင်းချနေတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့တစ်လပြည့်တဲ့အထိရောင်းချသွားမှာပါ။ မြေကွက်ဝယ်ယူသူတွေအနေနဲ့ မိမိဝယ်လိုတဲ့မြေကွက်ကို ကိုယ်တိုင်အဆိုပြုရမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင်တော့စိစစ်ရေးအဖွဲ့က ဝယ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ ဦးသန်းက ဒီကနေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

လက်ရှိ ရောင်းချမယ့်မြေကွက်တွေမှာအခြေခံအဆောက်အအုံနဲ့လမ်းတွေကို ပြန်လည်ပြုပြင်ပေးဖို့ အတွက် ပုဂ္ဂလိကုမဏီတွေကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကခေါ်ယူထားတယ်လို့ ဦးသန်းက ဆက်လက်ပြောကြားပါတယ်။

ဒါ့ကြောင့်မြေကွက် ဝယ်ယူသူတွေအနေနဲ့ မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံတွေ ပြင်ဆင်တဲ့စရိတ်စကပါကျခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

အခုရောင်းချပေးနေတာကတော့ လှိုင်သာယာ ၊ရွှေပြည်သာ နဲ့ဒဂုံမြို့နယ်လေးမြို့နယ် က မြေကွက်ပေါင်း ၅၀၀ ကျော်ကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

ရောင်းချတဲ့မြေကွက်တွေထဲမှာကျူးကျော်ပြသာနာတွေ၊ ရပ်ကွက်ပိုင်ပန်းခြံနေရာတွေ ၊ မြေနေရာလွဲမှားနေတာတွေပါဝင်နေတာလည်းရှိလို့ ပြင်ပမှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အခုရောင်းချမှုဟာပထမအဆင့်ဖြစ်ပြီးဒုတိယအဆင့်ရောင်းချဖို့မြေကွက်တွေလည်းရှိသေးတယ်လို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service