ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း အခန်းအပ်နှံချိန်ပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
1449 Views

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း အခန်းအပ်နှံချိန်ပြောင်းလဲမည်

### Zawgyi Version ###








 

### Unicode Version ###

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ၌ အခန်းဝယ်ယူခွင့်ရရှိပြီး သတ်မှတ်တန်ဖိုးလာရောက်ပေးချေခြင်း မရှိသည့်အတွက် အခန်းများပြန်လည်မဲနှိုက်ရောင်းချခဲ့ပြီး အခန်းအပ်နှံချိန်ကို လာမည့် ၂၀၂၀ ခုနှစ်အထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှသိရသည်။

အဆို တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Myanmar V-Pile ကုမ္ပဏီတို့မှအကျိုးတူးပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှသိရသည်။

အဆိုပါဒုတိယအဆင့် စီမံကိန်း၌ လေးခန်းတွဲ ၈ ထပ်တိုက် ၂၇ လုံး အခန်းပေါင်း ၈၆၀ ကျော်ပါဝင်ပြီး ယူ ၉၀၀ အမျိုးအစားတွင် စတုရန်းပေ ၉၂၇ ပေ အခန်း ၅၇၀ ခန်း၊ ၈၇၇ စတုရန်းပေ ၃၈ ခန်း၊ ယူ ၆၀၀ အမျိုးအစားတွင် ၆၁၄ စတုရန်းပေ အခန်း ၂၄၀ နှင့် ၅၆၇ စတုရန်းပေ အခန်း ၁၆ ခန်းပါဝင်ကြောင်း အင်ဂျင်နီယာဌာန၏စာရင်းများ အရသိရသည်။

အဆိုပါအခန်းများကို ကျပ် သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ အခန်းအမျိုးအစားလိုက်ရောင်းချခြင်းဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူ၏ ၅၀ ရာခိုင်နှုန်းခန့်သာ ပထမအရစ်ပေးသွင်းနိုင်သည့်အတွက် ပေးသွင်းခြင်းမရှိသည့် အခန်းများကို ဒုတိယအကြိမ်ထပ်မံရောင်းချခဲ့ကြောင်း အဆိုပါဌာနထံမှသိရသည်။

အဆိုပါစီမံကိန်းမှ ယူ ၆၀၀ အခန်းများကို ၂၀၁၉ နိုဝင်ဘာလကုန်တွင် အခန်းအပ်နှံသွားမည်ဖြစ်ပြီး ယူ ၉၀၀ အခန်းများကို လာမည့် ၂၀၂၀ ဇူလိုင်လကုန်မှသာ အခန်းအပ်နှံသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service