မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ GovInsider Magazine က ပေးအပ်သည့် Rising Star Award ဆုရရှိ - Property News in Myanmar from iMyanmarHouse.com
1009 Views

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ GovInsider Magazine က ပေးအပ်သည့် Rising Star Award ဆုရရှိ

### Zawgyi Version ###









 

### Unicode Version ### မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအား GovInsider Magazine က ပေးအပ်သည့် Rising Star Award ဆုရရှိကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်၏ လူမှုကွန်ယက်စာမျက်နှာတွင်တွေ့ရသည်။ Rising Star Award ဆုကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် GovInsider Innovation Award အဖွဲ့အစည်းနှင့် United Nation Economic & Social Commission for Asia Pacific (UNESCAP) အဖွဲ့အစည်း တို့က ပူးပေါင်း၍ ချီးမြှင့်ခြင်းဖြစ်သည်။ အဆိုပါဆုအတွက် အကဲဖြတ်ပြီး ရွေးချယ်မှုကို International Panel of Judges များက လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်က ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တော်ဝန်အနေဖြင့် ဆုပေးပွဲ မတတ်ရောက်နိုင်သဖြင့် ဗီဒီယိုဖိုင်ဖြင့်သာကျေးဇူးတင်စကားပြော နိုင်ကြောင်းသိရသည်။ Rising Star Award ချီးမြှင့်ရခြင်းမှာ မြို့သူ မြို့သားများ၏ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့သော အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ဆုရရှိသည့် အစိုးရအဖွဲ့အစည်းများသည် ဆန်းသစ်တီထွင်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့၍ဆုပေးအပ်ခြင်းဖြစ်ကြောင်း၊ပြုပြင်မှုဆောင်ရွက်သည့်အခါတွင် သမာရိုးကျမဟုတ်သည့် လမ်းကြောင်းသစ်၊ စနစ်သစ်များဖြင့် အကောင်အထည်ဖော်နိုင်ခြင်းနှင့်ဝန်ထမ်းများ၊ မြို့သူမြို့သားများကို စိတ်ဓာတ်ရှင်သန် နိုးကြားစေနိုင်ခြင်း တို့ကိုအခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအား နိုင်ငံတကာမှ အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သည့် ဆုများအနေဖြင့် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အလားအလာအကောင်းဆုံးအဆင့် ငါးခုမြောက် Smart City မြို့တော်အဖြစ် ၂၀၁၈ ခုနှစ်ကလည်းကောင်း၊၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ အများသုံး သန့်စင်ခန်းများတည်ဆောက်မှု အတွက် ASEAN Public Toilet Awards ဆု၊ ပြည်သူ့ဂုဏ်ရည်ဆု၊ ASOCIO Smart City Award 2019 ဆုနှင့် ယခု The Rising Star Award of GonInsider ဆုတို့ကို ရရှိခဲ့ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service