ဂ်ပန္နည္းပညာႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ားအသံုးျပဳကာ တန္ဖိုးနည္း အိမ္ရာနမူနာအိမ္ စမ္းသပ္ေဆာက္လုပ္ - Property News in Myanmar from iMyanmarHouse.com
6489 Views

ဂ်ပန္နည္းပညာႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ားအသံုးျပဳကာ တန္ဖိုးနည္း အိမ္ရာနမူနာအိမ္ စမ္းသပ္ေဆာက္လုပ္

### Zawgyi Version ###

ဒီကေန႔ ၉ ရက္ေန႔မွာ အမ်ားျပည္သူစိတ္ဝင္စားေစမည့္ သတင္းတစ္ပုဒ္ကို ျပန္ၾကားေရးဝန္ႀကီးဌာန သတင္းႏွင့္စာနယ္ဇင္း(NEP)၏ ဝက္ဘ္ဆိုက္စာမ်က္ႏွာကို ဖတ္လိုက္ရပါတယ္။ ဂ်ပန္နည္းပညာသုံး တန္ဖိုးနည္း အိမ္ရာနမူနာအိမ္ လႊဲေျပာင္းေပးအပ္ျခင္းဆိုတဲ့ ေခါင္းစဥ္နဲ႔ စာေရးသူ ျမင့္ေမာင္စိုးက ေရးထားတဲ့ သတင္းပါ။

အဲဒီ တန္ဖိုးနည္း နမူနာအိမ္မ်ား ေဆာက္လုပ္ေပးရျခင္း၏ အဓိကရည္ရြယ္ခ်က္ဟာဆိုရင္ ျမန္မာနိုင္ငံ မွာ ဂ်ပန္ေဆာက္လုပ္ေရးပစၥည္းမ်ားနဲ႔ ဂ်ပန္ဒီဇိုင္း တန္ဖိုးနည္း၊ တန္ဖိုးသင့္အိမ္ရာမ်ားကို အရည္အေသြးျပည့္မီ စြာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာက္လုပ္သြားနိုင္ရန္ စတင္မိတ္ဆက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဂ်ပန္-ျမန္မာ အိမ္ရာတည္ေဆာက္ေရးႏွင့္ ၿမိဳ႕ျပဖြံ႔ျဖိဳးေရးလုပ္ငန္းအသင္း (JHMU)ႏွင့္ ျမန္မာ နိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း(MCEA)တို႔ ပူးေပါင္းၿပီး ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ အမွတ္ (၃) လမ္းမႀကီးေဘး ရန္ကုန္အျမန္လမ္းတိုးဂိတ္အနီးမွာ တန္ဖိုးနည္းအိမ္ရာ ၂ လုံး အေကာင္အထည္ ေဖာ္တည္ေဆာက္ခဲ့ေၾကာင္း သိရပါတယ္။

အဲဒီအေဆာက္အအုံႏွစ္လုံးကို MCEA အဖြဲ႔ဝင္ ေျမပိုင္ရွင္ ဦးၾကည္စိုးရဲ႕ေျမမွာေဆာက္လုပ္ခဲ့ေၾကာင္း ၊ အမ်ိဳးအစား A ႏွစ္ထပ္ ေလးခန္းနဲ႔ အမ်ိဳးအစား B ႏွစ္ခန္းတို႔ျဖစ္ေၾကာင္း၊ အားလုံးကို ဂ်ပန္နည္းပညာ၊ ဂ်ပန္ ပစၥည္းမ်ားကို အသုံးျပဳၿပီး ဂ်ပန္စံႏႈန္းအတိုင္း တိတိက်က် ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး တည္ေဆာက္ၿပီးစီးသြား တာေၾကာင့္ ေျမပိုင္ရွင္ ဦးၾကည္စိုးအား လႊဲေျပာင္းေပးအပ္ျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာထားပါတယ္။

အေဆာက္အအုံေဆာက္လုပ္ျခင္းအတြက္ အေဆာက္အအုံပုံစံကို JMHU ဘက္မွ တာဝန္ယူ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ေဆာက္လုပ္ေရး အစီအစဥ္ကိုေတာ့ MCEA ဘက္မွ ေဆာက္လုပ္ေရး ကုမၸဏီက တာဝန္ယူေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီ အေဆာက္အအုံႏွစ္လုံး လႊဲေျပာင္းေပးအပ္ျခင္းအခမ္းအနားကို စက္တင္ဘာ ၈ ရက္ေန႔ မနက္ ပိုင္းက သုဝဏၰရွိ ျမန္မာနိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၌ က်င္းပခဲ့တာလည္းျဖစ္ပါတယ္။

အဲဒီတန္ဖိုးနည္း အိမ္ေတြဟာဆိုရင္ ဝင္ေငြနည္းသူမ်ားနဲ႔ ဝင္ေငြအလယ္အလတ္ ရွိသူမ်ား ေနထိုင္နိုင္တဲ့ အိမ္ရာမ်ား ျဖစ္ေၾကာင္းသိရပါတယ္။

မိုးယံလင္းထင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

ဒီကနေ့ ၉ ရက်နေ့မှာ အများပြည်သူစိတ်ဝင်စားစေမည့် သတင်းတစ်ပုဒ်ကို ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း(NEP)၏ ဝက်ဘ်ဆိုက်စာမျက်နှာကို ဖတ်လိုက်ရပါတယ်။ ဂျပန်နည်းပညာသုံး တန်ဖိုးနည်း အိမ်ရာနမူနာအိမ် လွှဲပြောင်းပေးအပ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသူ မြင့်မောင်စိုးက ရေးထားတဲ့ သတင်းပါ။

အဲဒီ တန်ဖိုးနည်း နမူနာအိမ်များ ဆောက်လုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်ဟာဆိုရင် မြန်မာနိုင်ငံ မှာ ဂျပန်ဆောက်လုပ်ရေးပစ္စည်းများနဲ့ ဂျပန်ဒီဇိုင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အရည်အသွေးပြည့်မီ စွာ ကျယ်ကျယ်ပြန့်ပြန့် ဆောက်လုပ်သွားနိုင်ရန် စတင်မိတ်ဆက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျပန်-မြန်မာ အိမ်ရာတည်ဆောက်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအသင်း (JHMU)နှင့် မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(MCEA)တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးဘေး ရန်ကုန်အမြန်လမ်းတိုးဂိတ်အနီးမှာ တန်ဖိုးနည်းအိမ်ရာ ၂ လုံး အကောင်အထည် ဖော်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။

အဲဒီအဆောက်အအုံနှစ်လုံးကို MCEA အဖွဲ့ဝင် မြေပိုင်ရှင် ဦးကြည်စိုးရဲ့မြေမှာဆောက်လုပ်ခဲ့ကြောင်း ၊ အမျိုးအစား A နှစ်ထပ် လေးခန်းနဲ့ အမျိုးအစား B နှစ်ခန်းတို့ဖြစ်ကြောင်း၊ အားလုံးကို ဂျပန်နည်းပညာ၊ ဂျပန် ပစ္စည်းများကို အသုံးပြုပြီး ဂျပန်စံနှုန်းအတိုင်း တိတိကျကျ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ပြီးစီးသွား တာကြောင့် မြေပိုင်ရှင် ဦးကြည်စိုးအား လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောထားပါတယ်။

အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အဆောက်အအုံပုံစံကို JMHU ဘက်မှ တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး အစီအစဉ်ကိုတော့ MCEA ဘက်မှ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲဒီ အဆောက်အအုံနှစ်လုံး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ မနက် ပိုင်းက သုဝဏ္ဏရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီတန်ဖိုးနည်း အိမ်တွေဟာဆိုရင် ဝင်ငွေနည်းသူများနဲ့ ဝင်ငွေအလယ်အလတ် ရှိသူများ နေထိုင်နိုင်တဲ့ အိမ်ရာများ ဖြစ်ကြောင်းသိရပါတယ်။

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service