Local Property News | Posted by Zarni Kyaw
ရန်ကုန်မြို့ သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့သိမ်းဆည်းထားတဲ့ မြေတွေထဲက မြေယာ ဧက ၁၅၀၀ ကျော်ကို မူလပိုရှင်တွေဆီကို ဒီကနေ့မှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
မြေဧက ၁၅၀၀ ကျော်ကို မူလပိုင်ရှင် ၁၈၀ ကျော် ဆီ ပြန်ပေးခဲ့တာဖြစ်ပြီး သူတို့ဆီက သိမ်းဆည်းခဲ့တဲ့မြေရဲ့ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ခဲ့တာလို့သိရပါတယ်။
ဒီလို ပြန်လည်ပေးအပ်တဲ့ မြေတွေ ဟာ မူလသိမ်းဆည်းခဲ့သလို လယ်မြေမဟုတ်တော့ဘဲ မြို့မြေအဖြစ် ပြန်ပေးတာလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒီနေ့ရဲ့ မြေယာ ပြန်လည်ပေးအပ်ပွဲကို ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ် ၊ ဘလုပ်ညွှန့်ရပ်ကွက်၊ ခါတော်မီကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပါ။
ရန်ကုန်မြို့ရဲ့ အနောက်ဘက်ခြမ်း လှိုင်မြစ်တစ်ဖက်ကမ်းကို မြို့ပြရဲ့ မြို့သစ်စီမံကိန်းအဖြစ်ရော၊ Smart City အဖြစ်ပါ ဖော်ဆောင်သွားဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
မြေဧက တဖက်ကမ်းမှာ ရှိတဲ့ မြေဧက နှစ်သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မြို့သစ်စီမံကိန်းဟာ အမေရိကန် ဒေါ်လာ ငါးဘီလီယံလောက် ကုန်ကျမယ်လို့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) ကခန့်မှန်းထားပါတယ်။
နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com