ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္မညီသည့္ စက္စြမ္းအားက်ဆင္းၿပီး ၾကံခိုင္မႈမရွိလုပ္ငန္းမလည္ပတ္ေသာဘက္စ္ကားမ်ားအပ္ႏွံ၍ လူစီးယာဥ္တင္သြင္းခြင့္ ေထာက္ခံခ်က္ရယူရန္တင္ျပထား - Property News in Myanmar from iMyanmarHouse.com
973 Views

ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္မညီသည့္ စက္စြမ္းအားက်ဆင္းၿပီး ၾကံခိုင္မႈမရွိလုပ္ငန္းမလည္ပတ္ေသာဘက္စ္ကားမ်ားအပ္ႏွံ၍ လူစီးယာဥ္တင္သြင္းခြင့္ ေထာက္ခံခ်က္ရယူရန္တင္ျပထား

### Zawgyi Version ###

ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္မညီသည့္ စက္စြမ္းအားက်ဆင္းၿပီး ၾကံခိုင္မႈမရွိ လုပ္ငန္းမလည္ပတ္ေသာဘက္စ္ကားမ်ားအပ္ႏွံ၍ လူစီးယာဥ္တင္သြင္းခြင့္ ေထာက္ခံခ်က္ရယူရန္တင္ျပထားေၾကာင္း YRTA မွသိရသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၏တင္ျပမႈေၾကာင့္ လက္ရွိ YBS ယာဥ္မ်ားမွၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္ မညီသည့္ စက္စြမ္းအားက်ဆင္းၿပီး ၾကံခိုင္မႈမရွိဘဲ လုပ္ငန္းမလည္ပတ္ေသာ ၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ဘက္စ္ကားမ်ားကိုအပ္ႏွံပါကလူစီးယာဥ္ တင္သြင္းခြင့္ ေထာက္ခံခ်က္ရရွိေရး အထူးကိစၥရပ္တစ္ခုအျဖစ္ ခြင့္ျပဳေပးခဲ့ေၾကာင္းသိရသည္။

ေထာက္ခံခ်က္ရယူရန္ အပ္ခြင့္တင္ျပထားသည့္ ကားမ်ားတြင္ စီးတီးဘက္စ္ ၇၅ စီးႏွင့္မီနီဘက္စ္တစ္စီးရွိေၾကာင္း၊ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ကိုတင္ျပၿပီး အပ္ႏွံခြင့္ရရွိေရးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ YBS ဘက္စ္ကား အစီးေရမွာ ၇၀၀ ေက်ာ္ရွိေၾကာင္း၊အပ္ႏွံခြင့္ႏွင့္ပတ္သက္၍ ယာဥ္လိုင္းမ်ားကို အသိေပးၿပီးျဖစ္ေၾကာင္းသိရသည္။

ကားေဟာင္းတစ္စီးကို အပ္ႏွံသည့္အတြက္ ယာဥ္ပိုင္ရွင္အေနျဖင့္မွ်တသည့္ တန္ရာတန္ေၾကးရရွိမွာျဖစ္ၿပီး ယင္းေငြျဖင့္ကုမၸဏီတြင္ ရွယ္ယာဝင္ႏိုင္ၿပီး မဝင္လိုကလည္း တန္ရာတန္ေၾကးရရွိေအာင္ ေဆာင္ရြက္ေပးႏိုင္ရန္ အထူးကိစၥတစ္ရပ္အေနျဖင့္ အပ္ႏွံခြင့္ေပးတာျဖစ္ေၾကာင္းသိရသည္။

အဆိုပါဘက္စ္ကားမ်ားအပ္ႏွံ၍ လူစီးယာဥ္တင္သြင္းမည္ဆိုပါက ယင္းဘက္စ္ကားရွိ စီအင္ဂ်ီမ်ားကို ျပန္လည္အပ္ႏွံရမည္ျဖစ္ေၾကာင္းသိရသည္။

ႏွစ္ ၂၀ အေျခခံသည့္ ယာဥ္အိုယာဥ္ေဟာင္းမ်ားအပ္ႏွံမႈကို ၂၀၁၁ ခုႏွစ္မွစတင္အပ္ႏွံခြင့္ျပဳခဲ့ရာတြင္အပ္ႏွံသည့္ ကားအမ်ိဳးအစားသာျပန္လည္တင္သြင္းခြင္ျပဳခဲ့ၿပီး ၁၉၉၉ ခုႏွစ္ကားမ်ားသာအပ္ႏွံခြင့္ရရွိေၾကာင္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

 

မြို့တော်အင်္ဂါရပ်နှင့်မညီသည့် စက်စွမ်းအားကျဆင်းပြီး ကြံခိုင်မှုမရှိ လုပ်ငန်းမလည်ပတ်သောဘက်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက်ရယူရန်တင်ပြထားကြောင်း YRTA မှသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏တင်ပြမှုကြောင့် လက်ရှိ YBS ယာဉ်များမှမြို့တော်အင်္ဂါရပ်နှင့် မညီသည့် စက်စွမ်းအားကျဆင်းပြီး ကြံခိုင်မှုမရှိဘဲ လုပ်ငန်းမလည်ပတ်သော ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ်ဘက်စ်ကားများကိုအပ်နှံပါကလူစီးယာဉ် တင်သွင်းခွင့် ထောက်ခံချက်ရရှိရေး အထူးကိစ္စရပ်တစ်ခုအဖြစ် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ထောက်ခံချက်ရယူရန် အပ်ခွင့်တင်ပြထားသည့် ကားများတွင် စီးတီးဘက်စ် ၇၅ စီးနှင့်မီနီဘက်စ်တစ်စီးရှိကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပြီး အပ်နှံခွင့်ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် YBS ဘက်စ်ကား အစီးရေမှာ ၇၀၀ ကျော်ရှိကြောင်း၊အပ်နှံခွင့်နှင့်ပတ်သက်၍ ယာဉ်လိုင်းများကို အသိပေးပြီးဖြစ်ကြောင်းသိရသည်။

ကားဟောင်းတစ်စီးကို အပ်နှံသည့်အတွက် ယာဉ်ပိုင်ရှင်အနေဖြင့်မျှတသည့် တန်ရာတန်ကြေးရရှိမှာဖြစ်ပြီး ယင်းငွေဖြင့်ကုမ္ပဏီတွင် ရှယ်ယာဝင်နိုင်ပြီး မဝင်လိုကလည်း တန်ရာတန်ကြေးရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် အထူးကိစ္စတစ်ရပ်အနေဖြင့် အပ်နှံခွင့်ပေးတာဖြစ်ကြောင်းသိရသည်။

အဆိုပါဘက်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းမည်ဆိုပါက ယင်းဘက်စ်ကားရှိ စီအင်ဂျီများကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။

နှစ် ၂၀ အခြေခံသည့် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစတင်အပ်နှံခွင့်ပြုခဲ့ရာတွင်အပ်နှံသည့် ကားအမျိုးအစားသာပြန်လည်တင်သွင်းခွင်ပြုခဲ့ပြီး ၁၉၉၉ ခုနှစ်ကားများသာအပ်နှံခွင့်ရရှိကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service