Myanmar Build and Décor 2019 ျပပြဲႀကီး က်င္းပမယ္ - Property News in Myanmar from iMyanmarHouse.com
698 Views

Myanmar Build and Décor 2019 ျပပြဲႀကီး က်င္းပမယ္

### Zawgyi Version ###

ျပည္တြင္း ၊ ျပည္ပ စက္မႈလက္မႈ လုပ္ငန္းရွင္ေတြအတြက္ အဓိက ခ်ိတ္ဆက္ေပးမယ့္ ပြဲျဖစ္တဲ့ Myanmar Build & Décor 2019 ျပပြဲႀကီးကို မၾကာခင္မွာ က်င္းပေတာ့မယ္လုိ႕သိရပါတယ္။

အဲဒီျပပြဲႀကီးမွာေတာ့ ဗိသုကာနဲ႕ ေဆာက္လုပ္ေရးဆိုင္ရာ ပစၥည္းေတြ ၊ အိမ္တြင္း အလွဆင္ပစၥည္းေတြ ၊ ပရိေဘာဂပစၥည္းေတြကို ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။

ဒါအျပင္ ေဆာက္လုပ္ေရးလုပ္ငန္းနဲ႕ပတ္သက္ၿပီး ျပည္တြင္းျပည္ပလုပ္ငန္းရွင္ေတြရဲ႕အေတြ႕အၾကဳံေတြကိုလည္း ဖလွယ္ႏိုင္မွာပါ။

ျပပြဲႀကီး မွာ ေတာင္ကိုရီးယား ၊ ထိုင္ဝမ္ ၊ တရုတ္ ၊ စင္ကာပူ ၊ မေလးရွား ၊ထိုင္းနဲ႕ ဗီယက္နမ္ တို႕အျပင္ ျမန္မာႏိုင္ငံက နာမည္ေက်ာ္ လုပ္ငန္းေပါင္း ၇၀ ေက်ာ္ ပါဝင္ျပသသြားမွာျဖစ္တယ္လုိ႕သိရပါတယ္။

ပြဲမွာေတာ့ အိမ္ျခံေျမ အက်ိဴးေဆာင္ေတြ ၊ ဟိုတယ္လုပ္ငန္းရွင္ေတြ ၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြ ၊ ဗိသုကာပညာရွင္ေတြ အိမ္တြင္းအလွဆင္ပစၥည္းေတြ ကန္ထရိုက္တာအစရိွတဲ့ စိတ္ပါဝင္စားတဲ့ နယ္ပယ္ေပါင္းစုံက လူငါးေထာင္ေလာက္တက္ေရာက္ဖို႕ ေမွ်ာ္လင့္ထားတာပါ။

ျပပြဲရဲ႕အဓိက main sponsor က ထိုင္းႏိုင္ငံ ရဲ႕ နာမည္ၾကီး အမွတ္တံဆိပ္ျဖစ္တဲ့ SCG Cement ကျဖစ္လုိ႕ SCG ရဲ႕ ေနာက္ဆုံးေပၚထုတ္ကုန္ေတြကို ျပပြဲမွာ ေလ့လာႏုိင္မယ္လုိ႕သိရပါတယ္။

Myanmar Build and Décor 2019 ျပပြဲႀကီး ကိုေတာ့လာမယ့္ ေအာက္တိုဘာလ ၃ ရက္ေန႕ကေန ၅ ရက္ေန႕အထိသံုးရက္တိုင္တိုင္ ရန္ကုန္ၿမိဳ႕ မွာရိွတဲ့ Fortune Plaza မွာ က်င္းပသြားမွာျဖစ္ပါတယ္။

Build and Decor ပြဲကို ငါးနွစ္ဆက္တိုက္ ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္ခဲ့ၿပီး ဒီတေခါက္က်င္းပမယ့္ ပြဲကေတာ့ ေျခာက္ႀကိမ္ေျမာက္ျဖစ္တယ္လို႕သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ပြည်တွင်း ၊ ပြည်ပ စက်မှု လက်မှု လုပ်ငန်းရှင်တွေအတွက် အဓိက ချိတ်ဆက်ပေးမယ့် ပွဲဖြစ်တဲ့ Myanmar Build & Décor 2019 ပြပွဲကြီးကို မကြာခင်မှာ ကျင်းပတော့မယ်လို့သိရပါတယ်။

အဲဒီပြပွဲကြီးမှာတော့ ဗိသုကာနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းတွေ ၊ အိမ်တွင်း အလှဆင်ပစ္စည်းတွေ ၊ ပရိဘောဂပစ္စည်းတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒါအပြင် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေရဲ့အတွေ့အကြုံတွေကိုလည်း ဖလှယ်နိုင်မှာပါ။

ပြပွဲကြီး မှာ တောင်ကိုရီးယား ၊ ထိုင်ဝမ် ၊ တရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ထိုင်းနဲ့ ဗီယက်နမ် တို့အပြင် မြန်မာနိုင်ငံက နာမည်ကျော် လုပ်ငန်းပေါင်း ၇၀ ကျော် ပါဝင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပွဲမှာတော့ အိမ်ခြံမြေ အကျိူးဆောင်တွေ ၊ ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ၊ ဗိသုကာပညာရှင်တွေ အိမ်တွင်းအလှဆင်ပစ္စည်းတွေ ကန်ထရိုက်တာအစရှိတဲ့ စိတ်ပါဝင်စားတဲ့ နယ်ပယ်ပေါင်းစုံက လူငါးထောင်လောက်တက်ရောက်ဖို့ မျှော်လင့်ထားတာပါ။

ပြပွဲရဲ့အဓိက main sponsor က ထိုင်းနိုင်ငံ ရဲ့ နာမယ်ကြီး အမှတ်တံဆိပ်ဖြစ်တဲ့ SCG Cement ကဖြစ်လို့ SCG ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို ပြပွဲမှာ လေ့လာနိုင်မယ်လို့သိရပါတယ်။

Myanmar Build and Décor 2019 ပြပွဲကြီး ကိုတော့ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိသုံးရက်တိုင်တိုင် ရန်ကုန်မြို့ မှာရှိတဲ့ Fortune Plaza မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Build and Decor ပွဲကို ငါးနှစ်ဆက်တိုက် အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီး ဒီတခေါက်ကျင်းပမယ့် ပွဲကတော့ ခြောက်ကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service