ျမန္မာနိုင္ငံ၏ ပထမဆုံး႐ုပ္ျပပြဲေတာ္ႀကီး ရန္ကုန္ၿမိဳ႕လမ္းမေတာ္ သံေဈးရွိ Yangon Book Plaza ၌ က်င္းပမည္ - Property News in Myanmar from iMyanmarHouse.com
1957 Views

ျမန္မာနိုင္ငံ၏ ပထမဆုံး႐ုပ္ျပပြဲေတာ္ႀကီး ရန္ကုန္ၿမိဳ႕လမ္းမေတာ္ သံေဈးရွိ Yangon Book Plaza ၌ က်င္းပမည္

### Zawgyi Version ###

ျမန္မာနိုင္ငံ၏ ပထမဆုံး႐ုပ္ျပပြဲေတာ္ႀကီး ရန္ကုန္ၿမိဳ႕လမ္းမေတာ္ သံေဈးရွိ Yangon Book Plaza ၌ က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါျပပြဲတြင္ ေဆြးေႏြးဝိုင္းမ်ား၊ ႐ုပ္ျပဆိုင္ရာ ဆက္စပ္လုပ္ငန္းမ်ား၊ ဂိမ္း၊ Animation လုပ္ငန္းမ်ားစြာ တို႔ ပါဝင္မည့္ ျမန္မာနိုင္ငံ၏ ပထမဆုံး႐ုပ္ၿပပြဲေတာ္ႀကီးျဖစ္ၿပီး ျပပြဲကို စက္တင္ဘာ ၂၀ ရက္ မွ ၂၂ ရက္အထိ သုံး ရက္တိုင္တိုင္က်င္းပ ျပသသြားမွာျဖစ္ေၾကာင္းသိရသည္။

Myanmar Comic Network က ႐ုပ္ျပပြဲေတာ္ကို စီစဥ္က်င္းပျခင္း ျဖစ္ၿပီး ပြဲေတာ္တြင္ ကိုရီးယားနိုင္ငံ၏ အႀကီးဆုံး ႐ုပ္ျပလုပ္ငန္းျဖစ္သည့္ Mr.Blue (Myanmar) ၊ Huion Myanmar ၊ Joosk Studio ၊ Pencell Studio ၊ Studio Puppeteer ၊ Sticker 4 U ၊ Tea animation Studio ၊ White Marak Comics Studio ၊ Amalon တို႔ ပါဝင္ၾကေၾကာင္းသိရသည္။

ထိုရုပ္ျပပြဲေတာ္ႀကီးတြင္ ပညာရပ္ဆုိင္ရာ ေဟာေျပာပြဲမ်ားႏွင့္ေဆြးေႏြးပြဲမ်ားပါဝင္မွာျဖစ္ေၾကာင္း၊ေဆြးေႏြးပြဲမ်ားတြင္ လက္ရိွ ရုပ္ျပ၊ အက္နီေမးရွင္း ေလာကအတြင္းလႈပ္ရွားရွင္သန္ေနၾကသည့္ ပညာရွင္မ်ားက ပညာမ်ား မွ်ေ၀ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

၂၀.၉.၂၀၁၉ ေသာၾကာေန႔တြင္ ျမန္မာရုပ္ျပကြန္ရက္မိတ္ဆက္ႏွင့္ ဖြင့္ပြဲကို Wooh Hmo ၊ Aung Ye Kyaw၊ ၊ Zero ၊ Edo Vader တို႔က ေန႔လည္ ၁ နာရီတြင္လည္းေကာင္း၊ဒီဂ်စ္တယ္အႏုပညာေစ်းကြက္(ရုပ္ျပ၊ အက္နီး ေမးရွင္း၊ ဂီမ္း)ကို မြန္းလြဲ ၃ နာရီ ၄ နာရီခြဲထိလည္းေကာင္း ျပသမွာျဖစ္ေၾကာင္းသိရသည္။

၂၂.၉.၂၀၁၉ ရက္တြင္ ျပည္တြင္းျဖစ္ဂိမ္းေရစီးေၾကာင္းႏွင့္ ဂိမ္းျပဳလုပ္ဖန္တီးျခင္းကို Puppeteer Team က ေန႔လည္ ၁ နာရီတြင္ျပသမွာျဖစ္ၿပီး မြန္းလြဲ ၃ နာရီ Nobel Aung ( Pencell Studio) က Animation စလုပ္ခ်င္သူမ်ားအတြက္ ပညာေပး ျပသမႈမ်ားလုပ္သြားမွာျဖစ္ေၾကာင္းသိရသည္။

၂၃.၉.၂၀၁၉ ရက္တြင္ ကိုေက်ာ္ (Pixel Brush) ၊ Zero၊ Shino( Tea Animation) ၊ Milo Jackstones၊ Thet Pain Kha(Joosk Studio) တို႔က ရုပ္ျပဖန္တီးျခင္းအႏုပညာကို ေန႔လည္ ၁ နာရီတြင္ တင္ဆက္ၾကမွာျဖစ္ၿပီး မြန္းလြဲ ၃ နာရီတြင္ 3D ျဖင့္ ရုပ္ျပဖန္တီးျခင္းကို ကိုေအာင္ရဲေက်ာ္ ( White Marek)က တင္ဆက္မွာျဖစ္ေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံ၏ ပထမဆုံးရုပ်ပြပွဲတော်ကြီး ရန်ကုန်မြို့လမ်းမတော် သံဈေးရှိ Yangon Book Plaza ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြပွဲတွင် ဆွေးနွေးဝိုင်းများ၊ ရုပ်ပြဆိုင်ရာ ဆက်စပ်လုပ်ငန်းများ၊ ဂိမ်း၊ Animation လုပ်ငန်းများစွာ တို့ ပါဝင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးရုပ်ပြပွဲတော်ကြီးဖြစ်ပြီး ပြပွဲကို စက်တင်ဘာ ၂၀ ရက် မှ ၂၂ ရက်အထိ သုံး ရက်တိုင်တိုင်ကျင်းပ ပြသသွားမှာဖြစ်ကြောင်းသိရသည်။

Myanmar Comic Network က ရုပ်ပြပွဲတော်ကို စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ပွဲတော်တွင် ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်ပြလုပ်ငန်းဖြစ်သည့် Mr.Blue (Myanmar) ၊ Huion Myanmar ၊ Joosk Studio ၊ Pencell Studio ၊ Studio Puppeteer ၊ Sticker 4 U ၊ Tea animation Studio ၊ White Marak Comics Studio ၊ Amalon တို့ ပါဝင်ကြကြောင်းသိရသည်။

ထိုရုပ်ပြပွဲတော်ကြီးတွင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများနှင့်ဆွေးနွေးပွဲများပါဝင်မှာဖြစ်ကြောင်း၊ဆွေးနွေးပွဲများတွင် လက်ရှိ ရုပ်ပြ၊ အက်နီမေးရှင်း လောကအတွင်းလှုပ်ရှားရှင်သန်နေကြသည့် ပညာရှင်များက ပညာများ မျှဝေပေးသွားမှာဖြစ်ကြောင်း သိရသည်။

၂၀.၉.၂၀၁၉ သောကြာနေ့တွင် မြန်မာရုပ်ပြကွန်ရက်မိတ်ဆက်နှင့် ဖွင့်ပွဲကို Wooh Hmo ၊ Aung Ye Kyaw၊ ၊ Zero ၊ Edo Vader တို့က နေ့လည် ၁ နာရီတွင်လည်းကောင်း၊ဒီဂျစ်တယ်အနုပညာဈေးကွက်(ရုပ်ပြ၊ အက်နီး မေးရှင်း၊ ဂီမ်း)ကို မွန်းလွဲ ၃ နာရီ ၄ နာရီခွဲထိလည်းကောင်း ပြသမှာဖြစ်ကြောင်းသိရသည်။

၂၂.၉.၂၀၁၉ ရက်တွင် ပြည်တွင်းဖြစ်ဂိမ်းရေစီးကြောင်းနှင့် ဂိမ်းပြုလုပ်ဖန်တီးခြင်းကို Puppeteer Team က နေ့လည် ၁ နာရီတွင်ပြသမှာဖြစ်ပြီး မွန်းလွဲ ၃ နာရီ Nobel Aung ( Pencell Studio) က Animation စလုပ်ချင်သူများအတွက် ပညာပေး ပြသမှုများလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

၂၃.၉.၂၀၁၉ ရက်တွင် ကိုကျော် (Pixel Brush) ၊ Zero၊ Shino( Tea Animation) ၊ Milo Jackstones၊ Thet Pain Kha(Joosk Studio) တို့က ရုပ်ပြဖန်တီးခြင်းအနုပညာကို နေ့လည် ၁ နာရီတွင် တင်ဆက်ကြမှာဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် 3D ဖြင့် ရုပ်ပြဖန်တီးခြင်းကို ကိုအောင်ရဲကျော် ( White Marek)က တင်ဆက်မှာဖြစ်ကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service