Local Property News | Posted by Aye Myat Thu
### Zawgyi Version ###
ၿမိဳ့ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ ပုသိမ္ၿမိဳ႕ ဥမၼာဒႏၲီ တန္ဖိုးနည္းအိမ္ရာႏွင့္ တန္ဖိုးသင့္အိမ္ရာစီမံကိန္း ကို တိုက္ခန္းေပါင္း ၆၀၀ ေက်ာ္ထိ ထည့္သြင္းၿပီး အေကာင္အထည္ေဖာ္တည္ေဆာက္ခဲ့ေသာ္လည္း တိုက္ခန္း ေပါင္း ၅၀ ခန႔္သာ ဝယ္ယူမည့္သူရွိခဲ့ၿပီး အခန္းေပါင္း ၅၅၀ ခန႔္မွာ ဝယ္ယူမႈမရွိေသးေၾကာင္း သိရသည္။
ဥမၼာဒႏၲီ တန္ဖိုးနည္းအိမ္ရာႏွင့္ တန္ဖိုးသင့္အိမ္ရာ စီမံကိန္းတြင္ အငွားစနစ္၊ လက္ငင္းစနစ္၊ အရစ္က်ေငြေပးသြင္းသည့္ စနစ္မ်ားျဖင့္ဝယ္ယူႏိုင္ေၾကာင္းသိရသည္။
အဆိုပါအိမ္ရာရွိတိုက္ခန္းမ်ားကို ေဆာက္လုပ္ေရးႏွင့္ အေျခခံအေအာက္ အအုံဖြံ႔ၿဖိဳးေရးဘဏ္တြင္ ၁၅ ႏွစ္အထိ အရစ္က်စနစ္ျဖင့္ ေခ်းေငြမ်ားရယူကာ ဝယ္ယူနိုင္ေၾကာင္း၊တိုက္ခန္းမ်ားတန္ဖိုးမွာ က်ပ္ ၈၂ သိန္းမွ စတင္ကာ သိန္း ၃၄၀ က်ပ္အထိ ရွိေၾကာင္းသိရသည္။
လက္ရွိတြင္ အငွားတိုက္ခန္း တစ္ရာေက်ာ္ေလာက္ရွိၿပီး ကုန္သေလာက္ရွိၿပီျဖစ္ေၾကာင္း၊အေရာင္းတိုက္ခန္းမ်ားမွာသာ ဝယ္ယူမႈနည္းပါးေနေၾကာင္းသိရသည္။ ဥမၼာဒႏၲီ အိမ္ရာ တိုက္ခန္းမ်ား၏ တည္ရာေနရာႏွင့္ တည္ေဆာက္ထားသည့္ပုံစံမ်ားေရေပးေဝမႈစနစ္ တို႔ေၾကာင့္လည္း ဝယ္ယူမႈနည္းပါးရျခင္းျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပုသိမ်မြို့ဥမ္မာဒန္တီ တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်း ကို တိုက်ခန်းပေါင်း ၆၀၀ ကျော်ထိ ထည့်သွင်းပြီး အကောင်အထည်ဖော်တည်ဆောက်ခဲ့သော်လည်း တိုက်ခန်း ပေါင်း ၅၀ ခန့်သာ ဝယ်ယူမည့်သူရှိခဲ့ပြီး အခန်းပေါင်း ၅၅၀ ခန့်မှာ ဝယ်ယူမှုမရှိသေးကြောင်း သိရသည်။
ဥမ္မာဒန္တီ တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွင် အငှားစနစ်၊ လက်ငင်းစနစ်၊ အရစ်ကျငွေပေးသွင်းသည့် စနစ်များဖြင့်ဝယ်ယူနိုင်ကြောင်းသိရသည်။ အဆိုပါအိမ်ရာရှိတိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အခြေခံအအောက် အအုံဖွံ့ဖြိုးရေးဘဏ်တွင် ၁၅ နှစ်အထိ အရစ်ကျစနစ်ဖြင့် ချေးငွေများရယူကာ ဝယ်ယူနိုင်ကြောင်း၊တိုက်ခန်းများတန်ဖိုးမှာ ကျပ် ၈၂ သိန်းမှ စတင်ကာ သိန်း ၃၄၀ ကျပ်အထိ ရှိကြောင်းသိရသည်။လက်ရှိတွင် အငှားတိုက်ခန်း တစ်ရာကျော်လောက်ရှိပြီး ကုန်သလောက်ရှိပြီဖြစ်ကြောင်း၊အရောင်းတိုက်ခန်းများမှာသာ ဝယ်ယူမှုနည်းပါးနေကြောင်းသိရသည်။
ဥမ္မာဒန္တီ အိမ်ရာ တိုက်ခန်းများ၏ တည်ရာနေရာနှင့် တည်ဆောက်ထားသည့်ပုံစံများရေပေးဝေမှုစနစ် တို့ကြောင့်လည်း ဝယ်ယူမှုနည်းပါးရခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com