Local Property News | Posted by Si Thu Aung
### Zawgyi Version ###
အေမရိကန္ေဒၚလာသန္း ၂၀၀ ေက်ာ္ႏွင့္ က်ပ္ ၂၅ ဘီလီယံေက်ာ္ တန္ဖိုးရွိ စုစုေပါင္းလုပ္ငန္းေျခာက္ခု ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ ခြင့္ျပဳခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္၏ (၁၄/၂၀၁၉) ႀကိမ္ေျမာက္ အစည္းအေဝးမွသိရသည္။
ယင္းအစည္းအေဝးကို ရန္ကုန္ၿမိဳ့ရွိေကာ္မရွင္အစည္းအေဝးခန္းမ၌က်င္းပျပဳလုပ္ခဲ့ၿပီး ျမန္မာႏွိုင္ငံရင္းႏွီး ျမွဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ ဦးေသာင္းထြန္းႏွင့္အဖြဲ႔ဝင္ ကိုးဦးတက္ေရာက္ခဲ့သည္။
ယင္းအစည္းအေဝးတြင္ လယ္ယာက႑မွတစ္ခု၊ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑မွ ႏွစ္ခုႏွင့္ အိမ္ရာအ ေဆာက္အအုံ တည္ေဆာက္ဖြံ႔ၿဖိဳးမႈက႑မွ သုံးခုစုစုေပါင္းလုပ္ငန္းေျခာက္ခု ခြင့္ျပဳခဲ့ေၾကာင္းသိရသည္။ ရင္းႏွီးျမွဳပ္ႏွံမႈတိုးျမွင့္ျခင္းအပါဝင္ အဆိုပါလုပ္ငန္းမ်ား၏ရင္းႏွီးျမွဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၂၁၄ ဒသမ ၂၂၃ သန္းႏွင့္ေငြက်ပ္ ၂၅၇၃၃ သန္းရွိေၾကာင္းသိရသည္။
အဆိုပါ လုပ္ငန္းမ်ားမွ အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၃၇၄ ေနရာဖန္တီးေပးမွာျဖစ္ၿပီး ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ရရွိမွာျဖစ္ေၾကာင္းသိရသည္။
၁၉၈၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအထိ ႏိုင္ငံေပါင္း ၅၀ တို႔မွ စီးပြားေရးက႑ ၁၂ ခုတြင္ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းေပါင္း ၁၇၇၉ ခုရင္းႏွီးျမွဳပ္ႏွံလ်က္ရွိေၾကာင္း သိရသည္။ထိုရင္းႏွီးျမွဳပ္ႏွံမႈမွ စုစုေပါင္းအေမရိကန္ေဒၚလာသန္းေပါင္း ၈၁၂၄၉ ဒသမ ၁၉၃ ျဖင့္ ရင္းႏွီးျမွဳပ္ႏွံရန္ခြင့္ျပဳမိန္႔မ်ား ထုတ္ေပးခဲ့ၿပီး စင္ကာပူ၊ တရုတ္ႏွင့္ထိုင္း ႏိုင္ငံ တို႔မွ အမ်ားဆုံးလာေရာက္ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ထားေၾကာင္းသိရသည္။
ႏွစ္ ၃၀ အတြင္း ႏိုင္ငံေပါင္း ၅၀ မွ ရင္းႏွီးျမွဳပ္ႏွံမႈက႑ ၁၂ အနက္ စုစုေပါင္းရင္းႏွီးျမွဳပ္ႏွံမႈမွ ေရနံႏွင့္သ ဘာဝဓာတ္ေငြ႔တြင္ ၂၇ ဒသမ ၅၉ ရာခိုင္ႏႈန္း၊လွ်ပ္စစ္က႑တြင္ ၂၆ ဒသမ ၀၇ ရာခိုင္ႏႈန္းႏွင့္ကုန္ထုတ္လုပ္မႈ က႑တြင္ ၁၃ ဒသမ ၉၄ ရာခိုင္ႏႈန္းျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ထားေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်းလုပ်ငန်းခြောက်ခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၁၄/၂၀၁၉)ကြိမ် မြောက် အစည်းအဝေးမှသိရသည်။
ယင်းအစည်းအဝေးကို ရန်ကုန်မြို့ရှိကော်မရှင်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနှိုင်ငံရင်း နှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင် ကိုးဦးတက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် လယ်ယာကဏ္ဍမှတစ်ခု၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှ နှစ်ခုနှင့် အိမ်ရာအ ဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ သုံးခု စုစုပေါင်း လုပ်ငန်းခြောက်ခု ခွင့်ပြုခဲ့ကြောင်းသိရသည်။ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းအပါဝင် အဆိုပါလုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၄ ဒသမ ၂၂၃ သန်းနှင့်ငွေကျပ် ၂၅၇၃၃ သန်းရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၇၄ နေရာဖန်တီးပေးမှာဖြစ်ပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်ရရှိမှာဖြစ်ကြောင်းသိရသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ နိုင်ငံပေါင်း ၅၀ တို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇၇၉ ခုရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရသည်။ထိုရင်းနှီးမြှုပ်နှံမှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်းပေါင်း ၈၁၂၄၉ ဒသမ ၁၉၃ ဖြင့် ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး စင်ကာပူ၊ တရုတ်နှင့်ထိုင်း နိုင်ငံ တို့မှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ထားကြောင်းသိရသည်။
နှစ် ၃၀ အတွင်း နိုင်ငံပေါင်း ၅၀ မှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ အနက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှ ရေနံနှင့်သ ဘာဝဓာတ်ငွေ့တွင် ၂၇ ဒသမ ၅၉ ရာခိုင်နှုန်း၊လျှပ်စစ်ကဏ္ဍတွင် ၂၆ ဒသမ ၀၇ ရာခိုင်နှုန်းနှင့်ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၁၃ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ထားကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com