ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ပန္းဘဲတန္းၿမိဳ႕နယ္၌ ဒီဇင္ဘာတြင္ဖြင့္မည္ - Property News in Myanmar from iMyanmarHouse.com
6057 Views

ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ပန္းဘဲတန္းၿမိဳ႕နယ္၌ ဒီဇင္ဘာတြင္ဖြင့္မည္

### Zawgyi Version ###

ေနာက္ေဖးလမ္းၾကားဥယ်ာဥ္သုံးခု ပန္းဘဲတန္းၿမိဳ႕နယ္ ၃၂ လမ္းႏွင့္ ဆူးေလဘုရားလမ္း၊ ၃၁ လမ္းႏွင့္ ၃၂ လမ္းၾကား၊ ၃၁ လမ္းႏွင့္ ဗိုလ္ဆြန္ပက္လမ္းတို႔တြင္ ဒီဇင္ဘာတြင္ထပ္မံဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ဒို႔အိမ္အဖြဲ႕မွ သိရသည္။

ပိုမိုက်န္းမာေပ်ာ္ရႊင္ေသာ ေနထုိင္မႈဘဝပိုင္ဆုိင္ႏိုင္ေစရန္ ပန္းဘဲတန္းၿမိဳ႕နယ္ ေအာက္ဘေလာက္တြင္ ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္သံုးခုကို ဒို႔အိမ္ႏွင့္သက္ဆုိင္ရာ ရပ္ကြက္ျပည္သူမ်ား၊ ရပ္ကြက္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ စည္ပင္သာယာေရးေကာ္မတီ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပူးေပါင္း၍ ဒီဇင္ဘာလတြင္ ဖြင့္လွစ္ရန္ ေဆာင္ ရြက္ေနျခင္းျဖစ္သည္။

လက္ရွိတြင္ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ေရရွည္ထိန္းသိမ္းေရးေကာ္မတီ၊ ရပ္ကြက္ေနသူမ်ားႏွင့္ ဒီဇိုင္းပံုေဖာ္ရန္ ေဆြးေႏြးျခင္း၊ စစ္တမ္းေကာက္ယူျခင္းတို႔ ျပဳလုပ္ေနေၾကာင္းသိရသည္။

အမ်ားျပည္သူအပန္းေျဖႏိုင္ရန္ေနရာ ရန္ကုန္ၿမိဳ႕တြင္ရွားပါလာရာ ေနာက္ေဖးလမ္းၾကားရွိ အမိႈက္ပံုေနရာမ်ားကို လူအမ်ားေရရွည္အသံုးျပဳႏုိင္ၿပီး ပူးေပါင္းပါဝင္ လာေစရန္ အမ်ားျပည္သူေနရာမ်ားအျဖစ္ ဒို႔အိမ္က ဖန္တီးခဲ့ေၾကာင္းသိရသည္။

ယင္းစီမံခ်က္ကို ၂၀၁၆ ဇူလိုင္ က ပန္းဘဲတန္းၿမိဳ႕နယ္ ၂၇ လမ္း ေအာက္ဘေလာက္တြင္ သ႐ုပ္ျပစီမံခ်က္အျဖစ္ စတင္ကာ အမိႈက္ပစ္ရာ ေနရာတစ္ခုကို အနားယူ အပန္းေျဖႏုိင္ေသာေနရာအျဖစ္ ေျပာင္းလဲရန္ ႏွင့္ လူထုအၾကား ပူးေပါင္းေဆာင္ရြက္မႈ ပိုမိုအားေကာင္းေစရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ စတင္ဖန္တီးဖြင့္လွစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ရွစ္ခု ဖြင့္လွစ္ၿပီးျဖစ္ေၾကာင္းသိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

နောက်ဖေးလမ်းကြားဥယျာဉ်သုံးခု ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းနှင့် ဆူးလေဘုရားလမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းတို့တွင် ဒီဇင်ဘာတွင်ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှ သိရသည်။

ပိုမိုကျန်းမာပျော်ရွှင်သော နေထိုင်မှုဘဝ ပိုင်ဆိုင်နိုင်စေရန် ပန်းဘဲတန်းမြို့နယ် အောက်ဘလောက်တွင် နောက်ဖေးလမ်းကြား ဥယျာဉ်သုံးခုကို ဒို့အိမ်နှင့်သက်ဆိုင်ရာ ရပ်ကွက်ပြည်သူများ၊ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် ဆောင် ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် နောက်ဖေးလမ်းကြားဥယျာဉ် ရေရှည်ထိန်းသိမ်းရေးကော်မတီ၊ ရပ်ကွက်နေသူများနှင့် ဒီဇိုင်းပုံဖော်ရန် ဆွေးနွေးခြင်း၊ စစ်တမ်းကောက်ယူခြင်းတို့ ပြုလုပ်နေကြောင်းသိရသည်။

အများပြည်သူအပန်းဖြေနိုင်ရန်နေရာ ရန်ကုန်မြို့တွင်ရှားပါလာရာ နောက်ဖေးလမ်းကြားရှိ အမှိုက်ပုံနေရာများကို လူအများရေရှည်အသုံးပြုနိုင်ပြီး ပူးပေါင်းပါဝင် လာစေရန် အများပြည်သူနေရာများအဖြစ် ဒို့အိမ်က ဖန်တီးခဲ့ကြောင်းသိရသည်။

ယင်းစီမံချက်ကို ၂၀၁၆ ဇူလိုင် က ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း အောက်ဘလောက်တွင် သရုပ်ပြစီမံချက်အဖြစ် စတင်ကာ အမှိုက်ပစ်ရာ နေရာတစ်ခုကို အနားယူ အပန်းဖြေနိုင်သောနေရာအဖြစ် ပြောင်းလဲရန် နှင့် လူထုအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် စတင်ဖန်တီးဖွင့်လှစ်ပြီး ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ်ရှစ်ခု ဖွင့်လှစ်ပြီးဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service