ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ေက်းလက္လမ္းစီမံကိန္းမ်ားေဆာင္ရြက္ရန္ အာရွဖြံ႕ျဖိဳးေရးဘဏ္ (ADB) မွ အေမရိကန္ေဒၚလာသန္း ၅၀ ေက်ာ္ေခ်းရန္စီစဥ္ - Property News in Myanmar from iMyanmarHouse.com
1290 Views

ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ေက်းလက္လမ္းစီမံကိန္းမ်ားေဆာင္ရြက္ရန္ အာရွဖြံ႕ျဖိဳးေရးဘဏ္ (ADB) မွ အေမရိကန္ေဒၚလာသန္း ၅၀ ေက်ာ္ေခ်းရန္စီစဥ္

 ### Zawgyi Version ###

ေဆာက္လုပ္ေရး၀န္ႀကီးဌာနဒုဝန္ႀကီးဦးေက်ာ္လင္းက ေက်းလက္လမ္းစီမံကိန္းမ်ားေဆာင္ရြက္ရန္ အာရွဖြံ႕ျဖိဳးေရးဘဏ္ (ADB) မွ အေမရိကန္ေဒၚလာ ၅၁ ဒသမ ၂၀ သန္း ေခ်းေငြရယူလိုေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္သို႔ ၾသဂုတ္ ၂၆ ရက္က တင္ျပခဲ့သည္။

အဆိုပါ ေက်းလက္လမ္းစီမံကိန္းမ်ားကို ဧရာ၀တီႏွင့္ မေကြးတုိင္းေဒသႀကီး မွ ေက်းရြာ ၁၅၀ ေက်ာ္ရိွ ျပည္သူခုနစ္ေသာင္းေက်ာ္အတြက္ ေက်းလက္လမ္းစီမံကိန္းမ်ား ေဆာင္ရြက္ရန္ျဖစ္ၿပီး သဘာ၀ေဘးအႏၲရာယ္ခံႏိုင္ေသာလမ္းမ်ားအျဖစ္ ျပင္ဆင္တည္ေဆာက္ေပးရန္၊ ျပဳျပင္ထိန္းသိမ္းအဆင့္ျမႇင့္တင္ရန္၊အႏၲရာယ္ကင္းရွင္းေစရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ ေဆာင္ရြက္မည္ျဖစ္၍ ေခ်းေငြရယူခြင့္ျပဳရန္ ဒုတိယဝန္ႀကီးကျပည္ေထာင္စု လႊတ္ေတာ္သို႔ ရွင္းျပသည္။

ယင္းစီမံကိန္းကို (ADB) ထံမွ ကန္ေဒၚလာ ၅၁ ဒသမ ၂၀ သန္းႏွင့္ အစိုးရထည့္၀င္ေငြ ကန္ေဒၚလာ ၁ ဒသမ ၂၁ သန္း စုစုေပါင္း ေဒၚလာ ၅၂ ဒသမ ၄၁ သန္းျဖင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊(ADB) ၏ ေခ်းေငြ စည္းကမ္းခ်က္မ်ားသည္ ဆိုင္းငံ့ကာလရွစ္ႏွစ္၊ ျပန္ဆပ္ကာလ ၂၄ ႏွစ္ စုစုေပါင္း ေခ်းေငြသက္တမ္း ၃၂ ႏွစ္ျဖစ္ေၾကာင္း၊ အတိုးႏႈန္းသည္ ဆိုင္းငံ့ကာလ ရွစ္ႏွစ္အတြင္း တစ္ႏွစ္လွ်င္ ၁ ရာခိုင္ႏႈန္း၊ ျပန္ဆပ္ကာလ ၂၄ ႏွစ္အတြင္း တစ္ႏွစ္လွ်င္ ၁ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္သျဖင့္ သက္သာေသာ ေခ်းေငြအမ်ိဳးအစားတြင္ပါ၀င္ေၾကာင္း ၎က ျပည္ေထာင္စုလႊတ္ေတာ္သို႔ ရွင္းျပထားသည္။

အဆိုပါစီမံကိန္းကို အဓိကတာ၀န္ယူမည့္ဌာနမွာ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ေက်းလက္လမ္းဖြံ႕ ၿဖိဳးေရးဦးစီးဌာနျဖစ္ၿပီ ဧရာ၀တီတိုင္း မအူပင္ၿမိဳ႕နယ္တြင္ လမ္းအရွည္ ၃၀ ဒသမ ၂ ကီလိုမီတာ၊ပန္းတေနာ္ၿမိဳ႕နယ္တြင္ လမ္းအရွည္ ၆ ဒသမ ၂ ကီလိုမီတာ၊ မေကြးတိုင္းေဒသႀကီးအတြင္း နတ္ေမာက္ၿမိဳ႕နယ္တြင္ လမ္းအရွည္ ၆၂ ကီလိုမီတာ၊ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ လမ္းအရွည္ ၅၃ ဒသမ ၆ ကီလိုမီတာတို႔ကို ယင္းေခ်းေငြျဖင့္ ေဆာင္ရြက္ရန္ ၀န္ႀကီးဌာနက စီစဥ္ေနျခင္းျဖစ္သည္။

၀န္ႀကီးဌာနစာရင္းမ်ား၌ ယင္းဌာနမွာ ၂၀၁၉ ဇြန္လ ၃၀ ရက္အထိ ျပည္ပေႂကြးၿမီစုစုေပါင္း ကန္ေဒၚ လာ ၁,၆၈၈ ဒသမ ၄၅၇ သန္းရယူထားၿပီး ေပးဆပ္ရန္ လက္က်န္ ၂၃၃ ဒသမ ၇၀၇ သန္းရွိေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဆောက်လုပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်လင်းက ကျေးလက်လမ်းစီမံကိန်းများဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်း ချေးငွေရယူလိုကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၂၆ ရက်က တင်ပြခဲ့သည်။

အဆိုပါ ကျေးလက်လမ်းစီမံကိန်းများကို ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး မှ ကျေးရွာ ၁၅၀ ကျော်ရှိ ပြည်သူခုနစ်သောင်းကျော်အတွက် ကျေးလက်လမ်းစီမံကိန်းများ ဆောင်ရွက်ရန်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ခံနိုင်သောလမ်းများအဖြစ် ပြင်ဆင်တည်ဆောက်ပေးရန်၊ ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်ရန်၊အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည်ဖြစ်၍ ချေးငွေရယူခွင့်ပြုရန် ဒုတိယဝန်ကြီးကပြည်ထောင်စု လွှတ်တော်သို့ ရှင်းပြသည်။

ယင်းစီမံကိန်းကို (ADB) ထံမှ ကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်းနှင့် အစိုးရထည့်ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၂၁ သန်း စုစုပေါင်း ဒေါ်လာ ၅၂ ဒသမ ၄၁ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊(ADB) ၏ ချေးငွေ စည်းကမ်းချက်များသည် ဆိုင်းငံ့ကာလရှစ်နှစ်၊ ပြန်ဆပ်ကာလ ၂၄ နှစ် စုစုပေါင်း ချေးငွေသက်တမ်း ၃၂ နှစ်ဖြစ်ကြောင်း၊ အတိုးနှုန်းသည် ဆိုင်းငံ့ကာလ ရှစ်နှစ်အတွင်း တစ်နှစ်လျှင် ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ ၂၄ နှစ်အတွင်း တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သဖြင့် သက်သာသော ချေးငွေအမျိုးအစားတွင်ပါဝင်ကြောင်း ၎င်းက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းပြထားသည်။

အဆိုပါစီမံကိန်းကို အဓိကတာဝန်ယူမည့်ဌာနမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနဖြစ်ပြီ ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် လမ်းအရှည် ၃၀ ဒသမ ၂ ကီလိုမီတာ၊ပန်းတနော်မြို့နယ်တွင် လမ်းအရှည် ၆ ဒသမ ၂ ကီလိုမီတာ၊ မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့နယ်တွင် လမ်းအရှည် ၆၂ ကီလိုမီတာ၊မြို့သစ်မြို့နယ်တွင် လမ်းအရှည် ၅၃ ဒသမ ၆ ကီလိုမီတာတို့ကို ယင်းချေးငွေဖြင့် ဆောင်ရွက်ရန် ဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်သည်။

ဝန်ကြီးဌာနစာရင်းများ၌ ယင်းဌာနမှာ ၂၀၁၉ ဇွန်လ ၃၀ ရက်အထိ ပြည်ပကြွေးမြီစုစုပေါင်း ကန်ဒေါ် လာ ၁,၆၈၈ ဒသမ ၄၅၇ သန်းရယူထားပြီး ပေးဆပ်ရန် လက်ကျန် ၂၃၃ ဒသမ ၇၀၇ သန်းရှိကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service