ရပ္ရြာလူထုအေျချပဳခရီးသြားလုပ္ငန္း ရန္ကုန္တြင္ လုပ္ေဆာင္ရန္ ၿမိဳ႕နယ္အခ်ိဳ႕ ေလ့လာေန - Property News in Myanmar from iMyanmarHouse.com
684 Views

ရပ္ရြာလူထုအေျချပဳခရီးသြားလုပ္ငန္း ရန္ကုန္တြင္ လုပ္ေဆာင္ရန္ ၿမိဳ႕နယ္အခ်ိဳ႕ ေလ့လာေန

### Zawgyi Version ###

ရပ္ရြာလူထုအေျချပဳခရီးသြားလုပ္ငန္း (Community Based Tourism) ကို ရန္ကုန္တြင္ လုပ္ေဆာင္ရန္ ၿမိဳ႕နယ္အခ်ိဳ႕ ေလ့လာေနေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွသိရသည္။

ရန္ကုန္တိုင္းေဒသႀကီးေဒသဆိုင္ရာ ခရီးသြားေကာ္မတီဥကၠ႒ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၏ လမ္းညႊန္မႈျဖင့္ ရန္ကုန္တိုင္း တြင္ ရပ္ရြာလူထု အေျချပဳ ခရီးသြားလုပ္ငန္းလုပ္ေဆာင္ရန္အတြက္ ျဖစ္နိုင္ေျခရွိေသာ ၿမိဳ႕နယ္ တခ်ိဳ႕သို႔ ကြင္းဆင္းေလ့လာေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းတြင္ ရပ္ရြာလူထုအေျချပဳ ခရီးသြားလုပ္ငန္းလုပ္ေဆာင္ရန္အတြက္ ျဖစ္နိုင္ေျခရွိသည့္ ေနရာေဒသကို ရွာေနဆဲျဖစ္ေၾကာင္း၊ နိုင္ငံျခားသားမ်ား စိတ္ဝင္စားမႈရွိေစရန္အတြက္ ရနိုင္မည့္အရာမ်ား၊ ယဥ္ေက်းမႈရိုးရာအေျခခံမ်ား၊ လက္မႈရိုးရာလုပ္ငန္း အစရွိသည့္အရာမ်ားကို ကြင္းဆင္းေလ့လာေနျခင္းျဖစ္ၿပီး ရန္ ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွလည္း တတ္နိုင္သမွ်နည္းပညာႏွင့္လိုအပ္သည္မ်ားကိုကူညီမွာျဖစ္ေၾကာင္း ယခုအခါ ေလ့လာေနဆဲျဖစ္ေၾကာင္း ညႊန္ၾကားေရးမွဴးဦးနိုင္ဝင္းက ေျပာသည္။

နိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ား ရန္ကုန္သို႔ လာေရာက္လည္ပတ္ရာတြင္ ဘုရားမ်ားသို႔သာ အဓိက ခရီးစဥ္ေဒသအျဖစ္ ပို႔ေဆာင္ေပးေနရျခင္းသာရွိၿပီး ယင္းခရီးစဥ္အျပင္ ေရႊျပည္သာၿမိဳ႕နယ္ ရွိ ေလွာ္ကားဥယ်ာဥ္ ကို လွပေသာဥယ်ာဥ္အျဖစ္ သက္ဆိုင္ရာဝန္ႀကီးဌာန၏ ကူညီပံ့ပိုးမႈျဖင့္လည္းေကာင္း၊သာေကတၿမိဳ႕နယ္ရွိတိုင္း ရင္းသားေက်းရြာတြင္ တစ္နိုင္ငံလုံးရွိ တိုင္းရင္းသားမ်ား၏ ရိုးရာယဥ္ေက်းမႈမ်ား၊ရိုးရာအစားအေသာက္မ်ားအား တစ္ေနရာတည္း ေလ့လာနိုင္ရန္သက္ဆိုင္ရာ တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာနကလည္း ကူညီပံ့ပိုးေပးမည္ျဖစ္ၿပီး ေကာ့မႉးၿမိဳ႕နယ္၊ လွည္းကူးၿမိဳ႕နယ္ ႏွင့္ တိုက္ႀကီးၿမိဳ႕နယ္ရွိ ေက်းရြာတခ်ိဳ႕ကို ကြင္းဆင္းေလ့လာမႈျပဳလုပ္ေနေၾကာင္း သိရသည္။

လွည္းကူး ႏွင့္ တိုက္ႀကီး ၿမိဳ႕နယ္တို႔တြင္လည္း CBT လုပ္ငန္းအျပင္ Eco Tourism လုပ္ငန္းလုပ္ကိုင္နိုင္သည့္ ေနရာမ်ားရွိေသာ္လည္း ယင္းၿမိဳ႕နယ္မ်ား၌ ေသာက္သုံးေရကန္မ်ားရွိသျဖင့္ ခရီးသြားလုပ္ငန္းလုပ္ကိုင္သင့္ ၊ မသင့္ကို သစ္ေတာဦးစီးဌာန၊သက္ဆိုင္ရာၿမိဳ႕ေတာ္စည္ပင္၊ သက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြး၍ ဆုံးျဖတ္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို ရန်ကုန်တွင် လုပ်ဆောင်ရန် မြို့နယ်အချို့ လေ့လာနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းတွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော မြို့နယ် တချို့သို့ ကွင်းဆင်းလေ့လာနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် နေရာဒေသကို ရှာနေဆဲဖြစ်ကြောင်း၊ နိုင်ငံခြားသားများ စိတ်ဝင်စားမှုရှိစေရန်အတွက် ရနိုင်မည့်အရာများ၊ ယဉ်ကျေးမှုရိုးရာအခြေခံများ၊ လက်မှုရိုးရာလုပ်ငန်း အစရှိသည့်အရာများကို ကွင်းဆင်းလေ့လာနေခြင်းဖြစ်ပြီး ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တတ်နိုင်သမျှနည်းပညာနှင့်လိုအပ်သည်များကိုကူညီမှာဖြစ်ကြောင်း ယခုအခါ လေ့လာနေဆဲဖြစ်ကြောင်း ညွှန်ကြားရေးမှူးဦးနိုင်ဝင်းက ပြောသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ရန်ကုန်သို့ လာရောက်လည်ပတ်ရာတွင် ဘုရားများသို့သာ အဓိက ခရီးစဉ်ဒေသအဖြစ် ပို့ဆောင်ပေးနေရခြင်းသာရှိပြီး ယင်းခရီးစဉ်အပြင် ရွှေပြည်သာမြို့နယ်ရှိ လှော်ကားဥယျာဉ် ကို လှပသောဥယျာဉ်အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့်လည်းကောင်း၊သာကေတမြို့နယ်ရှိတိုင်း ရင်းသားကျေးရွာတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ရိုးရာအစားအသောက်များအား တစ်နေရာတည်း လေ့လာနိုင်ရန်သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကလည်း ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ကော့မှူးမြို့နယ်၊ လှည်းကူးမြို့နယ် နှင့် တိုက်ကြီးမြို့နယ်ရှိ ကျေးရွာတချို့ကို ကွင်းဆင်းလေ့လာမှုပြုလုပ်နေကြောင်း သိရသည်။

လှည်းကူးနှင့်တိုက်ကြီး မြို့နယ်တို့တွင်လည်း CBT လုပ်ငန်းအပြင် Eco Tourism လုပ်ငန်းလုပ်ကိုင်နိုင်သည့် နေရာများရှိသော်လည်း ယင်းမြို့နယ်များ၌ သောက်သုံးရေကန်များရှိသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သင့်၊ မသင့်ကို သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာမြို့တော်စည်ပင်၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ ဆုံးဖြတ်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service