နေပြည်တော်ဘူတာကြီးစီမံကိန်း လာမယ့်ဘဏ္ဍာနှစ် ပြီးစီးဖို့လျာထား - Property News in Myanmar from iMyanmarHouse.com
2944 Views
နေပြည်တော်ဘူတာကြီးစီမံကိန်း လာမယ့်ဘဏ္ဍာနှစ် ပြီးစီးဖို့လျာထား
### Zawgyi Version ###
### Unicode Version ###
နေပြည်တော် ဘူတာကြီးတည်ဆောက်ရေးစီမံကိန်းမှ ကျန်ရှိလုပ်ငန်းမှ တွဲစစ်ဆေးခြင်းအမိုးလုပ်ငန်းကို လာမည့် ဘဏ္ဍာနှစ်တွင် အလျားပေ ၆ဝဝ အထိ ပြီးစီးအောင်ဆောင်ရွက်ဖို့ လျာထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ဩဂုတ်၂၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို ပြန်လည်ရှင်းလင်းတင်ပြရာတွင် ပြောကြားသွားခြင်းဖြစ်သည်။
မြန်မာ့မီးရထားက၂ဝဝ၆ ခုနှစ်က နေပြည်တော်ဘူတာကြီး တည်ဆောက်ရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။မူလက စီမံကိန်းကို နေပြည်တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင်ဆောင်ရွက်ဖို့ လျာထားခဲ့သော်လည်း ဘူတာကြီးဖွံ့ဖြိုးတိုး တက်လာမှုအခြေအနေပေါ်မူတည်ပြီး မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်သည့် လုပ်ငန်းများကိုသာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဦးစားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောထားသည်။
ထို့ကြောင့် စီမံကိန်း၏ကျန်ရှိသည့် လုပ်ငန်းများအနက် တွဲစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ တွဲ စစ်ဆေးခြင်း အမိုးအလျားပေ ၁ဝဝဝ တည်ဆောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ယင်း ကြောင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းအလျားပေ ၄၅၀ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အလျားပေ ၁၅၀ ထပ်မံတည်ဆောက်ဖို့ လျာထားသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် စုစုပေါင်းပေ ၆ဝဝ အထိပြီးစီးမှာဖြစ်ပါတယ်။ကျန်ရှိသည့် အလျားပေ ၄ဝဝ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် ဆက်လက် လျာထားဆောင်ရွက်သွားမှာဖြစ်ကြောင်းေြာထားသည်။
အဆိုပါ တည်ဆောက်ရေးစီမံကိန်းအတွက် မူလလျာထားချက်အရ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း များမှာ တွဲစစ်ဆေးခြင်းအမိုး၊ရထားစီးခရီးသည်များ နားနေစောင့်ဆိုင်းရုံများ၊ ရပ်ဝန်းလမ်းများ၊ အထောက်အကူ ပြု စက်ရုံအလုပ်ရုံများနှင့်ပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းများဖြစ် သိရသည်။
တွဲစစ်ဆေးခြင်း အမိုးတည်ဆောက်ခြင်း လုပ်ငန်းမှလွဲလို့ ကျန်ရှိတဲ့လုပ်ငန်းများမှာ အရေးတကြီး မလိုအပ်သေးသဖြင့် ဆက်လက်မဆောင်ရွက်သေးကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တွဲစစ်ဆေး ခြင်းအမိုးလုပ်ငန်း ပေ ၁၅၀ အတွက် ကျပ် ဘီလီယံ ဝဝ၃၆ သုံး စွဲခဲ့ပြီး အချိန်ကာလကြာ မြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်မှု ပြန်လည်စိစစ်ကာ လုပ်ငန်းစီမံချက်များ ပြန်လည်ရေးဆွဲသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးခင်မောင်သန်းက ပြောထားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရပြန်လည်ဆန်းစစ်သင့်သည့် စီမံကိန်းများတွင်ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထား၏ နေပြည်တော်ဘူတာတည်ဆောက်ရေး စီမံကိန်းပါဝင်နေပြီး တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်လေးဆင့်နှင့်အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးဖို့ခန့်မှန်းထားကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service