ၾသဂုတ္လ ၁ ရက္ေန ့မွ တတိယအပတ္အထိ ရွယ္ယာတစ္စုလၽွင္ ေလးပံုတစ္ပံုခန္႕ေစ်းျမင့္တက္ - Property News in Myanmar from iMyanmarHouse.com
649 Views

ၾသဂုတ္လ ၁ ရက္ေန ့မွ တတိယအပတ္အထိ ရွယ္ယာတစ္စုလၽွင္ ေလးပံုတစ္ပံုခန္႕ေစ်းျမင့္တက္

### Zawgyi Version ###

စေတာ့အိတ္ခ်ိန္းေရာင္းဝယ္ယူမႈမ်ား ၾသဂုတ္လ ၁ ရက္ေန႕မွ ၁၉ ရက္ေန႕အထိ ရွယ္ယာေဈးႏႈန္းမ်ား တစ္စုလၽွင္ ေလးပံုတစ္ပံုခန္႔အထိေစ်းနွဳန္းျမင့္တက္မႈခဲ့ေၾကာင္း ရန္ကုန္စေတာ့အိတ္စ္ခ်ိန္း၏ စာရင္းဇယာမ်ားအရ သိရသည္။

ၾသဂုတ္လ ၁ ရက္ေန႕က ရွယ္ယာတစ္စုလွ်င္ က်ပ္ ၃၃၅၀ က်ပ္သာရွိခဲ့သည့္ သီလ၀ါအထူးစီးပြားေရးဇုန္ရွယ္ယာ သည္ ၁၉ ရက္ေန႔ ေန႔လည္ပိုင္းတြင္ က်ပ္ ၄၂၀၀ အထိျမင့္တက္ခဲ့ျပီး က်န္ရွယ္ယာမ်ားသည္လည္းအနိမ့္ဆံုး က်ပ္ ၂၀၀ မွ က်ပ္ ၂၀၀၀ေလာက္အထိ ေစ်းနွဳန္းျမင့္တက္ခဲ့ေၾကာင္း YSX ၏စာရင္းမ်ားအရသိရသည္။

ျပီးခဲ့သည့္နွစ္က က်ပ္တစ္ေသာင္းဝန္းက်င္အထိ က်ဆင္းခဲ့သည့္ FMI ရွယ္ယာသည္ ဇြန္လ ၆ ရက္ေန႔တြင္ က်ပ္ ၁၂၅၀ဝ အထိျမင့္ တက္ခဲ့ၿပီး ျမန္မာႏိုင္ငံသားမ်ားဘဏ္ႏွင့္ သီလဝါအထူးစီးပြားေရးဇုန္ရွယ္ယာမ်ားသည္ တစ္စုလၽွင္ က်ပ္၂၀၀ ဝန္းက်င္အထိျမင့္တက္ခဲ့သည္။

အျမင့္မားဆုံးရွယ္ယာအေရာင္းအဝယ္ျဖစ္မႈသည္ ေမလတြင္ ၁ဒသမ၄ဘီလ်ံ အထိရွိခဲ့ၿပီး ရွယ္ယာေရာင္းဝယ္မႈမွာအျမင့္ဆုံးျဖစ္ေပၚခဲ့သည္။

စေတာ့အိတ္စ္ခ်ိန္း၏ႏွစ္အလိုက္အေရာင္းအဝယ္ျဖစ္ေပၚမႈမွာ ၂၀၁၆ ခုႏွစ္တြင္က်ပ္ ၇ဝဒသမ ၇၅ ဘီလ်ံခန္႔ ၊ ၂၀၁၇ ခုႏွစ္တြင္က်ပ္ ၂၂ ဒသမ ၁၃ဘီလ်ံေက်ာ္ ၊ ၂၀၁၈ ခုႏွစ္တြင္ အဆိုး႐ြားဆုံးျဖစ္ခဲ့ၿပီးက်ပ္ ၁၁ ဘီလ်ံေက်ာ္ ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ ဇူလိုင္ကုန္အထိက်ပ္ ၆ ဘီလီယံေက်ာ္ ရရွိေနၿပီျဖစ္ေၾကာင္းစာရင္းမ်ားအရ သိရသည္။

စေတာ့အိတ္ခ်ိန္း သမိုင္းတစ္ေလၽွာက္ အဆိုး႐ြားဆုံးျဖစ္အေရာင္းအဝယ္ ျဖစ္ေပၚမႈမွာမတ္လတြင္ ၃၉၆၂ သိန္းအထိက်ဆင္းခဲ့ၿပီး ေမလတြင္က်ပ္ ၁ဒသမ ၄ဘီလ်ံအထိ ျပန္လည္ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ တစ္ဘီလီယံေက်ာ္ အေရာင္းအဝယ္ျဖစ္ေပၚမူသည္ ၂၀၁၈ ၊ ၂၀၁၉ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္ အျမင့္ဆုံးျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း စေတာ့အိတ္ခ်ိန္း၏ လအလိုက္စာရင္းဇယားမ်ား အရသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

စတော့အိတ်ချိန်းရောင်းဝယ်ယူမှုများ သြဂုတ်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှယ်ယာဈေးနှုန်းများ တစ်စုလျှင် လေးပုံတစ်ပုံခန့်အထိဈေးနှုန်းမြင့်တက်မှုခဲ့ကြောင်း ရန်ကုန်စတော့အိတ်စ်ချိန်း၏ စာရင်းဇယာများအရ သိရသည်။

သြဂုတ်လ ၁ ရက်နေ့က ရှယ်ယာတစ်စုလျှင် ကျပ် ၃၃၅၀ ကျပ်သာရှိခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်ရှယ်ယာ သည် ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကျပ် ၄၂၀၀ အထိမြင့်တက်ခဲ့ပြီး ကျန်ရှယ်ယာများသည်လည်းအနိမ့်ဆုံး ကျပ် ၂၀၀ မှ ကျပ် ၂၀၀၀လောက်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း YSX ၏စာရင်းများအရသိရသည်။

ပြီးခဲ့သည့်နှစ်က ကျပ်တစ်သောင်းဝန်းကျင်အထိ ကျဆင်းခဲ့သည့် FMI ရှယ်ယာသည် ဇွန်လ ၆ ရက်နေ့တွင် ကျပ် ၁၂၅၀ဝ အထိမြင့် တက်ခဲ့ပြီး မြန်မာနိုင်ငံသားများဘဏ်နှင့် သီလဝါအထူးစီးပွားရေးဇုန်ရှယ်ယာများသည် တစ်စုလျှင် ကျပ်၂၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့သည်။

အမြင့်မားဆုံးရှယ်ယာအရောင်းအဝယ်ဖြစ်မှုသည် မေလတွင် ၁ဒသမ၄ဘီလျံ အထိရှိခဲ့ပြီး ရှယ်ယာရောင်းဝယ်မှုမှာအမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။

စတော့အိတ်စ်ချိန်း၏နှစ်အလိုက်အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်တွင်ကျပ် ၇ဝဒသမ ၇၅ ဘီလျံခန့် ၊ ၂၀၁၇ ခုနှစ်တွင်ကျပ် ၂၂ ဒသမ ၁၃ဘီလျံကျော် ၊ ၂၀၁၈ ခုနှစ်တွင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီးကျပ် ၁၁ ဘီလျံကျော် နှင့် ၂၀၁၉ ခုနှစ်တွင် ဇူလိုင်ကုန်အထိကျပ် ၆ ဘီလီယံကျော် ရရှိနေပြီဖြစ်ကြောင်းစာရင်းများအရ သိရသည်။

စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်အရောင်းအဝယ် ဖြစ်ပေါ်မှုမှာမတ်လတွင် ၃၉၆၂ သိန်းအထိကျဆင်းခဲ့ပြီး မေလတွင်ကျပ် ၁ဒသမ ၄ဘီလျံအထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ တစ်ဘီလီယံကျော် အရောင်းအဝယ်ဖြစ်ပေါ်မူသည် ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း စတော့အိတ်ချိန်း၏ လအလိုက်စာရင်းဇယားများ အရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service