သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ငွေစက္ကူများလဲလှယ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1888 Views

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ငွေစက္ကူများလဲလှယ်ပေးမည်

### Zawgyi Version ###









### Unicode Version ###

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ငွေစက္ကူများကို လေးပုံသုံးပုံခန့်ကောင်းမွန်ပါကဗဟိုဘဏ်တွင်လာရောက်လဲလှယ်နိုင်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဌ (ငြိမ်း) ဦးသန်းလွင်ကပြောသည်။

“ ငွေစက္ကူတွေကို အများစုက မီးလောင်ရင်ဖြစ်ဖြစ် သဘာဝဘေးကြောင့်တခုခုပျက်စီးသွားရင် လူတွေကပစ်လိုက်ကြတာများတယ် အမှန်က လေးပုံသုံးပုံလောက်ကောင်းသေးရင် ဖြစ်တဲ့အပုံလိုက်လေးမလာပြီးလာလဲလို့ရတယ် ဗဟိုဘဏ်မှာအဲ့ဒါတွေကိုစစ်ဆေးလိုရတဲ့နည်းရှိတယ် ဒီလိုလဲရင်ကိုယ့်ငွေတွေမဆုံးရှုံးနိုင်ဘူး”ဟု ဦးသန်းလွင်ကရှင်းပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဟောင်းနွမ်းစုတ်ပြဲသည့်ငွေစက္ကူများပြန်လည် လဲလှယ်ပေးသည့် အစိုးရဘဏ်ခွဲပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀၀ကျော်ရှိကြောင်း ဗဟိုဘဏ်စာရင်းများအရသိရသည်။

ပျက်စီးငွေစက္ကူများလဲလှယ်ရာတွင် ထက်ပိုင်းပြတ်ပိုက်ဆံများမှအပ ပျက်စီးပိုက်ဆံများကို ဆုံးရှုံးမှုပုံစံအလိုက် ပြန်လည်လဲလှယ်မှုများပြုလုပ်နိုင်ပြီး သက်ဆိုင်ရာအစိုးရဘဏ်များတွင်လဲလှယ်ပါက ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ကြောင်းဗဟိုဘဏ်မှသိရသည်။

ထို့အပြင်ဗဟိုဘဏ်အနေဖြင့်ဟောင်းနွမ်းငွေစက္ကူလဲလှယ်မှုနှင့်ပတ်သတ်ပြီး ပြန်လည်အပ်နှံခြင်းကို ၂၈. ရက် ၆လ ၂၀၁၈ခုနှစ် ငွေကြေးညွန်ကြား လွှာ အမှတ် ၁/၂၀၁၈ နောက်ပိုင်း ဇူလိုင်လ ၃၁ရက်နေ့တွင် ပြန်လည်ညွန်ကြားမှုများပြုလုပ်ခဲ့သည်။

ထို့အပြင် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ကိုလည်းအများပြည်သူများကို ပြန်လည်ထုတ်ပေးသည့် ငွေများတွင် သုံးစွဲရန်မသင့်တော်သည့် ငွေများပါဝင်မှုမရှိစေရန်နှင့် ကောင်းမွန်သည့်ကငွေများထုတ်ပေးရန် ညွန်ကြားမှုများပြုလုပ်ခဲ့ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service