ျပည္တြင္း၌ Ease Of Doing Business ဖြံ႕ျဖိဳးလာေစရန္ ေဆာက္လုပ္ခြင့္ပါမစ္စနစ္သစ္ စတင္မည္ - Property News in Myanmar from iMyanmarHouse.com
665 Views

ျပည္တြင္း၌ Ease Of Doing Business ဖြံ႕ျဖိဳးလာေစရန္ ေဆာက္လုပ္ခြင့္ပါမစ္စနစ္သစ္ စတင္မည္

### Zawgyi Version ###

ျမန္မာနိုင္ငံ အတြင္း Ease Of Doing Business ဖြံ႕ျဖိဳးတိုးတက္လာေစေရး အညြန္းကိန္းမ်ားျမင့္တက္လာေစရန္ လိုအပ္သည့္ အေဆာက္အအံုေဆာက္လုပ္ခြင့္ပါမစ္စနစ္သစ္ကုိ IFC အကူအညီျဖင့္ စတင္လုပ္ေဆာင္လ်က္ရွိေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွသိရသည္။

လက္ရွိျမန္မာနိုင္ငံသည္ ၂၀၁၉ Doing Business အစီရင္ခံစာအရ စီးပြားေရးနိုင္ငံေပါင္း ၁၉၀ တြင္ ၁၇၁ ျဖင့္ရပ္တည္ေနေသာေၾကာင့္ အညြန္းကိန္းမ်ားတိုးတက္လာေစသည့္ အခ်က္ ၁၀ ခ်က္တြင္ပါသည့္ ေဆာက္လုပ္ခြင့္ ပါမစ္ျမန္ဆန္ေစေရးသည္ တစ္ခ်က္ျဖစ္သည့္အတြက္ အဆုိပါလုပ္ငန္းမ်ားကုိ international finance corporation ၏အေထာက္အပံျဖင့္ေဆာင္ရြက္ျခင္းျဖစ္သည္။

“ အျခားက႑မ်ားနဲ့နွိဳင္းယွဥ္ရင္ျမန္မာနိုင္ငံရဲ့ ေဆာက္လုပ္ေရး က႑က ၀င္ေငြအမ်ားဆံုးျဖစ္နိုင္တဲ့အလားအလာ ရွိတယ္။ ထိေရာက္ျမန္ဆန္ျပီးပြင့္လင္းျမင္သာမွဳရွိတဲ့ စနစ္ဟာ နိုင္ငံရဲ႕စီးပြားေရး၀န္းက်င္ေကာင္းတစ္ခုျဖစ္ဖို႕အေထာက္အကူျပဳေစမွာ” ဟုအျပည္ျပည္ဆိုင္ရာဘ႑ာေရးေကာ္ပုိေရးရွင္း၏ျမန္မာနိုင္ငံဆိုင္ရာမန္ေနဂ်ာ မစၥတာ ဗစ္ခရမ္ကူးမားကေျပာသည္။

ျမန္မာနိုင္ငံတြင္ ရန္ကုန္ျမိဳ႕ အေဆာက္အအံုဆိုင္ရာပါမစ္စနစ္ (YBPS) ကုိ ျပီးခဲ့သည့္ ဇူလိုင္လမွစတင္ကာ နွစ္ကုန္ပုိင္းအထိ စမ္းသပ္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း YCDC မွသိရသည္။

အဆိုပါစနစ္သည္ လက္ရွိတစ္နွစ္လွ်င္ အေစာင္ ၄၀၀၀ ခန္႕အသံုးျပဳေနသည့္ စာရြက္အသံုးျပဳမွဳ၏ ၉၀ ရာခိုင္နွဳန္း ကုိေလ်ာ့ခ်နိုင္မည္ျဖစ္ျပီး သာမန္ ၉၅ ရက္ၾကာျမင့္သည့္ လုပ္ငန္းမ်ားကုိ ၄၉ ရက္အျဖစ္ေျပာင္းလဲနိုင္မည္ဟု YCDC ၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။

IFC သည္ ၂၀၁၈ ခုနွစ္တြင္ YCDC နွင့္ပူးေပါင္းေဆာင္ရြက္မွဳစတင္ခဲ့ျပီး ရန္ကုန္ျမိဳ႕၏အေဆာက္အအံုေဆာက္လုပ္ခြင့္ပါမစ္ကုိ လုပ္ငန္းစဥ္ေျမပံုေရးဆြဲခဲ့ျခင္းျဖစ္သည္။ရန္ကုန္ျမိဳ႕ ေဆာက္လုပ္ေရးက႑မ်ားကုိေျဖရွင္းနိုင္မည့္ Customized တစ္ခုျဖစ္ေပၚလာရန္ လက္ေတြ႕အသံုးျပဳသူမ်ားနွင့္ ေလ့လာမွဳမ်ားျပဳလုပ္ခဲ့ေၾကာင္း IFC မွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံ အတွင်း Ease Of Doing Business ဖွံ့ဖြိုးတိုးတက်လာစေရေး အညွန်းကိန်းများမြင့်တက်လာစေရန် လိုအပ်သည့် အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်စနစ်သစ်ကို IFC အကူအညီဖြင့် စတင်လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

လက်ရှိမြန်မာနိုင်ငံသည် ၂၀၁၉ Doing Business အစီရင်ခံစာအရ စီးပွားရေးနိုင်ငံပေါင်း ၁၉၀ တွင် ၁၇၁ ဖြင့်ရပ်တည်နေသောကြောင့် အညွန်းကိန်းများတိုးတက်လာစေသည့် အချက် ၁၀ ချက်တွင်ပါသည့် ဆောက်လုပ်ခွင့် ပါမစ်မြန်ဆန်စေရေးသည် တစ်ချက်ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို international finance corporation ၏အထောက်အပံဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။

“ အခြားကဏ္ဍများနဲ့နှိုင်းယှဉ်ရင်မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍက ဝင်ငွေအများဆုံးဖြစ်နိုင်တဲ့အလားအလာ ရှိတယ်။ ထိရောက်မြန်ဆန်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်ဟာ နိုင်ငံရဲ့စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့အ ထောက်အကူပြုစေမှာ” ဟုအပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း၏မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာ ဗစ်ခရမ်ကူးမားကပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အဆောက်အအုံဆိုင်ရာပါမစ်စနစ် (YBPS) ကို ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ နှစ်ကုန်ပိုင်းအထိ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း YCDC မှသိရသည်။

အဆိုပါစနစ်သည် လက်ရှိတစ်နှစ်လျှင် အစောင် ၄၀၀၀ ခန့်အသုံးပြုနေသည့် စာရွက်အသုံးပြုမှု၏ ၉၀ ရာခိုင်နှုန်း ကိုလျော့ချနိုင်မည်ဖြစ်ပြီး သာမန် ၉၅ ရက်ကြာမြင့်သည့် လုပ်ငန်းများကို ၄၉ ရက်အဖြစ်ပြောင်းလဲနိုင်မည်ဟု YCDC ၏ သတင်းအချက်အလက်များအရသိရသည်။

IFC သည် ၂၀၁၈ခုနှစ်တွင် YCDCနှင့်ပူးပေါင်းဆောင်ရွက်မှုစတင်ခဲ့ပြီး ရန်ကုန်မြို့၏အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်ကို လုပ်ငန်းစဉ်မြေပုံရေးဆွဲခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့ ဆောက်လုပ်ရေးကဏ္ဍများကိုဖြေရှင်းနိုင်မည့် Customized တစ်ခုဖြစ်ပေါ်လာရန် လက်တွေ့အသုံးပြုသူများနှင့် လေ့လာမှုများပြုလုပ်ခဲ့ကြောင်း IFC မှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service