ရန်ကုန်ဘက်ခြမ်းဧရိယာတွင် မြစ်ကူးတံတားစီမံကိန်းကြောင့် မလွတ်ကင်းသော နေရာအချို့အားဖျက်သိမ်ခြင်း၊ရွှေ့ပြောင်းခြင်းများပြုလုပ်ရန် ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
940 Views

ရန်ကုန်ဘက်ခြမ်းဧရိယာတွင် မြစ်ကူးတံတားစီမံကိန်းကြောင့် မလွတ်ကင်းသော နေရာအချို့အားဖျက်သိမ်ခြင်း၊ရွှေ့ပြောင်းခြင်းများပြုလုပ်ရန် ညှိနှိုင်းနေ

### Zawgyi Version ###







 

### Unicode Version ###

ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် မလွတ်ကင်းသော ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၊ ကုန်သိုလှောင်ရုံတစ်ခုနှင့် အများသုံးအိမ်သာတအချို့ကို ရွှေ့ပြောင်းနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့်ကို ကိုရီးယားနိုင်ငံမှ GS Engineering & Construcion ကုမ္ပဏီကတင်ဒါ အောင်မြင်ထားပြီး ယင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ပန္နက်တင်အခမ်းအနားအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများစတင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ပင်မတံတားပုံစံအား ကိုရီးယားအကြံပေး ကုမ္ပဏီမှ ရေးဆွဲခဲ့ပြီး ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာ နှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။

ယင်းတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service