လှည်းကူးစက်မှုဇုန်စီမံကိန်း ကိုရီးယားနဲ့ သဘောတူလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
6051 Views

လှည်းကူးစက်မှုဇုန်စီမံကိန်း ကိုရီးယားနဲ့ သဘောတူလက်မှတ်ရေးထိုး

### Zawgyi Version ###








 

### Unicode Version ###

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ရှိတဲ့ မြေဧကငါးရာကျော်ပေါ်မှာ KMIC Industrial Complex စီမံကိန်း ဆောင်ရွက်ဖို့ မြန်မာနဲ့ ကိုရီးယားနိုင်ငံတို့အကြား သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီစက်မှုဇုန်ကနေ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ တွေမှာ အထောက်အပံ့ဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားပို့ကုန်ကဏ္ဍ ၊ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ မြှင့်တင်ပေးနိုင်ပြီး လူမှု့စီးပွားဖွံဖြိုးရေးအတွက်ပါ အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း စက်မှုဇုန် အောင်မြင်ရေးအတွက် ဇုန်ပြင်ပ အခြေခံအဆောက်အအုံတွေအတွက် နှစ်နိုင်ငံအစိုးရတွေက သဘောတူခွင့်ပြုပြီးဖြစ်တဲ့ ကိုရီးယား EDCF ချေးငွေနဲ့ တည်ဆောက်ပြီးလိုအပ်တာတွေကို ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကိုရီးယားနိုင်ငံအစိုးရဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလ ချစ်ကြည်ရေးတံတားတည်ဆောက်ရေး ၊ KMIC စက်မှုဇုန်ထူထောင်ရေးအတွက်သာမက အခြားသောကဏ္ဍစုံမှာလည်း ကူညီမှုတွေပေးနေတာပါ။ ဒီစက်မှုဇုန်ကိုပြုလုပ်ဖို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဇူလိုင် ၁၂ ရက်က တင်ပြခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

ဒါ့အပြင် မေလ ဒုတိယပတ်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၉ မှာလည်း စိတ်ဝင်စားမှုအဆိုပြုလွှာ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service